ကီဝီသီးဟာ သေးငယ်တဲ့အသီးတွေဖြစ်ကြပြီး အရသာရှိကာ ကျန်းမာရေးအတွက် အာဟာရဓာတ်တွေကြွယ်ဝတဲ့ အသီးဖြစ်ပါတယ်။ ကီဝီသီးမှာ ဗီတာမင် စီ၊ ဗီတာမင် ကေ၊ ဗီတာမင် အီး ဓာတ်တွေအပြင် ပိုတက်စီယမ်နဲ့ ဖောလိတ်ဓာတ်တွေ ပါဝင်ပါသေးတယ်။ ပြီးတော့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ အများကြီးပါဝင်ပြီးတော့ အမျှင်ဓာတ်ကြွယ်ဝတဲ့အသီးလည်းဖြစ်ပါတယ်။ ဒီလို အာဟာရဓာတ်တွေ များပြားစွာပါဝင်တဲ့ ကီဝီသီးကို စားပေးရင် ဘယ်လိုအကျိုးကျေးဇူးတွေ ရမလဲဆိုတာကို ဒီနေ့ kwee page ကပြောပြပေးသွားမှာပါ။

ပန်းနာရင်ကျပ်ကုသရာမှာ အထောက်အကူဖြစ်စေတယ်

Source: Health-Fitness-Revolution

ကီဝီသီးမှာ ဗီတာမင် စီနဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝတာကြောင့် ပန်းနာရင်ကျပ်ရှိသူတွေအတွက် အထောက်အကူဖြစ်စေပါတယ်။ လေ့လာမှုတစ်ခုအရ ကီဝီလိုမျိုး လက်ဆက်တဲ့ အသီးအနှံတွေကို စားပေးသူတွေမှာ အဆုတ်ရဲ့လုပ်ဆောင်ချက်က ပုံမှန်ထက်ကောင်းမွန်တယ်လို့ သိရပါတယ်။

အစာခြေစနစ်ကို ကူညီပေးတယ်

Source: Healthy Hints

ကီဝီသီးမှာ အမျှင်ဓာတ်ကြွယ်ဝတာကြောင့် အစာခြေစနစ်အတွက် အကျိုးပြုပါတယ်။ ပြီးတော့ အက်တင်ဒင်း လို့ခေါ်တဲ့ အင်ဇိုင်းဓာတ်တစ်မျိုးပါဝင်တာကြောင့် ပရိုတင်းတွေခြေဖျက်ရာမှာ ကူညီပေးပါတယ်။

ကိုယ်ခံအားစနစ်အတွက်ကောင်းတယ်

Source: WellGood

ကီဝီသီးဟာ ဗီတာမင် စီအပြင် အခြားအာဟာရဓာတ်တွေ ကြွယ်ဝတဲ့အသီးဖြစ်ပါတယ်။ ကီဝီသီးဖျော်ရည် တစ်ခွတ်သောက်လိုက်ခြင်းက တစ်နေ့တာအတွက် လိုအပ်တဲ့ ဗီတာမင် စီပမာဏ ရဲ့ (၂၇၃) ရာခိုင်နှုန်းလောက်ကို ရရှိစေပါတယ်။ ဗီတာမင် စီက ကိုယ်ခံအားစနစ်အတွက် မရှိမဖြစ်တဲ့ ဓာတ်တစ်မျိုးဖြစ်တာကြောင့် ကီဝီသီးစားပေးခြင်းက ကိုယ်ခံအားစနစ်အတွက် ရွေးချယ်သင့်တဲ့ အသီးတစ်မျိုးဖြစ်တယ်ဆိုတာ ငြင်းစရာမရှိပါဘူး။

သွေးတိုးကျစေတယ်

Source: Times Food

ကီဝီနှစ်လုံးစာမှာ အနေတော် ငှက်ပျောသီးတစ်လုံးရဲ့ ပိုတက်စီယမ်ပမာဏနဲ့ ညီမျှတဲ့ပမာဏ ပါရှိပါတယ်။ သူ့ရဲ့ပိုတက်စီယမ်ကြွယ်ဝမှုကြောင့် သွေးဖိအားကို ကျစေနိုင်တယ်။ (၂၀၁၁) ခုနှစ်က သုတေသနအရ တစ်နေ့ကို ကီဝီသီး (၃) လုံးစားတဲ့သွေးတိုးရှိသူတွေဟာ လေ့လာမှုကာလအပြီးမှာ သွေးဖိအားကို ထိန်းနိုင်တာကိုတွေ့ရပါတယ်။

Featured Image Source: iStock