တန်ဆေးလွန်ဘေးဆိုတဲ့စကားအတိုင်း အလွန်အကျွံစားသုံးမယ်ဆိုရင်တော့ အစားအစာတိုင်းက ဘေးထွက်ဆိုးကျိုးတွေ ရှိတတ်ပါတယ်။

ရေလုံလုံလောက်လောက်သောက်ပေးတာက ကျန်းမာရေးအတွက်ကောင်းတယ်လို့ပြောကြပေမဲ့ လိုတာထက် ပိုသွားရင်တော့ ဆိုးကျိုးတွေ ရလာတတ်ပါတယ်။ ဒီနေ့တော့ ဘယ်လိုအစားအစာတွေက လိုတာထက်ပိုစားမိရင် ဘယ်လိုဆိုးကျိုးတွေ ဖြစ်တတ်လဲဆိုတာ ပြောပြပေးသွားမှာပါ။

မုန်လာဥနီ

Source: Healthline

မုန်လာဥနီ မှာ ဗီတာမင်အေ ပြောင်းလဲပေးတဲ့ beta-carotene ကြွယ်ဝစာပါဝင်နေတာကြောင့် ကျန်းမာရေးအတွက် ဆေးကောင်းတစ်လတ်လို့ ပြောရင်လည်းမမှားပါဘူး။

သတိထားရမှာတစ်ခုကတော့ ခန္ဓာကိုယ်ထဲမှာ beta-carotene တွေလိုတာထက် ပိုရှိနေမယ်ဆိုရင်တော့ carotenemia လို့ခေါ်တဲ့ အရေပြား အဝါရောင်သမ်းတဲ့ ရောဂါ ရနိူင်ပါတယ်။

ရေ

Source: Port Lincoin Times

ရေကိုလိုအပ်တာထက် ပိုမိုသောက်သုံးတာက ကျောက်ကပ်ကို အလုပ်ပိုစေပြီး ပင်ပန်းစေပါတယ်။ နောက်တစ်ခုကတော့ ဦးနှောက်တွင်း ရေတွေအများကြီးစုလာခြင်းက ဦးနှောက်ကို pressure တိုးစေပြီး အခန့်မသင့်ရင် ဦးနှောက်ဖောင်းပွခြင်းကို ဖြစ်စေပါတယ်။

ဒီအဖြစ်အပျက်တွေက ဖြစ်ခဲတယ်ဆိုပေမဲ့ ရေများများသောက်ကြတဲ့ အားကစားသမားတွေမှာတော့ ကျောက်ကပ်ပြသာနာ အများဆုံးတွေ့ရတတ်ပါတယ်။

သကြားမုန်လာ

Source: Healthline

ဒါပေမဲ့အများကြီး စားသုံးမယ်ဆိုရင်တော့ ဆီးချို၊ အသဲအဆီဖုံးတဲ့ရောဂါ ဖြစ်စေတဲ့ nitrosamines အဖြစ်ပြောင်းသွားတတ်ပါတယ်။ ဒီ nitrosamines ကိုအသားတွေမှာလည်း တွေ့ရတတ်ပါတယ်။

ပဲဖြင့်ပြုလုပ်ထားသောအစားအစာများ

Source: Source: Healthline

ပဲဖြင့်ပြုလုပ်ထားသောအစားအစာများမှာ ဗီတာမင် ဘီ၊ အမျှင်ဓာတ်၊ ပိုတတ်စီယံ နှင့် အရည်အသွေးမြင့် ပရိုတင်းတွေ အများအပြား ပါဝင်နေပါတယ်။ လူတွေရဲ့ ခန္ဓာကိုယ်က မထုတ်လုပ်နိူင်တဲ့ amino acids (၉) မျိုးအထိတောင် ပါဝင်တာကြောင့် စားပေးသင့်တဲ့ အစားအစာတွေထဲမှာပါဝင်ပါတယ်။

ဒါပေမဲ့ ပဲတွေမှာ ဟော်မုန်းဆေးတွေနဲ့ မတည့်တာကြောင့် ဟော်မုန်းဆေး သောက်နေရတဲ့ အမျိုးသမီးတွေ ရှောင်ရှားသင့်ပါတယ်။ ဘာပဲ စားစား သတိလေးနဲ့ချင့်ချိန်ပြီး စားတာက အကောင်းဆံးပါပဲ။