မနက်စောစောအိပ်ရာထသူတွေထဲမှာ စာဖတ်သူတွေရင်းနှီးပြီးသားဖြစ်တဲ့ ကမ္ဘာကျော် သန်းကြွယ်သူဌေးကြီး Richard Branson ကလည်းတစ်ယောက်အပါအဝင်ဖြစ်ပါတယ်။ သူဟာနေ့တိုင်းမနက် ၅ နာရီအိပ်ရာထလေ့ရှိပါတယ်။ Richard Branson အပါအဝင် ကမ္ဘာတလွှားက အောင်မြင်သူအများစုဟာလည်း မနက်စောစောအိပ်ရာထလေ့ရှိကြပါတယ်။ ဒီနေ့ဆောင်းပါးလေးမှာတော့ မနက်စောစောအိပ်ရာထခြင်းရဲ့ အံ့ဖွယ်အကျိုးကျေးဇူးတွေကို မျှဝေပေးမှာဖြစ်ပါတယ်။


Source : Freepik

မနက်ခင်းစောစောအိပ်ရာထခြင်းဟာ စိတ်ခံစားမှုကိုပိုမိုကောင်းမွန်စေပြီး အပြုသဘောဆောင်တဲ့ အတွေးများပိုမိုရရှိစေနိုင်ပါတယ်။ လေ့လာမှုတွေအရလည်း အိပ်စက်ချိန်လုံလုံလောက်လောက်ရရှိပြီး မနက်ခင်းမှာစောစောနိုးနေသူတွေဟာ တနေ့မှာကြုံတွေ့ရမယ့် စိတ်ဖိစီးမှုတွေကို အကောင်းဆုံးကိုင်တွယ်ဖြေရှင်းနိုင်တယ်လို့ ဆိုပါတယ်။

စောစောအိပ်ရာထနိုင်ဖို့အတွက် စောစောအိပ်ရာဝင်ဖို့တော့လိုမှာဖြစ်ပါတယ်။ ရိုးရိုလေးစဉ်းစားကြည့်ရအောင်။ လူတစ်ယောက်ဟာ စောစောအိပ်ရာဝင်ပြီး ကောင်းစွာအိပ်စက်အနားယူထားခြင်းမယ်ဆိုရင် ခန္ဓာကိုယ်မှာ စွမ်းအင်တွေပြည့်ဝနေမှာဖြစ်ပါတယ်။ ဒါကြောင့်မနက်ခင်းမှာလည်း စောစီးစွာနိုးထနိုင်ပြီး တနေ့တာလုံးအတွက် စွမ်းအင်ပြည့်ဝကာ လန်းဆန်းတက်ကြစွာဖြတ်သန်းနိုင်မှာဖြစ်ပါတယ်။

Source : Vix.com

ဦးနှောက်ဟာ မနက်ခင်းအချိန်မှာ အတက်ကြွဆုံး အလန်းဆန်းဖြစ်ပါတယ်။ ဒါကြောင့်လည်း ကျောင်းသားတွေအနေနဲ့ မနက်စောစောစာထကျက်ရင်စာပိုမှတ်မိလွယ် ရလွယ်တာဖြစ်ပါတယ်။ မနက်စောစောထတာက ဦးနှောက်ရဲ့ လုပ်ဆောင်ချက်တွေကိုကောင်းမွန်စေပြီး မှတ်ဉာဏ်စွမ်းရည်ကိုတိုးတက်စေမှာဖြစ်ပါတယ်။

မနက်စောစောအိပ်ရာထခြင်းဟာ ကျန်းမာနုပျိုတဲ့အသားအရေပိုင်ဆိုင်စေဖို့ ကူညီပေးပါတယ်။ ဒါကြောင့် သင့်ကိုအရင်က ထက်ပိုမိုနုပျိုလှပခြင်းတွေကိုပေးစွမ်းနိုင်မှာဖြစ်ပါတယ်။ လှပနုပျိုခြင်းတွေပိုင်ဆိုင်ဖို့ဆိုရင် ကောင်းစွာအိပ်စက်အနားယူပြီး မနက်ခင်းစောစောထဖို့လိုပါမယ်နော်။