သင်အနေနဲ့ အိမ်တွင်းစိုက်အပင်တွေအများကြီးရှိတဲ့ ကော်ဖီဆိုင် ဒါမှမဟုတ် အခန်းတခုထဲမှာဆိုပိုပြီး လန်းဆန်းတယ်လို့ ခံစားဖူးပါသလား။ အပင်တွေက လူတွေရဲ့စိတ်နဲ့ကိုယ်ကို ကျန်းမာစေဖို့အတွက် အထောက် အကူပြုပါတယ်။ စိုက်ပျိုးရေးကျွမ်းကျင်သူများရဲ့အဆိုအရ သင့်အိမ်မှာအိမ်တွင်းစိုက်ပင် (Indoor Plants) တွေစိုက်တာက သင်နေထိုင်တဲ့အိမ်တွင်းတဝိုက်ကိုအကျိုးပြုတယ်လို့ဆိုပါတယ်။ ဒါဆို ဘယ်လိုအကျိုးပြုလဲဆို တာကို လေ့လာကြည့်ရအောင်ပါ။

(၁) လေကောင်းလေသန့်ပိုရတယ်

Source : EyeEm

သင့်အိမ်မှာ အိမ်တွင်းစိုက်ပင် (Indoor Plants)တွေရှိတဲ့အခါ အိမ်တွင်းလေထုကိုသန့်စင်ပေးပါတယ်။ ဒါပေ မယ့် ဒါကသင့်အခန်းအကျယ်ပေါ်မူတည်ပြီး ထားမယ့်အပင်အရွယ်အစားကိုရွေးချယ်ဖို့တော့လိုပါတယ်။ အပင် ကို ကောင်းကောင်းအလုပ်လုပ်နိုင်အောင် အရွက်တွေကိုသန့်ရှင်းရေးလုပ်တာ၊ ဖုန်တွေသုတ်ပေးတာမျိုးနဲ့ သဘာဝနေရောင်ခြည်ရအောင်ထားတာမျိုးလုပ်ပေးပါ။

(၂) အခန်းကို ပိုပြီးသပ်ရပ်သန့်ရှင်းစေတယ်

Source : istock

အိမ်တွင်းစိုက်ပင် (Indoor Plants) တွေက သင့်အခန်းကို စိန်းစိုအောင်ပြုလုပ်ပေးရုံသာမက ပိုပြီးသပ်ရပ်သန့် ရှင်းစေပါတယ်။ အိမ်တွင်း စိုထိုင်းဆကိုတိုးမြှင့်ပေးတာအပြင် ပြတင်းပေါက်ကဝင် ရောက်တဲ့နေရောင်ဝင်ခြည်ရဲ့ အပူချိန်ကိုလဲထိန်းညှိပေးပါတယ်။

(၃) စိတ်ပိုင်းဆိုင်ရာ ကောင်းမွန်မှုကိုတိုးတက်စေတယ်

Source : Pest Removal Warrior

အိမ်တွင်းစိုက်အပင်တွေက သင်ရဲ့စိတ်ကျန်းမာရေးနဲ့ပတ်သတ်ပြီးလဲ အံ့သြလောက်အောင်အကျိုးကျေးဇူးတွေ ပေးနိုင်ပါတယ်။လေ့လာမှုတစ်ခုအရ နော်ဝေနိုင်ငံက နှလုံးနဲ့အဆုတ်ကုသရေးစင်တာရဲ့ သတ်မှတ်ထားတဲ့နေရာတွေမှာ အပင် (၂၈) ပင်ကိုစိုက်ထားပြီး ၄ပတ်ကြာတဲ့နောက် လူနာအများစုဟာ အပင်မရှိတဲ့နေရာတွေက လူနာတွေ ထက် ကျန်းမာရေးပိုကောင်းလာတာတွေ့ရပါတယ်။

(၄) အဓိပ္ပါယ်ရှိတယ်လို့ ခံစားရတယ်

Source : Dreamstime.com

တခြားလေ့လာမှုတခုအရ လူတွေဟာအပင်တွေကိုစိုက်ပျိုးတဲ့အခါ သူတို့ဘဝကပိုအဓိပ္ပါယ်ရှိတယ်လို့ခံစားရ တယ်လို့ ဆိုပါတယ်။ သုတေသီတွေက အပင်တွေကိုပြုစုပျိုးထောင်တာက သူတို့ကိုယ်သူတို့ဂုဏ်ယူဝမ်းမြောက် တယ်လု့ိခံစားရတဲ့အတွက်ကြောင့်ဖြစ်မယ်လို့ ယူဆပါတယ်။

(၅) စိတ်ဖိစီးမှုတွေကို မေ့သွားစေတယ်

Source : Shutterstock

အပင်စိုက်ခြင်းနဲ့ တက်ကြွစွာပျိုးထောင်ခြင်းက နေ့စဉ်ဘဝမှာတွေ့ကြုံနေရတဲ့စိတ်ဖိစီးမှုတွေကို မေ့ပျောက်စေပါတယ်။ ဒါ့ကြောင့် အပင်စိုက်တာဟာ ဘဝမှာဖြစ်ပျက်နေတဲ့ စိတ်သောကရောက်စရာတွေကို ခဏတာမေ့ထားနိုင်ပြီး လက်ရှိကိုအကောင်းဆုံးအာရုံစိုက်နိုင်တဲ့နည်းလမ်းကောင်းပဲလို့ဆိုကြပါတယ်။