ကျွန်တော်တို့ နေ့စဉ်လူနေမှုဘဝမှာ ကျန်းမာရေးကို ထိခိုက်စေတဲ့ နေမှုထိုင်မှုအလွဲလေးတွေ လုပ်မိတတ်ပါတယ်။ တချို့အမှားတွေကတော့ သိလျက်နဲ့ မဖြတ်နိုင်လို့ လုပ်မိတာ (ဥပမာ-ဆေးလိပ်သောက်တာ/ညနက်တဲ့အထိ ဖုန်းသုံးတာ စသည်) ဖြစ်ပြီး တချို့တွေက သတိမထားမိဘဲ လုပ်နေမိတတ်တာ ဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် ကျန်းမာ‌ရေးနဲ့ မညီတဲ့ လုပ်ရပ်အမှားတွေ ရပ်တန်းက ရပ်ပြီး ကျန်းမာရေးကောင်းအောင် နေထိုင်ကြဖို့ လိုပါတယ်။ အခုတစ်ခေါက်မှာတော့ လူအများစု လုပ်မိတတ်ကြတဲ့ ကျန်းမာရေးအလွဲအမှားတွေအကြောင်း ပြောပြချင်ပါတယ်။

(၁) နေလောင်ခံတာ

Beach And Man

Photo: Unsplash

နေရောင်အောက်မှာ ကြာကြာအနေများတာဟာ အရေပြားကျန်းမာရေးထိခိုက်နိုင်ပါတယ်။ နေလောင်ဒဏ်ကြောင့် အသားတွေ အညိုကွက်ထတာ ၊ အရေးအကြောင်းထင်တာတွေ ဖြစ်တတ်ပါတယ်။ နေမလောင်အောင် နေပါ။ နေပူတဲ့နေ့ အပြင်ထွက်မယ်ဆို ထီး ၊ ဦးထုပ် ၊ အင်္ကျီလက်ရှည် တစ်ခုခု ဝတ်ပြီး ထွက်ပါ။ ရေဓါတ်ဖြည့် Moisturiser သုံးတာ ၊ စတော်ဘယ်ရီ ၊ ထောပတ်သီး ၊ ဘယ်ရီ ၊ သခွား ၊ ခရမ်းချဉ်သီး ၊ ဆယ်လ်မွန် နဲ့ ဟင်းနုနွယ်ရွက်တွေ စားပေးသင့်ပါတယ်။

(၂) Body Posture မမှန်ခြင်း

The Back of A Man

Photo: Unsplash

ခေါင်းငုံ့ပြီး ဖုန်းကြာကြာသုံးတာ ၊ အထိုင်များပြီး လက်ပြင်ကုန်းတာ ၊ လှုပ်ရှားမှုနည်းတာမျိုးကို မှားယွင်းတဲ့ ကိုယ်နေဟန်ထား Bad Posture လို့ ခေါ်ပါတယ်။ နောက်ဆက်တွဲ ပြဿနာအနေနဲ့ နောက်ကျောနာတာ ၊ လှုပ်ရှားမှုနည်းပြီး အကြောအခြင်တွေ နာကျင်ကိုက်ခဲတာတွေ ဖြစ်တတ်ပါတယ်။ ယောဂကစားတာက ကျောရိုးတွေ မတ်မတ်ဆန့်ဆန့်ဖြစ်ပြီး ကိုယ်နေဟန်ထား အချိုးကျပြေပြစ်လာနိုင်ပါတယ်။

(၃) အသောက်များခြင်း

Whisky

Photo: Unsplash

ဆေးလိပ် ၊ အရက် စတာတွေ အသောက်များခြင်းကြောင့် ကျန်းမာရေးပြဿနာတွေ တသီကြီး ဖြစ်တတ်တယ်ဆိုတာ လူတိုင်း သိကြပါတယ်။ ဆောင်းပါး အစမှာ ပြောခဲ့သလိုပါပဲ။ သိသိကြီးနဲ့ မဖြတ်ချင်လို့ (မဖြတ်နိုင်လို့) လုပ်တာ များပါတယ်။ ရေရှည်မှာ ကင်ဆာလို သေလောက်အောင် ဆိုးဝါးတဲ့ရောဂါကြီးတွေအထိ ဖြစ်နိုင်လို့ ဆေးလိပ် ၊ အရက်သောက်တာကို ဖြတ်ဖို့ တိုက်တွန်းချင်ပါတယ်။

(၄) အာဟာရ မမှန်တာ

Lunch

Photo: Unsplash

အာဟာရပါဝင်မှုနည်းပြီး ကျန်းမာရေးနဲ့ မညီတဲ့ အစားအသောက်တွေ အစားများသူဟာ ရောဂါပေါင်းစုံ ဝင်တတ်ပါတယ်။ ပြုပြင်ထားတဲ့ အဆီတွေ (အကြော်စာ ၊ ဘီစကစ် ၊ ကိတ်မုန့်) ၊ တာရှည်အစားခံအောင် စီမံထားတဲ့ အစားအသောက်တွေ ၊ ဆား နဲ့ သကြား စတာတွေကို ရှောင်နိုင်သလောက် ရှောင်ဖို့ လိုပါတယ်။ကျန်းမာရေးနဲ့ ညီပြီး အာဟာရရှိတဲ့ အသီးအနှံ ၊ ဟင်းသီးဟင်းရွက် ၊ အစေ့အဆံနဲ့ အိုမီဂါသရီးကြွယ်ဝတဲ့ ငါးတွေ စားပေးဖို့ ပြောချင်ပါတယ်။

Featured Photo: muscleandfitness