မနက်ခင်းမှာ အာဟာရပြည့်ဝတဲ့ မနက်စာကိုစားသုံးပေးမယ်ဆိုရင် တစ်နေ့တာလုံးအတွက် အင်းအားပြည့်ဝလန်းဆန်းစွာနဲ့ လုပ်ငန်းဆောင် တာတွေကို အခက်အခဲမရှိလုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ဘယ်လိုအစားအစာတွေကိုမနက်စာအဖြစ်စားသုံးပေးသင့်လဲဆိုတာ ဒီဆောင်းပါးလေးမှာပြောပြပေးချင်ပါတယ်။
Oatmeal ဟာကျန်းမာရေးနှင့်ညီညွှတ်တဲ့ မနက်စာအဖြစ် လူတော်တော်များများလက်ခံစားသုံးနေကြတဲ့ အစားအစာတစ်ခုဖြစ်ပါတယ်။ Oatmeal မှာခန္ဓာကိုယ်ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေများစွာပေးစွမ်းတဲ့ဓာတ်တွေပါဝင်ပြီး ကိုယ်လက်စထရောကိုလျော့ကျစေပါတယ်။ antioxidants ဓာတ်များလည်း ကြွယ်ဝစွာပါဝင်တာကြောင့် နှလုံးနဲ့ဆိုင်တဲ့ ရောဂါတွေကိုကာကွယ်ပေးပြီး သွေးပေါင်ချိန်ကိထိန်းညှိပေးပါတယ်။ Oatmeal ကို နွားနို့ Almond အခွံမာသီးများ စပျစ်ခြောက် နဲ့လက်ဆတ်တဲ့ အသီးအနှံတွေနဲ့အတူ အရသာရှိရှိစားသုံးနိုင်ပါတယ်။
Source : Freepik
ကြက်ဥဟာ အရသာရှိတဲ့အပြင် အာဟာရဓာတ်စွယ်စုံပေးနိုင်တဲ့ အစားအစာတစ်ခုဖြစ်ပါတယ်။ လေ့လာမှုတစ်ခုအရ မနက်ခင်းမှာ ကြက်ဥစားသုံးထားတဲ့အမျိုးသားတွေဟာ စိတ်ကျေနပ်မှုပိုမိုခံစားကြရပြီး ကျန်တစ်နေ့တာလုံးအတွက် ကယ်လိုရီစားသုံးမှုကိုလျော့နည်းသွားစေပါတယ်။ ကြက်ဥဟာ ငွေကုန်ကြေးကျနည်းပြီး အလုပ်ရှုပ်သက်သာစေတဲ့ အကောင်းဆုံးမနက်စာတစ်ခုဖြစ်တဲ့အပြင် ဦးနှောက် နှလုံးမျက်စိကျန်းမာရေးနှင့် ကိုယ်ခံအားစနစ်ကိုပါကောင်းမွန်စေတဲ့ အစားအစာတစ်ခုဖြစ်ပါတယ်။
ဂရိဒိန်ချဉ်မှာ ပရိုတင်းဓာတ် ဗီတာမင်ဓာတ် အမျှင်ဓာတ် antioxidants ဓာတ်စတဲ့အာဟာရဓာတ်များကြွယ်ဝစွာပါဝင်တဲ့ အစားအစာတစ်ခုဖြစ်ပါတယ်။ မနက်စာအဖြစ် ပရိုတင်းဓာတ်များများပါဝင်တဲ့ ဂရိဒိန်ချဉ်ကိုစားသုံးပေးခြင်းအားဖြင့် ဆာလောင်မွတ်သိပ်မှုကိုလျော့နည်းစေပြီး ကိုယ်အလေးချိန်ထိန်းညှိဖို့အတွက် ကူညီပေးပါတယ်။ ဂရိဒိန်ချိဉ်ဟာ အစာအိမ်နှင့် အူလမ်းကြောင်းကိုလည်း ကောင်းမွန်စေတာကြောင့် မနက်ခင်းအတွက်သင့်တော်တဲ့အစားအစာတွေထဲက တစ်ခုအဖြစ်ရွေးချယ်စားသုံးသင့်ပါတယ်။
Source : Freepik
ငှက်ပျောသီးကတော့ လွယ်ကူရိုးရှင်းတဲ့ မနက်ခင်းအစာအစားတစ်ခုဖြစ်ပြီး အာဟာရဓာတ်များလည်း များစွာပါဝင်ပါတယ်။ ငှက်ပျောသီးမှာ ပါဝင်တဲ့ ဖောလိတ်နဲ့ ဗီတာမင် B6 ဓာတ်က စိတ်ကျန်းမာရေးကို ထူးခြားကောင်းမွန်စေပြီး စိုးရိမ်စိတ်နဲ့ စိတ်ဖိစီးမှုတွေကိုလျော့ကျသက်သာစေပါတယ်။ သွေးတွင်းကိုလက်စထရောဓာတ်ကိုလည်းကျဆင်းစေတဲ့အပြင် နှလုံးကျန်းမာရေးကိုကောင်းမွန်စေပါတယ်။ ငှက်ပျောသီးကို အသီးတိုင်းပဲစားစား oats နဲ့ရောစားစား အရသာရှိပြီး အာဟာရဓာတ်များစွာရရှိစေမှာဖြစ်ပါတယ်။