ဝိုင်မှာ မူးယစ်စေတဲ့ ဓာတ်ပါဝင်မှုရှိပေမယ့် အတော်အသင့်သောက်သုံးခြင်းက ကောင်းမွန်တဲ့ အကျိုးကျေးဇူးတွေ ပေးနိုင်တာကိုတွေ့ရပါတယ်။ အထူးသဖြင့်ဝိုင်နီသောက်သုံးခြင်းက နှလုံးရဲ့လုပ်ဆောင်မှုနဲ့ သွေးပေါင်ချိန်ကို တိုးတက်စေပြီးနှလုံးသွေးကြောဆိုင်ရာရောဂါ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။ အခုပြောပြပေးမှာက ဝိုင်နီသောက်သုံးခြင်းကနေ ဘယ်လိုကျန်းမာရေးအကျိုးကျေးဇူးတွေရနိုင်လဲဆိုတာ ပြောပြပေးမှာ ဖြစ်ပါတယ်။

(၁) အူလမ်းကြောင်းကို ကျန်းမာစေတယ်

Source : Mental Floss

လေ့လာမှုတခုအရ အနီရောင်ဝိုင်နဲ့ စပျစ်သီးတွေကရတဲ့ ပိုလီဖီနောဓါတ်ဟာ အူလမ်းကြောင်းတလျှောက် အစာခြေဘက်တီးရီးယားတွေရဲ့ လုပ်ဆောင်မှုကို မြှင့်တင်ပေးပြီး အူလမ်းကြောင်းအစာခြေစနစ်ကို ကောင်းမွန် စေပါတယ်။ ဒါ့အပြင် သုတေသီတွေရဲ့ အကြံပြုချက်အရ ဝိုင်နီကနှလုံးရောဂါအန္တရာယ်ကိုလဲ လျှော့ချပေးနိုင်တယ်လို့ဆိုပါတယ်။

(၂) သွေးပေါင်ချိန်ကို လျော့ကျစေတယ်

Source : The Guardian

American Heart Association (AHA) ရဲ့အဆိုအရ စပျစ်ဝိုင်က သွေးပေါင်ချိန်ကိုကျစေပြီး ကောင်းတဲ့ကိုလက်စထရောအဆင့်ကို မြင့်စေနိုင်တယ်လို့ဆိုပါတယ်။ ပုံမှန်အားဖြင့် အဖျော်ယမကာအဖြစ် ထုတ်လုပ်ခဲ့သော်လည်း အသင့်အတင့်သောက်သုံးခြင်းက သွေးပေါင်ချိန်ကို လျှော့ချပေးနိုင်ပါတယ်။ သို့သော် အယ်လ်ကိုဟောပါဝင်တဲ့အတွက် အလွန်အကျွံသောက်သုံးတဲ့အခါ သွေးပေါင်ချိန်မြင့်တာ နှလုံးခုန်မမှန်တာတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။

(၃) ကင်ဆာဖြစ်နိုင်ခြေကို လျော့ချပေးတယ်

Source : FOX59.com

အချို့သော သုတေသနပြုချက်တွေအရ ဝိုင်နီကိုပုံမှန်သောက်တာက တချို့သောကင်ဆာရောဂါတွေ ဖြစ်နိုင်ခြေကို လျော့နည်းစေနိုင်တယ်လို့ ဆိုပါတယ်။ စပျစ်ဝိုင်မှာ အီစတိုဂျင်ဟော်မုန်းကိုကျစေပြီး အမျိုးသမီးတွေသွေးဆုံး ချိန်မှာလိုအပ်တဲ့ တက်စတိုနင်ဟော်မုန်းကိုတိုးစေနိုင်တဲ့အတွက် ရင်သားကင်ဆာဖြစ်ပွားမှုနှုန်းကိုလျော့ နည်းစေနိုင်ပါတယ်။

(၄) ဦးနှောက်ကျန်းမာရေးကို အထောက်အကူပြုတယ်

Source : Vincarta

ပိုလီဖီနောရဲ့ဓါတ်တိုးဆန့်ကျင်ပစ္စည်းနဲ့ ရောင်ရမ်းခြင်းကိုဆန့်ကျင်သော ဂုဏ်သတ္တိတွေကြောင့် ဝိုင်နီက ဦးနှောက်ကျန်းမာရေးကို အထောက်အကူပြုနိုင်တယ်လို့ဆိုပါတယ်။ ၂၀၁၅ခုနှစ်က ဝိုင်နီနဲ့ ကြွက်တွေကို စမ်းသပ်ခဲ့တဲ့ စမ်းသပ်ချက်တခုမှာတော့ လေးပတ်တာအတွင်းမှာကြွက်တွေရဲ့သင်ယူမှုနဲ့ မှတ်ဉာဏ်တိုးတက်လာတာကိုတွေ့ရတယ်လို့ဆိုပါတယ်။ ဒါပေမယ့်လည်း အယ်လ်ကိုဟောအလွန်အကျွံသောက်သုံးတာက မလိုလားအပ်တဲ့ အကျိုးသက်ရောက်မှုတွေ ရှိစေနိုင်တဲ့အတွက် အလွန်အကျွံသောက်သုံးခြင်းက ဦးနှောက်ကိုပျက်ဆီးစေနိုင်ပါတယ်။