အစားအသောက်တွေရဲ့ အာဟာရတွေအကြောင်း ပြောတဲ့အခါ Lycopene အကြောင်းက လူသိနည်းကြပါတယ်။ Lycopene ဟာ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတစ်မျိုး ဖြစ်ပြီး အနီရောင် နဲ့ ပန်းရောင် အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေမှာ အများဆုံး တွေ့ရတတ်ပါတယ်။

ပီဇာဆော့စ်ကနေ ဖရဲသီးတို့ ဂရိတ်ဖရုတို့မှာအထိ Lycopene ဓါတ် ပါဝင်ပါတယ်။ Phytonutrient လို့ခေါ်တဲ့ အပင်က ရတဲ့ အာဟာရဓါတ်တစ်မျိုး ဖြစ်တဲ့ Lycopene ဟာ ဓါတ်တိုးဆန့်ကျင်မှုနဲ့ ရောင်ရမ်းမှုတိုက်ဖျက်နိုင်စွမ်းရှိပါတယ်။ Lycopene ကို လူတိုင်း လွယ်လွယ်ကူကူ လက်လှမ်းမီ ရယူနိုင်တဲ့ အနီးစပ်ဆုံး အိမ်သုံးဟင်းချက်ပစ္စည်းတစ်မျိုးက ခရမ်းချဉ်သီးပဲ ဖြစ်ပါတယ်။

Lycopene ဓါတ် ပါတဲ့ ခရမ်းချဉ်သီးနီနီတွေ စားပေးခြင်းအားဖြင့် မျက်စိ ၊ နှလုံး ၊ အသားအရေ အပါအဝင် ကိုယ်တွင်းဇီဝကမ္မစနစ်ဆိုင်ရာ ကျန်းမာရေးအကျိုးတွေ အများကြီး ရရှိနိုင်ပါတယ်။ ကဲ ဘယ်လို ကျန်းမာရေးအကျိုးကျေးဇူးတွေ ဖြစ်မလဲ ကြည့်လိုက်ရအောင်ပါ။

(၁) နှလုံးကျန်းမာရေးကောင်းတယ်

Cherry Tomatoes

Photo: Unsplash

ဆေးဖက်ဆိုင်ရာ သုတေသနတွေအရ Lycopene ပါတဲ့ ခရမ်းချဉ်သီးမှည့်လို အသီးအနှံတွေ စားပေးခြင်းအားဖြင့် နှလုံးကျန်းမာရေးကောင်းစေတယ်လို့ ထောက်ခံထားပါတယ်။ ခရမ်းချဉ်သီးနဲ့ ခရမ်းချဉ်သီးထွက်ကုန်တွေ စားပေးခြင်းအားဖြင့် နှလုံးသန်စွမ်းကျန်းမာစေပြီး ကိုလက်စထရော ၊ Cytokine ပရိုတိန်းတွေ ပိုကောင်းလာစေသလို သွေးလည်ပတ်မှုလည်း မှန်ကန်စေတယ်လို့ ဆိုပါတယ်။

(၂) အသားအရေကောင်းတယ်

fresh tomatoes

Photo: Unsplash

အသားအရေလှချင်ရင် ဗိုက်တာမင်စီစားဖို့ ပြောတာ ကြားဖူးကြမှာပါ။ ဗိုက်တာမင်စီနဲ့ ဓါတ်တိုးဆန့်ကျင်တဲ့ Serum တွေဟာ အရေပြားတင်းရင်းနုပျိုစေပြီး အရေးအကြောင်းထင်တာ လျော့ပါး သက်သာစေနိုင်ပါတယ်။ သုတေသနပညာရှင်တွေရဲ့ တွေ့ရှိချက်အရ Lycopene နဲ့ Beta-Carotene တို့ဟာ အသားအရေနဲ့ ပလာစမာတွေထဲမှာ တွေ့ရတဲ့ အဓိက Carotenoids ဓါတ်တိုးဆန့်ကျင်ပစ္စည်းတေါ ဖြစ်တယ်လို့ ဆိုပါတယ်။

Lycopene အားကောင်းတဲ့ ခရမ်းချဉ်သီးစားပေးတာဟာ အသားအရေလှစေသလို နေရောင်ကြောင့် အသားအရေ ပျက်စီးမှုကနေပါ အတိုင်းအတာတစ်ခုအထိ ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။ နေရောင်ထိတွေ့မှုကြောင်း အသားအရေ မထိခိုက်အောင် အတော်အတန် ကာကွယ်ပေးနိုင်တယ်ဆိုပေမယ့် နေလောင်ကာခရမ်တွေလောက်တော့ စွမ်းဆောင်နိုင်မှာ မဟုတ်ပါဘူး။

(၃) မျက်လုံး ကောင်းတယ်

Fresh Tomato Harvest

Photo: Unsplash

မုန်လာဥနီတွေက မျက်လုံးကျန်းမာရေးအတွက် ကောင်းသလို Lycopene ၊ Lutein နဲ့ Zeaxanthin စတဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေပါတဲ့ အစားအသောက်တွေကလည်း မျက်လုံးကျန်းမာစေနိုင်ပါတယ်။ Lycopene ဓါတ်ဟာ မျက်စိတ်ကျန်းမာစေပြီး အမြင်အာရုံကြည်လင်မှုကို အထောက်အကူပြုသလို ရောင်ရမ်းမှုတိုက်ဖျက်နိုင်ခြင်းနဲ့ ဆဲလ်ထဲက Free Radicals မတည်ငြိမ်တဲ့ ဖြစ်စဉ်ကိုပါ လျှော့ချပေးနိုင်စွမ်း ရှိပါတယ်။

(၄) ဦးနှောက်ကောင်းတယ်

Red, almost ripe tomatoes

Photo: Unsplash

Lycopene နဲ့ တခြား Carotenoids တွေဟာ ဦးနှောက်နဲ့ အာရုံကြောကာကွယ်မှုပိုင်းမှာ အရေးပါတဲ့ ဓါတ်ပစ္စည်းတွေ ဖြစ်တယ်လို့ လေ့လာမှုတွေက ဖော်ပြထားပါတယ်။ သုတေသနအချက်အလက်တွေအရ Lycopene ဟာ မှတ်သားမှုနဲ့ လေ့လာသိရှိနိုင်စွမ်းကို မြှင့်တင်ပေးနိုင်ပါတယ်။ ဒီနည်းနဲ့ ဦးနှောက်ရဲ့ စွမ်းအင်နဲ့ ကျန်းမာမှုကို ထိန်းညှိပေးနိုင်တယ်လို့ ဆိုပါတယ်။

(၅) အရိုးအတွက် ကောင်းတယ်

Tomato salad

Photo: Unsplash

ဗိုက်တာမင်နဲ့ ကယ်လ်ဆီယမ်တွေဟာ အရိုးအဆစ်တွေ သန်စွမ်းကျန်းမာစေသလိုမျိုး Lycopene ကလည်း အရိုးကျန်းမာရေးအတွက် ကောင်းပါတယ်။ အာဟာရဆိုင်ရာ လေ့လာမှုတွေမှာတော့ ဓါတ်တိုးဆန့်ကျင်မှုကြွယ်ဝတဲ့ အသီးအရွက်နဲ့ သစ်သီးဝလံတွေဟာ အရိုးဓါတ်အတွက် ကောင်းမွန်တဲ့ ရလဒ်တွေ ထုတ်ပေးနိုင်တယ်လို့ ဆိုပါတယ်။

သီးသန့်လေ့လာမှုတွေမှာဆို Lycopene ပါတဲ့ ခရမ်းချဉ်သီးမှည့်လို အသီးအရွက်တွေ စားသုံးခြင်းဟာ ကိုယ်တွင်းအရိုးဓါတ်ပါဝင်မှု BMC နဲ့ အရိုးသိပ်သည်းဆ BMD တို့ကို ပိုကောင်းစေတယ်လို့ ဖော်ပြထားပါတယ်။ ဆယ်ကျော်သက်အရွယ်လူငယ်များအတွက် အရိုးအဆစ်သန်စွမ်းကျန်းမာရေးမှာလည်း Lycopene က အများကြီး အထောက်အကူပြုနိုင်သလို အသက်ကြီးလာချိန် အရိုးသန်စွမ်းမှုနဲ့ ကျန်းမာရေးကို အားပေးနိုင်ပါတယ်။

Featured Photo: purina