ဝိတ်ချသူအများစုကတော့ ပန်းသီးရှာလကာရည်သောက်ခြင်းရဲ့ အကျိုးကျေးဇူးသိကြပါတယ်။ တကယ်တော့ ပန်းသီးရှာလကာရည်ဟာ ဝိတ်ကျရုံတင်မကပဲ ခန္ဓာကိုယ်အတွက် တခြားသောကျန်းမာရေးအကျိုးကျေးဇူးများစွာလည်း ရရှိစေပါတယ်။ ဒီနေ့ဆောင်းပါးလေးမှာတော့ လူသိနည်းတဲ့ ပန်းသီးရှာလကာရည်သောက်ပေးခြင်းရဲ့ အကျိုးကျေးဇူးတွေအကြောင်းမျှဝေပေးချင်ပါတယ်။
(၁) အစာချေစနစ်ကိုကောင်းမွန်စေတယ်
Source : Daily Express
ပန်းသီးရှာလကာရည်သောက်သုံးပေးခြင်းက သင့်ရဲ့အစာခြေစနစ်ကို စနစ်တကျအလုပ်လုပ်နိုင်ရန် အထောက်အကူဖြစ်စေပြီး အစာအိမ်နှင့် အူလမ်းကြောင်းကျန်းမာရေးကိုကောင်းမွန်စေပါတယ်။ ဒါ့အပြင် အူလမ်းကြောင်းတလျောက်က အန္တရာယ်ရှိတဲ့ ဘက်တီးရီးယားတွေကိုတိုက်ထုတ်ပေးပြီး အစာမကြေခြငး ရင်ပြည့်ခြင်းစတဲ့ အစာအိမ်နှင့်သက်ဆိုင်တဲ့ကျန်းမာရေးပြဿနာတွေကို ကာကွယ်ပေးပါတယ်။
(၂) ကိုယ်ခံအားကောင်းစေတယ်
Source : Change Your Energy
ကာကွယ်ခြင်းက ကုသခြင်းထက်ပိုကောင်းပါတယ်။ သင့်ရဲ့ကိုယ်ခံအားစနစ်ကောင်းမွန်အောင် ကာကွယ်ခြင်းက သင့်ခန္ဓာကိုယ်တွင်းသို့ ကူးစက်ရောဂါပိုးများ ဝင်ရောက်နိုင်ချေကိုအထိရောက်ဆုံး လျော့ချပေးမှာဖြစ်ပါတယ်။ ပန်းသီးရှာလကာရည်သောက်သုံးခြင်းက ခန္ဓာကိုယ် ကိုယ်ခံအားစနစ်ကို မြင့်တင်ပေးတာကြောင့် ကူးစက်ရောဂါနှင့် ဖျားနာခြင်းတွေကိုကာကွယ်ပေးမှာဖြစ်ပါတယ်။
(၃) သွေးတွင်းသကြားဓာတ်ပမာဏကိုလျော့ကျစေတယ်
Source : The Business Journals
သုတေသနပြုချက်တွေအရ ပန်းသီးရှာလကာရည်သောက်ခြင်းဟာ သွေးတွင်းသကြားဓာတ်ပမာဏကိုလျော့ကျစေတယ်လို့ ဆိုပါတယ်။ နောက်ထပ်လေ့လာမှုတစ်ခုအရ ဆီးချိုရောဂါရှိသူများအနေနဲ့ အိပ်ရာမဝင်မီမှာ ပန်းသီးရှာလကာရည် ၂ ဇွန်းခန့် သောက်ပေးခြင်းဟာ နောက်တနေ့ မနက်တွင်သွေးတွင်းသကြားဓာတ်ကို ၄ ရာခိုင်နှုန်း လျော့ကျစေမှာဖြစ်ပါတယ်။ ဒါကြောင့်လက်ရှိမှာသွေးတွင်းသကြားဓာတ်များလို့ဆေးဝါးမှီဝဲနေရသူတွေနဲ့ ဆီးချိုဝေဒနာရှင်တွေအနေနဲ့ ပန်းသီးရှာလကာရည်ကိုသောက်သုံးပေးသင့်ပါတယ်။
(၄) ကိုယ်အလေးချိန်ကျဆင်းစေတယ်
Source : HelpGuide.org
ပန်းသီးရှာလကာရည်မှာ ကယ်လိုရီပါဝင်မှုအရမ်းကိုနည်းတာကြောင့် ကိုယ်အလေးချိန်လျော့ချနေသူတွေအတွက် သောက်သုံးပေးသင့်တဲ့ သောက်စရာတမျိုးဖြစ်ပါတယ်။ ပန်းသီးရှာလကာရည်သောက်တဲ့အခါ အစားစားချင်စိတ်ကိုလျော့နည်းစေပြီး အချိန်ကြာမြင့်စွာ ဆာလောင်မွတ်သိပ်မှုဒဏ်ကိုခံနိုင်တာကြောင့် ကိုယ်အလေးချိန်ကျဆင်းစေဖို့အတွက် ကူညီပေးပါတယ်။