ဝီစကီကို သင့်တင့်မျှတတဲ့ပမာဏသောက်သုံးပေးခြင်းက သင့်ကျန်းမာရေးအတွက် ကောင်းကျိုးအမြောက်အမြားပေးစွမ်းနိုင်ပြီး သက်ရှည်ကျန်းမာစွာ နေထိုင်နိုင်အောင် ကူညီပေးနိုင်တယ်ဆိုတာကို သင်သိပါသလား။ သို့ပေမယ့် တန်ဆေး လွန်ဘေးဆိုတဲ့စကားလေးအတိုင်း အလွန်အကျွံသောက်သုံးမယ်ဆိုရင်တော့ ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေမှာမဟုတ်ပါဘူး။

ဝီစကီကို ဆေးဖြစ်ဝါးဖြစ်မှီဝဲခြင်းကြောင့် ရရှိနိုင်မယ့် ကောင်းကျိုးတွေကတော့

ခန္ဓာကိုယ်အလေးချိန်ကို ထိန်းသိမ်းပေးခြင်း

ဘီယာနဲ့ ဝိုင်ထက်စာရင် ဝီစကီမှာ ပါဝင်တဲ့ကယ်လိုရီပမာဏက အလွန်နည်းပါးပါတယ်။ ဝီစကီမှာ သကြားလည်း မပါဝင်ပါဘူး။ ဒါပေမဲ့ ကုတ်နဲ့တွဲသောက်မိရင်တော့ ကယ်လိုရီများပြီး ဝိတ်တက်လာပါလိမ့်မယ်။ ညစာ စားပြီးနောက်မှာ ဝီစကီအလွတ်တစ်ခွက်သောက်သုံးပေးခြင်းက အစားစားချင်စိတ်ကို လျော့ချပေးပါတယ်။

စိတ်ဖိစီးမှုကို လျော့ချပေးခြင်း

တစ်နေကုန် လုပ်ငန်းခွင်မှာ အလုပ်လုပ်ရလို့ ပင်ပန်းနွမ်းနယ်တဲ့အခါမျိုး၊ စိတ်ဖိစီးတဲ့အခါမျိုးမှာ ဝီစကီတစ်ခွက် သောက်သုံးပေးခြင်းက အာရုံကြောကိုတည်ငြိမ်စေပြီး စိတ်ကိုလည်း ရွှင်လန်းလာအောင် လုပ်ဆောင်ပေးတဲ့အတွက် စိတ်ဖိစီးမှုဒဏ်ကနေ ကင်းဝေးနိုင်ပါတယ်။

ဆီးချိုရောဂါကို ထိန်းချုပ်ပေးခြင်း

ဝီစကီပုလင်းများကို သစ်သားစည်ကြီးထဲမှာ သိုလှောင်ထားခြင်းကြောင့် ဝီစကီအရည်က ပယင်းရောင် အရောင်အဆင်းရရှိရုံသာမကဘဲ Ellagic အက်စစ်ဓာတ်လည်း ရရှိသွားပါတယ်။ ဝီစကီထဲမှာ တွေ့ရတဲ့ Ellagic အက်စစ်က အသည်းမှလွှတ်ထုတ်လိုက်သော ကလူးကို့စ်ဓာတ်ကို ထိန်းချုပ်ပေးနိုင်ပါတယ်။ သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်ပေးတာကြောင့် ဆေးဖြစ်ဝါးဖြစ်မှီဝဲနိုင်ပါတယ်။

မှတ်ဥာဏ်စွမ်းအားကို တိုးမြှင့်ပေးခြင်း

ဝီစကီအများကြီး သောက်မိမယ်ဆိုရင်တော့ သင် ညက ဘာတွေလုပ်ခဲ့သလဲ၊ ဘာတွေဖြစ်ခဲ့သလဲဆိုတာကို မှတ်မိမှာမဟုတ်ပါဘူး။ ဒါပေမဲ့ သင့်တင့်မျှတတဲ့ပမာဏကို သောက်သုံးပေးခြင်းက မကြာခဏမေ့တတ်ခြင်းမှ ကာကွယ်ပေးပြီး မှတ်ဥာဏ်ကို ရေရှည်ထိန်းသိမ်းထားနိုင်အောင် ကူညီပေးပါတယ်။

အစာချေစနစ်ကို ကောင်းမွန်စေခြင်း

ညစာ စားပြီးလို့ အစာမကျေဖြစ်နေပါသလား။ ဝီစကီလေးတစ်ခွက်သာ သောက်သုံးလိုက်ပါ။ ဝီစကီသောက်သုံးပေးလိုက်ခြင်းကြောင့် စားသုံးလိုက်တဲ့အစားအစာများကို ကောင်းစွာချေဖျက်နိုင်ဖို့ ကူညီပေးပါတယ်။

Source: Wideopeneats.com