ကော်ဖီသည် ကမ္ဘာပေါ်တွင် လူကြိုက်အများဆုံး ဖျော်ရည်တစ်ခုဖြစ်ပြီး သူ့မှာပါဝင်တဲ့ Antioxidants များ အာဟာရဓာတ်များကြောင့် ကျန်းမာရေးအတွက် များစွာအကျိုးပြုနိုင်ပါတယ်။ လေ့လာတွေ့ရှိချက်များအရ ကော်ဖီသောက်သုံးခြင်းကြောင့် ရောဂါဘယများ ခံစားရခြင်းကို လျော့ပါးသက်သာစေတယ်လို့ သိရှိရပါတယ်။

ကော်ဖီသောက်သုံးခြင်းကြောင့် ခံစားရရှိမယ့် အကျိုးကျေးဇူးများကတော့ …

စွမ်းအင်တိုးမြှင့်စေခြင်း

man holding coffee cup; benefits of drinking coffee for men

ကော်ဖီထဲမှာပါဝင်တဲ့ ကာဖိန်းဓာတ်ကြောင့် စွမ်းအင်များကို တိုးမြှင့်စေပြီး ပင်ပန်းနွမ်းနယ်မှုကို ပြေလျော့စေပါတယ်။ လေ့လာတွေ့ရှိချက်များအရ ကော်ဖီသောက်သုံးခြင်းက ဦးနှောက်စွမ်းဆောင်ရည်ကို မြင့်မားစေပြီး စိတ်ခံစားချက်များကို ကောင်းမွန်စေတယ်လို့ သိရှိရပါတယ်။

အဆီပိုများကို လောင်ကျွမ်းစေခြင်း

weight loss man; benefits of drinking coffee for m en

ကာဖိန်းဓာတ်က အဆီပိုများကို လောင်ကျွမ်းစေပြီး ဝိတ်ချရာမှာ အကူအညီဖြစ်စေနိုင်တယ်လို့ လေ့လာချက်များအရ သိရှိရပါတယ်။ အခြားသော လေ့လာချက်တစ်ခုအရ အဝလွန်သူများအတွက် ကော်ဖီသောက်သုံးခြင်းသည် အဆီပိုလောင်ကျွမ်းမှုကို ၁၀ ရာခိုင်နှုန်းခန့် ပိုမိုမြန်ဆန်စေတယ်လို့ သိရှိရပါတယ်။

ကာယလေ့ကျင့်ခန်းများ၊ ကာယလုပ်ငန်းများကို များများပြုလုပ်နိုင်ခြင်း

man doing exercise at home; benefits of drinking coffee for men

ကာဖိန်းဓာတ်က အဆီပိုများကို ဖြိုကွဲပြီး လောင်စာအဖြစ် သုံးစွဲနိုင်အောင် ကူညီပေးတာကြောင့် အားကစားပြုလုပ်မယ့်သူများနှင့် ကာယလုပ်ငန်းများ မပြုလုပ်ခင်မှာ မိနစ် ၃၀ ခန့် ကြိုတင်သောက်သုံးပေးခြင်းက သင့်ရဲ့ကာယစွမ်းဆောင်ရည်ကို တိုးမြှင့်စေပါလိမ့်မယ်။

အသည်းကျန်းမာရေးအတွက် ကောင်းမွန်စေခြင်း

man holding coffee cup; benefits of drinking coffee for men

သင့်အသည်းသည် ခန္ဓာကိုယ်အတွက် မရှိမဖြစ်အရေးပါသော အင်္ဂါအစိတ်အပိုင်းတစ်ခုဖြစ်ပြီး အသည်းအဆီဖုံးခြင်းနှင့် အသည်းရောဂါများမှ ကာကွယ်ရန် အထူးအရေးကြီးပါတယ်။ ကော်ဖီကို တစ်နေ့လျှင် ၄ ခွက်နှင့် အထက် သောက်သုံးသူများသည် အသည်းရောဂါ ခံစားရခြင်းမှ ၈၀ ရာခိုင်နှုန်းခန့် ကြိုတင်ကာကွယ်နိုင်ပါတယ်။

စိတ်ကျရောဂါကို တိုက်ဖျက်ပေးနိုင်ခြင်း

man drinking coffee at night; benefits of drinking coffee for men

စိတ်ဖိစီးမှုနှင့် စိတ်ကျရောဂါမှ ကာကွယ်ဖို့ရန်အတွက်လည်း ကော်ဖီက ကူညီနိုင်ပါသေးတယ်။ လူသားတိုင်း စိတ်ကျန်းမာနေမှ စိတ်သွားတိုင်း ကိုယ်ပါပြီး လုပ်ငန်းဆောင်တာများကို အကောင်းဆုံးလုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ လေ့လာချက်တစ်ခုအရ ကော်ဖီကို တစ်နေ့လျှင် ၄ ခွက်နှင့်အထက် သောက်သုံးသူများသည် မိမိကိုယ်ကို သတ်သေခြင်းမှ ၅၃ ရာခိုင်နှုန်းခန့် တားဆီးပေးနိုင်တယ်လို့ သိရှိရပါတယ်။

Photo Source: Freepik.com

Source: Brightside.me