ဗိုက်အောင့်ခြင်း၊ ဗိုက်ရစ်ခြင်း၊ ဗိုက်နာခြင်းတို့သည် အစာအိမ်ကျန်းမာရေး မကောင်းမွန်လို့ပဲဖြစ်ပါတယ်။ အစာချေစနစ် ကောင်းမွန်ပြီး အူလမ်းကြောင်း ကျန်းမာဖို့ရန်အတွက် ကျန်းမာရေးနဲ့ ညီညွှတ်တဲ့အစားအစာများကို စားသုံးသင့်ပါတယ်။

အစာချေစနစ်ကောင်းမွန်ခြင်းသည် ကိုယ်ခံစွမ်းအားကို မြင့်တင်ပေးခြင်း၊ အသားအရေကို လှပစေခြင်း၊ စိတ်ခံစားချက်များကောာင်းမွန်စေခြင်း စတဲ့ အကျိုးကျေးဇူးများကို ရရှိပိုင်ဆိုင်စေပါတယ်။ ဒီလိုအစာချေစနစ် ကောင်းမွန်ဖို့ရန်အတွက် ဘယ်လိုအစားအစာများကို စားသုံးသင့်သလဲ။

ဒိန်ချဉ်

yogurt for men

ဒိန်ချဉ်သည် အစာချေဖို့ရန်အတွက် လိုအပ်သော ကောင်းတဲ့ဘက်တီးရီးယားများကို အထောက်အပံ့ပေးတဲ့အတွက်ကြောင့် အစာအိမ်ကျန်းမာရေးအတွက် အထူးကောင်းမွန်ပါတယ်။ လေ့လာတွေ့ရှိချက်များအရ ဒိန်ချဉ်စားသုံးခြင်းသည် ဝမ်းပျက်ဝမ်းလျှောဖြစ်ခြင်း၊ ဗိုက်အောင့်ခြင်းအပြင် အူမကြီးကင်ဆာ ဖြစ်ပွားနိုင်ချေကိုလည်း လျော့ချပေးပါတယ်။

သင်္ဘောသီး

papaya for men

သင်္ဘောသီး စားသုံးခြင်းသည် ခန္ဓာကိုယ်ထဲရှိ အညစ်အကြေးများကို ဖယ်ရှားပေးပြီး ဝမ်းချုပ်ခြင်း၊ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်းတို့ကို သက်သာစေပါတယ်။ သင်္ဘောသီးကို နေ့လည်စာစားပြီးချိန် ၁ နာရီခန့်ကြာတဲ့အခါ စားသုံးနိုင်သလို မနက် (သို့) ညစာ စားတဲ့အခါမှာလည်း စားသုံးနိုင်ပါတယ်။

ငှက်ပျောသီး

banana for men

ငှက်ပျောသီးများသည် အမျှင်ဓာတ် ကြွယ်ဝတဲ့အတွက်ကြောင့် ဝမ်းမှန်အောင် ကူညီပေးပါတယ်။ တစ်နေ့လျှင် ငှက်ပျောသီးတစ်လုံးစီ မှန်မှန်စားသုံးပေးပါက သင့်ရဲ့အစာအိမ်က သင့်ကို ကျေးဇူးတင်နေပါလိမ့်မယ်။

သကြားမုန်လာ

beet root for men

သကြားမုန်လာများသည် Antioxidants များ ကြွယ်ဝစွာပါဝင်တဲ့အပြင် ရောင်ရမ်းမှုကိုလည်း လျော့ချပေးပါတယ်။ အူလမ်းကြောင်းရှိ အညစ်အကြေးများကို ဖယ်ရှားပေးတဲ့အတွက်ကြောင့် အူလမ်းကြောင်းကျန်းမာရေးအတွက်လည်း အထူးကောင်းမွန်ပါတယ်။

ကန်စွန်းဥ

sweet potato for men

ကန်စွန်းဥသည်လည်းပဲ အမျှင်ဓာတ်ပေါကြွယ်ဝတဲ့ အစားအစာတစ်ခုဖြစ်ပြီး အာဟာရများကို စုပ်ယူနိုင်အောင် ကူညီပေးပါတယ်။

ပန်းသီး၊ သခွားသီး၊ ထောပတ်သီး၊ ကင်ချီစတဲ့ အစားအစာများကိုလည်း စားသုံးနိုင်ပါတယ်။ အစာအိမ်စနစ်ကို အားနည်းစေတဲ့ အစားအစာများကတော့ အဆီများသော အစားအစာများ၊ စပ်သော အစားအစာများ၊ ကြာရှည်ခံအောင် ပြုလုပ်ထားသော အစားအစာများ ကာဖိန်းဓာတ် များပြားသော အစားအစာများ၊ သကြားဓာတ်လွန်ကဲသော အစားအစာများကို ရှောင်ကြဉ်သင့်ပါတယ်။

Source: Stylecraze.com