နို့ဆိုတာနဲ့ လူအများက နွားနို့ကိုပဲ ပြေးမြင်ကြပါတယ်။ ဒါပေမယ့် နွားနို့အပြင် ဆိတ်နို့၊ ကျွဲနို့တွေလည်း သောက်သုံးလို့ရပါတယ်။ ဆိတ်နို့သောက်ဖူးတဲ့ လူတော်တော်များများဟာ နွားနို့ထက် ဆိတ်နို့က ပိုကောင်းကြောင်း ပြောကြပါတယ်။ ဆိတ်နို့ဟာ အရသာဆိမ့်ပြီး အရသာရှိလှပါတယ်။ အာရသာရှိတဲ့အပြင် ဆိတ်နို့မှာ လူ့ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေအများကြီး ပါဝင်နေပါတယ်။

ဒီနေ့ kwee page ကဆိတ်နို့သောက်ခြင်းမှ ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေ အကြောင်းပြောပြပေးသွားမှာပါ။

ကိုယ်ခံအားကောင်းစေတယ်

Source: Happy body formula

ဆိတ်နို့မှာ ဆီလီနီယမ်ပါဝင်မှုနှုန်းက နွားနို့ထက်ပိုများပါတယ်။ ဒီဓာတ်က ကိုယ်ခံအားကောင်းစေဖို့အတွက် အရေးပါတဲ့ ဓာတ်တစ်ခုပါ။ ခန္ဓာကိုယ်ကို ဖျားနာမှုတွေကင်းဝေးအောင်လုပ်ဆောင်ပေးပြီး ကူးစက်ရောဂါပိုးတွေကနေ ကာကွယ်ပေးပါတယ်။

အစာခြေစနစ်ကောင်းမွန်စေတယ်

Source: Stylecraze

ဇီဝကမ္မဖြစ်စဉ်တွေကို အကောင်းဆုံးလည်ပတ်နိုင်အောင်လုပ်ဆောင်ပေးပါတယ်။ အစာခြေစနစ်ကို ကျန်းမာစေပြီး ဝမ်းချုပ်တာ၊ လေပွတာလိုမျိုး အစာခြေစနစ်ပြဿနာတွေကင်းဝေးစေနိုင်ပါတယ်။

နှလုံးကျန်းမာရေး

Source: Healthy Home Economist

ဆိတ်နို့မှာပါတဲ့ Fatty Acids ကခန္ဓာကိုယ်အတွက် အကျိုးပြုပြီး သွေးတွင်းကိုလက်စထရောပမာဏတိုးတာမျိုးလည်း မဖြစ်စေနိုင်ပါဘူး။ လေဖြတ်တာ၊ ရုတ်တရက်နှလုံးရပ်တာ နဲ့ အခြားသောနှလုံးသွေးကြောဆိုင်ရာ ရောဂါတွေမခံစားရအောင် ကာကွယ်ပေးပါတယ်။

အရိုးသန်မာစေတယ်

Source: Good Housekeeping

ဆိတ်နို့ဟာလည်း နွားနို့တွေလိုပဲ ကယ်လ်ဆီယမ်ပါဝင်နေတာကြောင့် အရိုးတွေကို သန်မာစေနိုင်သလို အရိုးပွရောဂါမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။ ဆိတ်နို့က နွားနို့ထက် ကယ်လ်ဆီယမ်ပါဝင်မှုများပြီး ဘေးထွက်ဆိုးကျိုးလုံးဝမရှိတဲ့ အာဟာရပြည့်သောက်စရာပါ။

အရေပြားအစိုဓာတ်ထိန်းပေးတယ်

Source: Camel Milk

ဆိတ်နို့မှာပါတဲ့ အကျိုးပြု ကိုလက်စထရောတွေနဲ့ fatty Acid တို့က အသားအရေကို စိုပြည်လှပစေဖို့ အထောက်အပံ့ပေးပါတယ်။ ဗီတာမင် A ကြွယ်ဝစွာပါဝင်နေတာကြောင့် ဝက်ခြံတွေကို သက်သာစေနိုင်ပြီး အသားအရေကို စိုပြည်လှပစေမှာ အသေအချာပါ။ ဆိတ်နိုပမျာပါတဲ့ Latic အက်ဆစ်က အရေပြားပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး အသားအရေကို ဝင်းလက်တောက်ပစေနိုင်ပါတယ်။