ရာသီဥတုပူပြင်းလာတာနဲ့ အမျှ အပူဒဏ်သက်သာစေဖို့ လေအေးပေးစက် အဲယားကွန်းတွေကို ယခင်ကထက်ပိုမိုအသုံးပြုလာကြပါတယ်။ အဲယားကွန်းတွေက အပူဒဏ်ကိုလျော့ချပေးနိုင်ပြီး သက်တောင့်သက်သာနေနိုင်ဖို့ ကူညီပေးတယ်ဆိုပေမဲ့လည်း အချိန်ကြာမြင့်စွာ အဲယားကွန်းအခန်းထဲမှာ နေမယ်ဆိုရင်တော့ အခုပြောပြမဲ့ ကျန်းမာရေး ပြဿနာတွေဖြစ်လာနိုင်ပါတယ်။

(၁) မျက်စိခြောက်သွေ့ယားယံခြင်း

Source : Gillette

မျက်စိခြောက်သွေ့ယားယံခြင်းဟာ အဲယားကွန်းအသုံးပြုမှုလွန်ကဲခြင်းရဲ့ လက္ခဏာတစ်ခုဖြစ်ပါတယ်။ တစ်နေ့လုံးနီးပါး အဲယားကွန်းခန်းထဲမှာ အချိန်ကြာကြာနေမယ်ဆိုရင် မျက်စိခြောက်သွေ့ယားယံခြင်းတွေ ဖြစ်ပေါ်စေနိုင်တာကြောင့် အချိန်အကန့်အသတ်နဲ့သာ အဲယားကွန်းကိုအသုံးပြုသင့်ပါတယ်။

(၂)  ရေဓာတ်ဆုံးရှုံးခြင်း

Source : Gay Guide Malta

သဘာဝလေထုရှိတဲ့ အခန်းမှာနေတာထက်စာရင် အဲယားကွန်းအသုံးပြုထားတဲ့ အခန်းမှာနေခြင်းက ရေဓာတ်ဆုံးရှုံးဖို့ အခွင့်အရေးပိုများပါတယ်။ အဲယားကွန်းက အခန်းတွင်းရှိ စိုထိုင်းဆကိုစုပ်ယူပြီး အပူချိန်ကိုလျော့ချပေးထားတဲ့အတွက် ခန္ဓာကိုယ်မှာရေဓာတ်ကို များစွာဆုံးရှုံးစေတာဖြစ်ပါတယ်။ ခန္ဓာကိုယ်ရေဓာတ်ပြည့်ဝနေဖို့ကလည်း အရေးကြီးတာကြောင့် ရေများများသောက်သုံးပေးဖို့လိုအပ်ပါတယ်။

(၃) အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြဿနာများဖြစ်ခြင်း

Source : Medical News Today

အချိန်ကြာကြာ အဲယားကွန်းအသုံးပြုခြင်းက နား နှာခေါင်း လည်ချောင်းနဲ့ပတ်သတ်တဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြဿနာများဖြစ်ပေါ်စေနိုင်ပါတယ်။ လေထုမှတစ်ဆင့် ကူးစက်ပြန့်ပွားလာတဲ့ ဖုန်နဲ့ ပိုးမွှားတွေက အဲယားကွန်းကိုဖြတ်ပြီး အသက်ရှုလမ်းကြောင်းတစ်လျောက်ဝင်ရောက်လာကာ အဆုတ်ရောင်ခြင်း နှာခေါင်းအမှေးပါးရောင်ခြင်း စတဲ့ဝေဒနာတွေဖြစ်စေတက်ပါတယ်။ ဒါကြောင့် အဲယားကွန်းကို အမြဲသန့်ရှင်းရေးလုပ်ပြီး သုံးသင့်ပါတယ်။

(၄) အသားအရေခြောက်သွေ့ခြင်း

Source : Istock

အသားအရေ ရေဓာတ်ခမ်းခြောက်ခြင်း ပြဿနာက နွေရာသီမှာအဖြစ်များလေ့ရှိတဲ့ ပြဿနာတစ်ခုဖြစ်ပါတယ်။ ဒါထက်ပိုဆိုးတာ တစ်ခုက အဲယားကွန်းကို အချိန်ကြာကြာအသုံးပြုခြင်းကလည်း အစိုဓာတ်ဆုံးရှုံးစေပြီး အသားအရေကို ခြောက်သွေ့ခြင်းတွေဖြစ်ပေါ်စေနိုင်ပါတယ်။ဒါကြောင့် အဲယားကွန်းကြာကြာအသုံးပြုသူတွေအနေနဲ့ အသားအရေထိန်းသိမ်းတဲ့အနေနဲ့ အစိုဓာတ်လိမ်းခရမ်င်လိမ်းပေးသင့်ပါတယ်။

(၅) ခေါင်းကိုက်ခြင်း

Source : Medical News Today

အဲယားကွန်းအသုံးများခြင်းကြောင့် ရေဓာတ်ခမ်းခြောက်မှုဖြစ်စေပြီး ခေါင်းကိုက်ခြင်း ခေါင်းတခြမ်းကိုက်ခြင်းဝေဒနာတွေဖြစ်စေနိုင်ပါတယ်။ အပူရှိန်လျော့နည်းနေတဲ့ အဲယားကွန်းခန်းထဲမှာ အချိန်ကြာကြာနေပြီး အပြင်သို့ထွက်တဲ့အချိန် အပူရှိန်ရုတ်တရက်ပြောင်းလဲသွားပြီး ခေါင်းကိုက်ခြင်းတွေကိုဖြစ်စေတာဖြစ်ပါတယ်။ ဒါကြောင့်အဲယားကွန်းအသုံးပြုတဲ့အခါ အအေးဓာတ်လွန်ကဲစွာအသုံးပြုခြင်းထက် သာမာန်အအေးဓာတ် အနေအထားမှာပဲ ထားပြီးအသုံးပြုသင့်ပါတယ်။