လူတော်တော်များများဟာ ငါးစားရမှာ မကြိုက်ကြပါဘူး။ အထူးသဖြင့် ထမင်းကို မြန်မြန်နဲ့များများစားတက်သူတွေ အများစုက ငါးကိုမကြိုက်ကြပါဘူး။ ဘာလို့လဲဆိုတော့ ငါးအရိုးစူးမှာကို ကြောက်ကြလို့ပါ။ တကယ်တော့ ငါးက ခန္ဓာကိုယ်အတွက် အလွန်အကျိုးရှိတာကြောင့် လူတိုင်းစားသုံးပေးသင့်ပါတယ်။ အခု kwee page ကငါးစားခြင်းကနေ ရနိုင်တဲ့ အကျိုးကျေးဇူးတွေကို ပြောပြပေးသွားမှာပါ။

အမြင်အာရုံအတွက်ကောင်းတယ်

Source: Medical News Today

အသက်အရွယ်ရလာတာနဲ့အမျှ အမြင်အာရုံက တဖြည်းဖြည်း အားနည်းလာတက်ပါတယ်။ ငါးမှာပါတဲ့ omega-3 fatty acid က ဒါကိုလျှော့ချ ပေးပါတယ်။ ငါးပုံမှန်စားသုံးပေးမယ်ဆိုရင် အမြင်အာရုံထိခိုက်တာကို (၄၂) ရာခိုင်နှုန်းအထိကျဆင်းစေနိုင်သလို အမြင်အာရုံဆိုင်ရာကြွက်သားတွေထိခိုက်နိုင်ခြေကိုလည်း (၅၃) ရာခိုင်နှုန်းအထိကျဆင်းစေနိုင်ပါတယ်။ လူကြီးတွေမှာ အမြင်အာရုံထိခိုက်တာမဖြစ်စေဖို့  တစ်ပတ်တစ်ကြိမ်လောက် ငါးကျွေးပေးပါ။

နှလုံးရောဂါမဖြစ်အောင် ကာကွယ်ပေးတယ်

Source: One Medical

လေ့လာမှုတွေအရ တစ်ပတ်ကိုတစ်ကြိမ်ပုံမှန် ငါးစားသုံးတဲ့သူတွေက ပုံမှန်ထက် နှလုံးရောဂါဖြစ်နိုင်ခြေ (၅၀) ရာခိုင်နှုန်းလျှော့နည်းနေတယ်လို့ ဆိုထားပါတယ်။ ငါးလုံးဝမစားသူတွေက ရံဖန်ရံခါ ငါးစားသူတွေထက် နှလုံးရောဂါဖြစ်နိုင်ခြေ (၃၀) ရာခိုင်နှုန်းခန့်ပိုများနေကြောင်း ကျွမ်းကျင်သူတွေက ပြောထားပါတယ်။ ငါးမှာပါတဲ့ omega-3 fatty acid က နှလုံးရောဂါခံစားရနိုင်ခြေကို လျှော့ကျစေပါတယ်။

Alzheimer’s ဖြစ်နိုင်ခြေကို လျှော့ကျစေတယ်

Source: kmedise

တစ်ပတ်မှာ တစ်ကြိမ်လောက် ငါးစားသုံးပေးခြင်းက ဦးနှောက်နဲ့မှတ်ဉာဏ်စွမ်းရည်ကိုကောင်းမွန်စေနိုင်ပါတယ်။ ငါးကို ကြော်စားတာထက် ဟင်းချက်စားတာ၊ ပေါင်းစားတာက ကျန်းမာရေးနဲ့ပိုသင့်တော်ပါတယ်။ ငါးက ဦးနှောက်ဆဲလ်တွေကို ကျန်းမာစေနိုင်ပါတယ်။

ညဘက်ကောင်းမွန်စွာ အိပ်ပျော်စေတယ်

Source: Viral Rang

လူတော်တော်များများဟာ ညဖက်အိပ်မပျော်တဲ့ ဝေဒနာကို ခံစားနေကြရပါတယ်။ ဒီလို့ဖြစ်ရခြင်းဟာ အလုပ်ပင်ပန်းခြင်းကြောင့် (သို့) စိတ်ဖိစီးမူကြောင့် စသဖြင့် အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။  ခန္ဓာကိုယ်ထဲမှာ ဗီတာမင် ဒီ နည်းရင်လည်း အိပ်မပျော်တာဖြစ်စေနိုင်ပါတယ်။ တစ်ပတ်မှာ ဆယ်လ်မွန်ငါး (၃) ကြိမ်ထက်ပိုစားသုံးပေးမယ်ဆိုရင် ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ဗီတာမင် ဒီ ကိုရရှိမှာဖြစ်ပါတယ်။

လေဖြတ်နိုင်ခြေကို လျော့နည်းစေတယ်

Source: Healthline

ငါးစားတာက လေဖြတ်နိုင်ခြေကို ကျဆင်းစေပြီး ဦးနှောက်ကိုကျန်းမာစေနိုင်ပါတယ်။ ငါးမှာပါတဲ့ omega-3 fatty acid က လေဖြတ်နိုင်ခြေကို ကျဆင်းစေနိုင်ပါတယ်။ ငါးစားသုံးပေးခြင်းဟာ ခန္ဓာကိုယ်အတွက် အလွန်အကျိုးရှိတာကြောင့် တစ်ပက်ကို (၂) ကြိမ်ခန့် စားပေးဖို့ အကြံပြုပါရစေ။