ရေကတော့ အကောင်းဆုံးဖျော်ရည်တစ်ခွက်ဆိုတာ အားလုံးသိပြီးသားပါ။ ဒါပေမဲ့ သင့်အနေနဲ့ ရေထက် ပိုအရသာရှိတဲ့ဖျော်ရည်မျိုး သောက်သုံးချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် ဖျော်ရည်များကို သောက်သုံးနိုင်ပါတယ်။

Green Tea ဖျော်ရည်

green tea for men

လေ့လာတွေ့ရှိချက်များအရ Green Tea သောက်သုံးခြင်းသည် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးတာကြောင့် ဆီးချိုသမားများအတွက် အထူးသင့်တော်တယ်လို့ သိရှိရပါတယ်။ ဒါ့အပြင် ကင်ဆဲဆဲလ်များကိုလည်း တိုက်ဖျက်ပေးနိုင်တယ်လို့ သိရှိရပါတယ်။

တလည်းသီးဖျော်ရည်

pomegranate for men

ဒီဖျော်ရည်ထဲမှာတော့ ရောင်ရမ်းခြင်းကို ကုသပေးနိုင်တဲ့ Antioxidants များ ကြွယ်ဝစွာပါဝင်ပြီး အဆစ်အမြစ်ရောင်ခြင်း၊ မကြာခဏ နာကျင်ကိုက်ခဲသူများအတွက် အထူးကောင်းမွန်ပါတယ်။ ကိုယ်ခံစွမ်းအားကိုလည်း တိုးမြှင့်ပေးတာကြောင့် မကြာခဏ ဖျားနာခြင်းမှလည်း ကာကွယ်ပေးပါသေးတယ်။

သကြားမုန်လာဖျော်ရည်

beet root for men

သကြားမုန်လာထဲတွင် ဖောလစ်အက်ဆစ်၊ မဂ္ဂနီစီယမ်နှင့် နိုက်ထရိတ်ဓာတ်များ ကြွယ်ဝစွာပါဝင်ပါတယ်။ ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်သည် နိုက်ထရိတ်ဓာတ်ကို နိုက်ထရစ်အောက်ဆိုဒ်အဖြစ်သို့ ပြောင်းလဲပေးပြီးနောက် သွေးပေါင်ချိန်ကို ထိန်းညှိပေးပြီး သွေးလှည့်ပတ်မှုကောင်းမွန်အောင် ကူညီပေးပါတယ်။ ကျွမ်းကျင်ပညာရှင်များကတော့ ဒီဖျော်ရည်ကို အားကစားမပြုလုပ်ခင်မှာ စားသုံးပေးမယ်ဆိုရင် အမောခံနိုင်တယ်လို့ ပြောကြားထားပါတယ်။

သံပုယိုရည်

lemon juice for men

သင့်ရဲ့တစ်နေ့တာကို သံပုယိုရည်နဲ့ အစပြုသင့်တယ်လို့ အကြံပေးချင်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ သံပုယိုရည် စားပွဲတင်ဇွန်း ၂ ဇွန်းခန့်က ဗီတာမင်စီဓာတ် ၁၄ မီလီဂရမ်ရရှိအောင် ကူညီပေးလို့ပါပဲ။ ဒါ့အပြင် တစ်နေ့တာလုံး ရွှင်လန်းတက်ကြွပြီး ရေဓာတ်ပြည့်ဝအောင် ကူညီပေးနိုင်ပါတယ်။

ပူပူနွေးနွေးချောကလက်ဖျော်ရည်

hot chocolate for men

ချောကလက်ဖျော်ရည်က ကျန်းမာရေးနဲ့ ညီညွှတ်လိမ့်မယ်လို့ ဘယ်သူက ထင်မိမှာလဲ။

ပူပူနွေးနွေးချောကလက်ဖျော်ရည်တစ်ခွက်သည် အရသာလည်း ရှိသလို ကျန်းမာရေးနဲ့လည်း ညီညွှတ်ပါတယ်။ နွားနို့နဲ့ ရောသောက်မယ်ဆိုရင် ကယ်လ်စီယမ်နဲ့ ဗီတာမင်ဒီဓာတ်များကို ရရှိမှာဖြစ်တဲ့အတွက်ကြောင့် အရိုးအဆစ်ကျန်းမာရေးအတွက် အထူးကောင်းမွန်ပါတယ်။

ဝိုင်နီ

red wine for men

လေ့လာတွေ့ရှိချက်များအရ သင့်တင့်မျှတတဲ့ အယ်လ်ကိုဟောပမာဏကို သောက်သုံးခြင်းသည် ကောင်းသောကိုလက်စတောများကို မြှင့်တင်ပေးပြီး သွေးခဲခြင်းမှလည်း ကာကွယ်ပေးကာ သွေးလှည့်ပတ်မှုကို ကောင်းမွန်စေတယ်လို့ သိရှိရပါတယ်။ ဒါ့အပြင် ခံတွင်းကျန်းမာရေးကိုလည်း ကောင်းမွန်စေပါတယ်။ တစ်ရက်လျှင် ဝိုင်နီ တစ်ဖန်ခွက်ခန့် သောက်သုံးပေးနိုင်ပါတယ်။

စာဖတ်သူရော အခုဖော်ပြတဲ့ ဖျော်ရည်များထဲမှ ဘယ်ဖျော်ရည်ကို အများဆုံး သောက်ဖြစ်ပါသလဲ။

Source: Tasteofhome.com

Featured Image Source: Elitecareemergency.com