တက်တူအနုပညာက ယနေ့ခေတ်တွင် လူငယ်တွေကြားမှာ ရေးပန်းစားနေတဲ့ အနုပညာတစ်ခုဖြစ်ပါတယ်။ တက်တူးက ကျန်းမာရေးအပေါ် ဘယ်လိုသက်ရောက်မှုရှိသလဲ။ အငယ်အများစုဟာ တက်တူးထိုးကြတဲ့အချိန်မှာ ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေကို မစဉ်းစားဘဲ ထိုးကြလေ့ရှိပါတယ်။ တက်တူးမင်တွေက ကိုယ်ခံအားစနစ်နဲ့ ရောဂါစစ်ဆေးမှု ရလဒ်တွေအပေါ်မှာ သက်ရောက်မှုရှိသလို အခြားခန့်မှန်း ရခက်တဲ့ နောက်ဆက်တွဲရောဂါတွေကို ဖြစ်ပေါ်ခံစားရစေနိုင်ပါတယ်။
ဒီနေ့ kwee page က တက်တူးထိုးခြင်းက ကျန်းမာရေးအပေါ် ဘယ်လိုသက်ရောက်မှုရှိနိုင်လဲဆိုတာကို ပြောပြပေးသွားမှာပါ။
တက်တူးထိုးတဲ့မင်ကြောင့်ဖြစ်တဲ့ ဆိုးကျိုးများ

Source: Bustle
တက်တူးမင်အချို့မှာ ကင်ဆာဖြစ်စေနိုင်တဲ့ ဒြပ်ပေါင်းတွေ ပါဝင်နေတာကြောင့် ခန္ဓာကိုယ်ကို အဆိပ်အတောက်ဖြစ်စေပါတယ်။ တက်တူးထိုးရာမှာ အသုံးပြုနေတဲ့မင်ရည် ၅ မျိုးထဲက တစ်မျိုးမှာ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ ကင်ဆာဖြစ်စေနိုင်တဲ့ ဓာတုဗေဒပစ္စည်းတွေပါဝင်နေပါတယ်လို့ လေ့လာမှုတစ်ရပ်မှာဖော်ပြထားပါတယ်။ တက်တူးထိုးရာမှာ လူကြိုက်အများဆုံးအရောင်ဖြစ်တဲ့ အနက်ရောင်မင်မှာ ကင်ဆာဖြစ်စေနိုင်တဲ့ဓာတုပစ္စည်းက (၈၃) ရာခိုင်နှုန်း အထိပါဝင်နေပါတယ်။
ကူးစက်ရောဂါတွေရဲ့အန္တရာယ်

Source: Medical News Today
တက်တူးထိုးတဲ့အခါ အရေပြားသန့်ရှင်းမှုမရှိတာကြောင့်နဲ့ တက်တူး ထိုးရာမှာသုံးတဲ့ကိရိယာတွေကသန့်ရှင်းမှုမရှိတာကြောင့် အရေပြားကနေတဆင့်ပိုးဝင်ရောက်မှုတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ တက်တူးထိုးတာကြောင့် ပြင်းထန်တဲ့အရေပြားကတဆင့်ပိုးကူးစက်ဝင်ရောက်တဲ့ရောဂါ ကိုခံစားရနိုင်သလို အသက်အန္တရာယ်ရှိတဲ့အထိတောင်ဖြစ်ပေါ်နိုင်ပါတယ်။
တက်တူးထိုးတာကနေတဆင့် အိတ်ချ်အိုင်ဗွီရောဂါကူးစက်ခံရနိုင်သလို အသည်းရောင်အသားဝါ စီ ပိုးလည်းကူးစက်ခံနိုင်ပါတယ်။ တက်တူးထိုးရာမှာသုံးတဲ့ အပ်ကနေတဆင့် အသည်းရောင်အသားဝါရောဂါပိုးကူးစက်ခံရနိုင်ခြေအရမ်းများပါတယ်။
တက်တူးမထိုးခင် ဘာတွေသိထားသင့်လဲ

Source: Self Health Pro
တက်တူးထိုးဖို့ စဉ်းစားထားရင် ဒီအချက်လေးတွေသတိထားပေးပါ။
- အရေပြားဓာတ်မတည့်မှုခံစားရသူတွေမှာ အနီရောင်မင်က အရေပြားဓာတ်မတည့်မှုကိုပိုဆိုးစေပါတယ်။
- အရေပြားကင်ဆာဖြစ်စေနိုင်တာကြောင့် အညိုရောင်မှဲ့တွေပေါ်မှာ တက်တူးထပ်ထိုးတာမျိုးမလုပ်ပါနဲ့။
- သန့်ရှင်းရေးကို ဂရုစိုက်တဲ့ကျွမ်းကျင်တဲ့ tattoo artist ထံမှာပဲ တက်တူးထိုးပါ။ ခရီးသွားနေရင်း တက်တူးမထိုးပါနဲ့။ ပွဲတော်တစ်ခုမှာပါဝင်ဆင်နွှဲနေချိန်မျိုးမှာလည်း တက်တူးမထိုးပါနဲ့။
- အသုံးပြုမယ့်မင်နဲ့ထုတ်လုပ်တဲ့ကုမ္ပဏီအကြောင်း အသေးစိတ်သေချာမေးမြန်းပါ။
