ကမ္ဘာပေါ်မှာ အကောင်းဆုံးထဲက ခံစားချက်တစ်ခုကတော့ ရယ်မောခြင်းပါပဲ။ ရယ်မောခြင်းဟာ လူအချင်းချင်းရင်းနှီးမှုပိုစေပါတယ်။ ဒါတင်မကသေးပါဘူး။ ရယ်မောခြင်းမှ တခြားလူအများစုမသိသေးတဲ့ အကျိုးကျေးဇူးတွေ အများကြီးရှိနေပါတယ်။ ဒီနေ့ဆောင်းပါးမှာ ရယ်မောခြင်းကနေ ဘာတွေအကျိုးကျေးဇူးရနိုင်မလဲဆိုတာကို ပြောပြပေးသွားမှာပါ။

သွေးဖိအားကျစေတယ်

Source: Best Life

ရယ်မောခြင်းက သွေးဖိအားကျစေပါတယ်။ သွေးဖိအား ပုံမှန်ဖြစ်နေတဲ့လူတွေဟာ လေဖြတ်ခြင်းနဲ့ နှလုံးရောဂါဖြစ်နိုင်ခြေ လျှော့ကျစေတာကြောင့် ရယ်မောစေတဲ့ ကာတွန်းကားတွေ စာအုပ်တွေဖတ်ဖို့ အကြံပေးပါရစေ။

လူချစ်လူခင်ပေါတယ်

Source: Blog-Laughter

ရယ်ရယ်မောမော ပျော်ပျော်နေတတ်တဲ့သူကို လူအများစုသဘောကျကြတယ်။ စိတ်ညစ်စရာတွေကိုတောင် အရွှန်းလေးဖောက်ပြီး အားပေးတတ်တဲ့သူဆိုတာ မိတ်ဆွေအပေါင်းအသင်းတွေကြားမှာ မရှိမဖြစ်ပါပဲ။ ကိုယ်တင်မကဘဲ ကိုယ့်ပတ်ဝန်းကျင်ကသူတွေကိုပါ အပျော်တွေဖြန့်ဝေပေးနိုင်ပါလိမ့်မယ်။

စိတ်ဖိစီးမှုလျော့ကျစေတယ်

Source: Raven Performance Group

စိတ်ပင်ပန်းနေတဲ့အချိန် အားရပါးရ ရယ်လိုက်တဲ့အခါ ပြဿနာတွေကို ခဏမေ့သွားတက်ပါတယ်။ စိတ်ညစ်စရာတွေကို ရယ်စရာအဖြစ် ပြောင်းလဲလိုက်တဲ့အခါ ကျန်းမာရေးကို မထိခိုက်စေတော့ဘဲ မကောင်းတဲ့ အတွေးတွေကို ဖယ်ရှားနိုင်ပါလိမ့်မယ်။

ကိုယ်ခံအားကောင်းစေတယ်

Source: SHRM

ဖိစီးမှုများတဲ့ဘဝ အတွေ့အကြုံတွေက ကိုယ်ခံအားစနစ်ကို ထိခိုက်စေပြီးရောဂါတွေ ဝင်နိုင်ခြေပိုများစေပါတယ်။ ပျော်ပျော်နေတတ်ခြင်းက စိတ်ဖိစီးမှုကြောင့် ကိုယ်ခံအားနည်းလာတာမျိုး မဖြစ်အောင် ကာကွယ်ပေးတယ်။

အသက်ရှူလမ်းကြောင်းစနစ် အတွက်ကောင်းတယ်

Source: Ask The Scientists

အားရပါးရ ရယ်မောလိုက်တဲ့အခါ အဆုတ်ထဲက လေအကျန်တွေကို ဖယ်ထုတ်လိုက်ပြီး အောက်ဆီဂျင်အပြည့်နဲ့ လတ်ဆတ်တဲ့လေကို ရှူသွင်းမိပါလိမ့်မယ်။ ရှင်းရှင်းပြောရရင် အသက်ကိုပိုရှိုက် ရှူမိမယ်၊ ပန်းနာရင်ကျပ်လို အသက်ရှူလမ်းကြောင်းနဲ့ ဆိုင်တဲ့ရောဂါတွေကို သက်သာစေပါတယ်။