အမေရိကန်လူမျိုး ၃၄ ရာခိုင်နှုန်းလောက်က နေ့လည်ခင်းတရေးတမောအိပ်စက်ခြင်းဖြင့် စွမ်းအင်ပြန်လည်ဖြည့်တင်းလေ့ရှိကြပါတယ်။ ဟုတ်ပါတယ် ပင်ပန်းနွမ်းနယ်သလိုခံစားရတဲ့နေ့တွေမှာ နေ့လည်ခင်း ခဏတဖြုတ် အိပ်စက်အနားယူပေးတာက ခန္ဓာကိုယ်စွမ်းအင်ကိုပြန်လည်ဖြည့်တင်းနိုင်ပြီး နိုးကြားတက်ကြွစေပါနိုင်ပါတယ်။ သတိထားရမှာတစ်ခုက နေ့လည်ခင်းမှာ နာရီဝက်ထက်ပိုပြီးမအိပ်မိဖို့ပါပဲ။ ဒီနေ့မှာတော့ လူသိနည်းတဲ့ နေ့လည်ခင်း တရေးတမောအိပ်စက်ခြင်းရဲ့ကောင်းကျိုးတွေအကြောင်း မျှဝေပေးချင်ပါတယ်။
(၁) စိတ်ခံစားမှုမြှင့်တင်ပေးတယ်

Source : Shutterstock
စိတ်ခံစားမှုမကောင်းတဲ့နေ့တွေ စိတ်ဖိစီးမှုများတဲ့နေ့တွေမှာ နေ့လည်ခင်း တစ်ရေးတမောအိပ်စက်ပေးသင့်ပါတယ်။ နေ့လည်ခင်း တစ်ရေးတမောအိပ်စက်ပြီး စိတ်နဲ့ခန္ဓာကိုယ်ကို ခဏတာအနားပေးလိုက်ခြင်းက စိတ်ဖိစီးမှုတွေကိုလျော့ကျသက်သာစေပြီး စိတ်ခံစားမှုကို ပြန်လည်မြှင့်တင်ပေးနိုင်ပါတယ်။
(၂) လန်းဆန်းတက်ကြွစေတယ်

Source : Shutterstock
ညဘက်မှာ ကောင်းစွာအိပ်စက်ထားခြင်းမရှိဘူးဆိုရင် တနေ့တာလုံးက အားအင်ကုန်ခမ်းခြင်း မောပန်းနွမ်းနယ်ခြင်း တွေကိုအလွယ်တကူခံစားရနိုင်ပါတယ်။ ဒီလိုအိပ်ရေးပျက်ထားတဲ့နေ့တွေမှာ လန်းဆန်းတက်ကြွစေဖို့ ကော်ဖီသောက်တာထက် တရေးတမောအိပ်စက်လိုက်ခြင်းက ပိုကောင်းတဲ့ရွေးချယ်မှုဖြစ်ပါတယ်။ မိနစ် ၂၀ လောက်အိပ်စက်အနားယူလိုက်ရုံနဲ့ ခန္ဓာကိုယ်မှာစွမ်းအင်ပြန်လည်ပြည့်ဝလာပြီး လန်းဆန်းတက်ကြွလာစေမှာပါ။
(၃) နှလုံးကျန်းမာရေးကောင်းစေတယ်

Source : Shutterstock
နေ့လည်ခင်း တစ်ရေးတမောအိပ်စက်ပေးတာက နှလုံးကျန်းမာရေးကိုလည်း ထောက်ပံ့ပေးပါတယ်။ လေ့လာမှုတွေအရ နေ့လည်ဘက်မှာ နာရီဝက်လောက် အိပ်စက်ပေးခြင်းက သွေးပေါင်ချိန်ကိုလျော့ကျစေပြီး နှလုံးရဲ့လုပ်ဆောင်ချက်တွေကို ပိုမိုကောင်းမွန်စေနိုင်ပါတယ်။
(၄) ဖန်တီးမှုစွမ်းရည်တိုးတက်စေတယ်

Source : Shutterstock
နေ့လည်ခင်း ခဏတာအိပ်စက်ခြင်းဟာ ဦးနှောက်စွမ်းဆောင်ရည်ကို မြှင့်တင်ပေးပြီး ဖန်တီးနိုင်စွမ်းတွေပိုမိုတိုးတက်ကောင်းမွန်စေမှာ ဖြစ်ပါတယ်။ အတွေးအခေါ်အသစ်များ ကြီးမားတဲ့ဆုံးဖြတ်ချက်ချခြင်းများလုပ်ငန်းခွင် ပြဿနာများဖြေရှင်းရာမှာ အကြံဉာဏ်ကောင်းတွေ ရရှိစေမှာ ဖြစ်ပါတယ်။
