ကျန်းမာမှ ကိုယ်လုပ်ချင်တဲ့အရာတွေ ဖြစ်ချင်တဲ့ရည်ရွယ်ချက်ပန်းတိုင်တွေကို ရောက်နိုင်မှာဖြစ်ပါတယ်။ အမျိုးသားတွေအနေနဲ့ကျန်းမာဖို့ နေ့စဉ်ဘဝမှာ စားပေးသင့်တဲ့အစားအစာတွေလည်းရှိပါတယ်။ ဘယ်လိုအစားအစာတွေက အမျိုးသားတွေစားပေးသင့်လဲဆိုတာ လေ့လာကြည့်ရအောင်။
(၁) ငါး

Source : Freepik
ဆယ်လ်မွန်၊ ဆာဒင်းတို့လိုမျိုး omega-3 fatty acids ကြွယ်ဝတဲ့ ငါးတွေကို ပုံမှန် စားသုံးမယ်ဆိုရင် နှလုံးရောဂါ ဖြစ်နိုင်ခြေကို လျှော့ချပေးနိူင်ပါတယ်။
(၂) ချောကလက်

Source : Freepik
ချောကလက်မှာ ကျန်းမာရေးကို အထောက်အကူပြုနိုင်တဲ့ အာနိသင်များစွာ ပါဝင်နေပါတယ်။ သွေးပေါင်ချိန်ကို ထိန်းညှိပေးသလို သွေးစီးဆင်းမှု ကောင်းစေပြီး သွေးတွင်း ကိုလက်စထရော ကျဆင်းစေနိုင်ပါတယ်။
(၃) ထောပတ်သီး

Source : Freepik
ထောပတ်သီးက ကျန်းမာရေးကို အထောက်အကူပြုပေးနိုင်တဲ့ အစားအစာ တစ်ခုပါ။ ထောပတ်သီးက အကျိုးပြု ကိုလက်စထရော ပမာဏကို မြင့်တက်စေပြီး အကျိုးမပြု ကိုလက်စထရော ပမာဏကို ကျဆင်းစေနိုင်ပါတယ်။ omega 3 fatty acid ကြွယ်ဝစွာ ပါဝင်နေသလို ဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝတာကြောင့် ဆဲလ်တွေ ထိခိုက်ပျက်စီးတာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။
(၄) ဂျင်း

Source : Freepik
ဂျင်းကိုပုံမှန်စားသုံးပေးပါက ကြွက်သားနာကျင်မူကို သက်သာစေပါတဘ်။ ဂျင်း ကသဘာဝ အကိုက်အခဲပျောက်ဆေးတစ်မျိုး ဖြစ်ပြီး ဆီးကျိတ်ကင်ဆာမဖြစ်စေဖို့လည်း ကာကွယ်ပေးနိုင်ပါတယ်။
