အိပ်မရတဲ့ညတွေ နှိပ်စက်လွန်းလို့ မျက်နှာက ချောင်ကျပြီး စိတ်ပင်ပန်း လူပင်ပန်းဖြစ်နေပြီလား။ အိပ်ပျက်ည များလာလေ စိတ်မပျော်မရွှင်ဖြစ်ပြီး အရင်လို လန်းဆန်းတက်ကြွနိုင်မှာ မဟုတ်တော့ပါဘူး။

သင့်အနေနဲ့ အိပ်မပျော်တဲ့ရောဂါကို ကုသချင်တယ်ဆိုရင်တော့ နည်းလမ်းကောင်းများကတော့ အိပ်ပျော်စေမယ့် သဘာဝအစားအစာများ စားသုံးပေးရမှာပဲဖြစ်ပါတယ်။ ဘယ်လိုအစားအစာများက နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်နိုင်ဖို့အတွက် ကူညီပေးနိုင်မလဲ။

ဆော်လမွန်ငါး

salmon for a good night's sleep

ဗီတာမင်ဒီ ချို့တဲ့သူများက အိပ်မပျော်ရောဂါ ခံစားရလေ့ရှိပါတယ်။ သဘာဝအဆီဓာတ်များ ကြွယ်ဝစွာ ပါဝင်ပြီး အိုမီဂါသရီး ဖက်တိအက်ဆစ်၊ ဗီတာမင်ဒီတို့ ကြွယ်ဝစွာ ပါဝင်တဲ့ ဆော်လမွန်ငါးက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေဖို့အတွက် ကူညီပေးနိုင်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ အိုမီဂါသရီး ဖက်တိအဆက်ဆစ်နဲ့ ဗီတာမင်ဒီတို့က အိပ်ပျော်စေတဲ့ Serotonin ဒြပ်ပေါင်းကို ထုတ်လုပ်ပေးလို့ပဲဖြစ်ပါတယ်။

ကီဝီသီး

kiwi fruits in basket

၂၀၁၁ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ လေ့လာချက်တစ်ခုမှာ ပါဝင်သူ ၂၄ ယောက်ကို ညအိပ်ရာဝင်ခါနီး ၁ နာရီအလိုမှာ ကီဝီသီး ၂ လုံး စားသုံးစေပါတယ်။ ၄ ပတ်တိတိ စားသုံးစေကာ လေ့လာခဲ့ပြီးတဲ့နောက်မှာတော့ ကီဝီသီး စားသုံးခြင်းက မြန်မြန်အိပ်မောကျစေပြီး ညသန်းခေါင်အချိန်မှာ လန့်နိုးခြင်းမှလည်း ကာကွယ်ပေးတာကို တွေ့ရှိခဲ့ရပါတယ်။

နွားနို့နွေးနွေးလေး

fresh milk on the table

ငယ်ရွယ်စဉ်ကလေးဘဝတုန်းက အိပ်ရာဝင်ခါနီးမှာ နွားနို့နွေးနွေးလေး သောက်သုံးပြီးမှ အိပ်ရာဝင်ဖူးပါသလား။ ဒါဆိုရင်တော့ သင်က နွားနို့ထဲမှာ ပါဝင်တဲ့ အိပ်ပျော်စေတဲ့ ဒြပ်ပေါင်းများဖြစ်တဲ့ Tryptophan ၊ ကယ်လ်စီယမ်၊ ဗီတာမင်ဒီနဲ့ Melatonin တို့နဲ့ ရင်းနှီးပြီးသားဖြစ်ပါလိမ့်မယ်။

အသက်အရွယ်ရလာလို့ အိပ်မပျော်ဝေဒနာ ခံစားနေရတယ်ဆိုရင်လည်း နွားနို့နွေးနွေး တစ်ခွက် သောက်သုံးကာ အိပ်ရာဝင်ပေးလိုက်ပါ။ ထူးခြားတဲ့အကျိုးကျေးဇူးများကို မြင်တွေ့ရပါလိမ့်မယ်။

ငှက်ပျောသီး

bananas for a good night's sleep

ငှက်ပျောသီးရော ငှက်ပျောသီးအခွံထဲမှာရော Tryptopha နဲ့ မဂ္ဂနီစီယမ်တို့ ပါဝင်ပြီး ထိုဒြပ်ပေါင်းနှစ်မျိုးစလုံးက နှစ်ခြိုက်စွာ အိပ်စက်အနားယူနိုင်ဖို့အတွက် ကူညီပေးနိုင်ပါတယ်။

ကော်ဖီနှင့် ကာဖိန်းဓာတ် ကြွယ်ဝသောဖျော်ရည်များ

coffee and caffein rich juice

ကော်ဖီနှင့် ကာဖိန်းဓာတ် ကြွယ်ဝတဲ့ ဖျော်ရည်များက ဦးနှောက်ကို တက်ကြွနေအောင် လှုံ့ဆော်ပေးပြီး ညအိပ်ရာဝင်ခါနီးမှာ သောက်သုံးမယ်ဆိုရင်တော့ အိပ်မပျော်ခြင်းကို ခံစားနိုင်ပါတယ်။ ဒါ့ကြောင့်လည်း ထိုဖျော်ရည်များကို မနက်ခင်းမှာ သောက်သုံးကြတာဖြစ်ပါတယ်။

လေ့လာချက်များအရ အိပ်ခါနီး ၆ နာရီအလိုမှာ ကော်ဖီသောက်သုံးပါက ပုံမှန်အိပ်ချိန်ထက် ၄၂ မိနစ်ခန့် နောက်ကျမှ အိပ်ပျော်နိုင်တယ်လို့ သိရှိရပါတယ်။ သင့်အနေနဲ့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ချင်တယ်ဆိုရင်တော့ ကော်ဖီ မသောက်တာအကောင်းဆုံးအဖြေပဲဖြစ်ပါတယ်။

Source: Brightside.me