တစ်​ချို့မြို့ကြီးပြကြီးတွေမှာ ကြီးပြင်းလာတဲ့လူတွေအနေနဲ့ ဒရင်ကောင်ပင် (အင်္ဂလိပ်အခေါ် Fiddlehead) ကို ရင်းနှီးမယ်မထင်ပါဘူး။ ဒရင်ကောင်ပင်ဟာ နူးညံ့ပြီး အရွက်ရဲ့ထိပ်မှာ အခွေအလိပ်လေးရှိတဲ့ ဖန်းပင်တစ်မျိုးပါ။ ဒရင်ကောက်ပင်မှာ ဗီတာမင်အေ၊ ဗီတာမင်စီ နဲ့ omega 3 တို့ ကြွယ်ဝစွာပါရှိတာကြောင့် ကျန်းမာရေးအတွက်များစွာ အထောက်အကူပြုနိုင်ပါတယ်။ ဒီနေ့ kwee page က ဒရင်ကောင်ပင်စားခြင်းမှ ရရှိနိုင်မယ့် အကျိုးကျေးဇူးတွေအကြောင်း ပြောပြပေးသွားမှာပါ။

ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်ကို တိုးမြှင့်ပေးနိုင်တယ်

Source: Yankee magazine

ဒရင်ကောက် (၁၀၀) ဂရမ်မှာ မဂ္ဂနီဆီယမ် (၂၆)ရာခိုင်နှုန်းပါ၀င်ပါတယ်။ မဂ္ဂနီဆီယမ်ဟာ သွေးထဲမှာရှိတဲ့ သကြားဓာတ်၊ ခန္ဓာကိုယ်ဇီဝဖြစ်စဉ်နဲ့ သိုင်းရွိုက်ဂလင်းတွေရဲ့ လုပ်ငန်းဆောင်တာတွေကို ထိန်းချုပ်ပေးတဲ့ အင်ဇိုင်းဓာတ်တွေအတွက် အလွန်ပင်အရေးပါလှပါတယ်။

မျက်လုံးကျန်းမာရေးအတွက် ကောင်းတယ်

Source: Pinterest – Philippines

အမြင်အာရုံကို တိုးတက်စေပြီး မျက်လုံးအမြင်အာရုံ ယိုယွင်းခြင်းကို ကာကွယ်ပေးနိုင်တဲ့ ဗီတာမင်အေ လုံလောက်စွာ ပါရှိပါတယ်။ မုန်လာဥနီလိုပဲ ဒရင်ကောက်ဟာလဲ မျက်လုံးကျန်းမာရေးအတွက် လက်စွဲထားသင့်တဲ့ ဆေးဖက်ဝင် အပင်တစ်မျိုးပါပဲ။

ကင်ဆာရောဂါ ဖြစ်ပွားမှုကို လျှော့ချပေးတယ်

Source: DArtagan-Foods

ဒရင်ကောင်မှာတွေ့ရတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း beta-carotene ဟာ ကင်ဆာဖြစ်ပွားနှုန်းကို လျော့ကျစေနိုင်ပါတယ်။ သုတေသနတွေအရ တစ်နေ့ကို beta-carotene 1.7 ကနေ 2.7 မီလီဂရမ်ထိ သောက်သုံးတဲ့သူတွေဟာ အဆုတ်ကင်ဆာဖြစ်ပွားနှုန်းကို (၄၀) ရာခိုင်နှုန်းအထိ လျော့ချပေးနိုင်တယ်လို့ သိရှိရပါတယ်။

ဝိတ်ချတဲ့နေရာမှာ အသုံးဝင်တယ်

Source: Hobby Farms

အာဟာရဓာတ်ပါ၀င်မှုမြှင့်မားတဲ့ ဒရင်ကောက်ပင် (၁၀၀) ဂရမ် မှာ (၃၄) ကယ်လိုရီသာပါ၀င်ပါတယ်။ သူ့ထဲမှာ ပါရှိတဲ့ အမျှင်ဓာတ်က ဦးနှောက်တွင်းရှိ အစာစားချင်စိတ်ကို လှုံဆော်ပေးတဲ့ ghrelin ဟော်မုန်းကို တားဆီးပေးပါတယ်။ ဒါ့ကြောင့် ဝိတ်ချနေသူတွေအတွက် အကောင်းဆုံး ဟင်းခွတ်တွေထဲက တစ်ခုဆိုလည်း မမှားပါဘူး။