Plank ထောက်ခြင်းသည် လူတိုင်း ပြုလုပ်နိုင်တဲ့ ရိုးရှင်းလွယ်ကူသော လေ့ကျင့်ခန်းတစ်ခုပဲဖြစ်ပါတယ်။ ရိုးရှင်းလွယ်ကူလို့ဆိုပြီး အထင်မသေးလိုက်ပါနဲ့။ နေ့စဉ်နေ့တိုင်း တစ်မိနစ်ခန့် Plank ထောက်ပေးရုံနဲ့တင် ခံစားရရှိမယ့် အကျိုးကျေးဇူးတွေက မနည်းမနောပါပဲ။

သင့်အနေနဲ့ အခုမှစပြီး Plank ထောက်မယ်ဆိုရင်တော့ ၁ မိနစ်ပြည့်အောင် ထောက်နိုင်မှာ မဟုတ်သေးပါဘူး။ စက္ကန့် (၃၀) လောက်သာ ထောက်နိုင်ဦးမှာပါ။ စက္ကန့် (၃၀) ကို ၄ ကျော့ Plank ထောက် ပေးရုံနဲ့တင် ၂ မိနစ်စာ Plank ထောက်ပြီးသား ဖြစ်သွားပါပြီ။

တဖြည်းဖြည်းနဲ့ ကျွမ်းကျင်အဆင့်ရောက်လာပြီဆိုရင်တော့ Plank ထောက်ချိန်ကို တဖြည်းဖြည်းတိုးလိုက်ပါ။ နောက်ဆုံးမှာတော့ ၅ မိနစ်ခန့်ကို မနားပဲ Plank ထောက်ကြည့်လိုက်ပါ။

ထိုကဲ့သို့ Plank ထောက်ပေးခြင်းကြောင့် ဘယ်လိုအကျိုးကျေးဇူးများ ခံစားရရှိနိုင်မလဲ။

သင့်ရဲ့ခန္ဓာကိုယ်အနေအထားကို တိုးတက်ကောင်းမွန်စေခြင်း

benefits of doing planks for men

ထိုင်တဲ့အခါ (သို့) လမ်းလျှောက်တဲ့အခါမှာ ခါးကုန်း၊ လက်ပျဉ်ကုန်းနေလို့ စိတ်ညစ်နေပါသလား။ Plank ထောက်လိုက်ပါ။ ကွန်ပျူတာရှေ့မှာ တစ်နေကုန် ထိုင်နေရသူများအနေနဲ့လည်း အလုပ်ပြီးသွားတဲ့အခါ ၂ မိနစ်ခန့် Plank ထောက်ပေးနိုင်ပါတယ်။ ဒါဆိုရင် ပုခုံးအောင့်ခြင်း၊ ဇက်ကြောတက်ခြင်းတို့ သက်သာသွားပါလိမ့်မယ်။

သင့်ရဲ့ခန္ဓာကိုယ် အနေအထားမှန်လာတဲ့အတွက်ကြောင့် ကိုယ်တွင်းအင်္ဂါများလည်း ကောင်းစွာ အလုပ်လုပ်နိုင်လာမှာဖြစ်ပြီး သင့်ရဲ့ကျန်းမာရေးလည်း ကောင်းမွန်လာပါလိမ့်မယ်။

ခါးနာခြင်းကို သက်သာစေခြင်း

benefits of doing planks for men

လည်ပင်းနာခြင်း၊ ပုခုံးအောင့်ခြင်း၊ ခါးနာခြင်းတို့သည် သင့်ခန္ဓာကိုယ် အနေအထားမမှန်လို့ဖြစ်ပါတယ်။ ထိုကဲ့သို့ အရိုးအဆစ်များ မကြာခဏ နာကျင်တတ်သူများအတွက်တော့ Plank ထောက်ခြင်းသည် အကောင်းဆုံးအဖြေပါပဲ။

ခန္ဓာကိုယ်ကို နူးညံ့ပျော့ပျောင်းစေခြင်း

benefits of doing planks for men

Plank ထောက်ခြင်းသည် ယောဂ ဆော့ကစားခြင်းနဲ့ ဆင်တူပါတယ်။ အကြောအချဉ်များ ပြေပျောက်စေကာ ခန္ဓာကိုယ်ကို နူးညံ့ပျော့ပျောင်းစေပါတယ်။ Plank အမျိုးအစားတစ်ခုတည်း ဆော့ကစားမယ့်အစား မတူညီတဲ့ Plank အမျိုးမျိုးကို ဆော့ကစားတဲ့အခါ ခန္ဓာကိုယ်အစိတ်အပိုင်းအမျိုးမျိုးအတွက် အကျိုးရှိစေပါတယ်။

စိတ်ခံစားချက်များ ကောင်းမွန်ပြီး အာရုံစူးစိုက်နိုင်စွမ်း မြင့်မားခြင်း

benefits of doing planks for men

စိတ်ညစ်စရာများ၊ စိတ်ပူပန်စရာများကြောင့် ကြံရာမရဖြစ်နေတဲ့အခါ Plank ထောက်လိုက်ပါ။ စိတ်ပျော်ရွှင်စေတဲ့ ဟော်မုန်းများ မြင့်တက်လာမှာဖြစ်ပြီး စိတ်ခံစားချက်များ ကောင်းမွန်လာပါလိမ့်မယ်။ Plank ထောက်တဲ့အခါ ထိုအရာတစ်ခုတည်းကိုပဲ အာရုံစူးစိုက်နေရတဲ့အတွက်ကြောင့် အာရုံစူးစိုက်နိုင်စွမ်းလည်း မြင့်တက်လာပါလိမ့်မယ်။

သင် ကိုယ်တိုင်လက်တွေ့စမ်းသပ်ပြီး အခုဖော်ပြထားတဲ့အကျိုးကျေးဇူးများကို အရယူလိုက်ပါ။

Source: Healthcorps.org

Featured Image Source: Fitnessator.com