တစ်နေ့ကို ပန်းသီးတစ်လုံး ပုံမှန်စားပေးရင် ဆရာဝန်ပြစရာမလိုဘူးဆိုတဲ့ စကားကြားဖူးကြမယ်ထင်ပါတယ်။ ပန်းသီးမှာ လူတွေကိုအကျိုးပြုတဲ့ အာဟာရဓာတ်တွေ အများကြီးပါဝင်နေပါတယ်။ ဒီနေ့ kwee page က ပန်းသီးကနေ ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေ အကြောင်းပြောပြပေးသွားမှာပါ။

ကိုယ်အလေးချိန် ထိန်းပေးတယ်

Source: Harvard-Health-Harvard-University

ဝိတ်ချဖို့ ကြိုးစားနေတဲ့အချိန်အတွင်း ပန်းသီး စားပေးပါက ပန်းသီးမစားတဲ့ လူတွေထက် ပိုပြီး ဝိတ်ကျတာမြန်ဆန်ကြောင်းကို ကျွမ်းကျင်သူတွေက လေ့လာတွေ့ရှိထားပါတယ်။ ဒါ့ကြောင့် ပန်းသီးဟာ Gym ကစားနေသူတွေအတွက် စားပေးသင့်တဲ့ အသီးဖြစ်ပါတယ်။

အယ်လ်ဇိုင်းမား ရောဂါဖြစ်ပွားခြင်းကို လျှော့ကျစေတယ်

Source: Healthline

သိပ္ပံပညာရှင်တွေရဲ့ လေ့လာချက်အရ ပန်းသီးမှာ ပါဝင်တဲ့ quercetin ဒြပ်ပေါင်းဟာ ဦးနှောက်ဆဲလ်များရှိ Free radical များ ပျက်စီးခြင်းမှ ကာကွယ်ပေးတယ်လို့ဆိုထားပါတယ်။ ဒါ့ကြောင့် ပန်းသီးစားပေးခြင်းက အယ်လ်ဇိုင်းမား ရောဂါ ဖြစ်ပွားမှုလျော့ကျစေပါတယ်။

အူမကြီး ကင်ဆာဖြစ်ပွားမှုမှ ကာကွယ်ပေးတယ်

Source: Healthline

သိပ္ပံပညာရှင်တွေက ကြွက်များကို ပန်းသီး ဖျော်ရည် တိုက်ကျွေးခဲ့ပြီး စမ်းသပ်ခဲ့ရာမှာ အဆိုပါကြွက်များတွင် အူမကြီး ကင်ဆာ ဖြစ်ပွားမှုမှ (၄၃) ရာခိုင်နှုန်းအထိ ကာကွယ်မှုပေးကြောင်း လေ့လာတွေ့ရှိရပါတယ်။ ပန်းသီးရှိ Pectin ဒြပ်ပေါင်းဟာ အူလမ်းကြောင်းတစ်လျှောက်ရှိ အစာခြေစနစ်ကို အထောက်အကူပြုရုံမက အူမကြီးကင်ဆာဖြစ်ပွားမှုကို ထိန်းချုပ်ပေးပါတယ်။

ပန်းနာ ရင်ကျပ် ရောဂါ မှကာကွယ်ပေးတယ်

Source: Healthline

ပန်းသီး ဖျော်ရည် ကို နေ့စဉ် သောက်သုံးသော ကလေးများသည် တစ်လတစ်ကြိမ်သာ သောက်သော ကလေးများထက်ပန်းနာဝေဒနာ ခံစားရမှုမှလျော့နည်းစေတာကို ကျွမ်းကျင်သူတွေက လေ့လာတွေ့ရှိထားပါတယ်။

ကိုလက်စထရော ကျဆင်းစေတယ်

Source: The Conversation

တစ်နေ့လျှင် ပန်းသီး နှစ်လုံးခန့် စားသုံးပါက သွေးတွင်း အဆီဓာတ် ကို (၁၆) ရာခိုင်နှုန်းအထိ လျော့နည်းစေနိုင်ကြောင်း သိရပါတယ်။