ကျန်းမာရေးနဲ့ပက်သက်လာရင် ကျနော်တို့မေ့နေတာ တစ်ခုရှိပါတယ်။ အဲ့တာကတော့ စားသောက်မှုပုံစံပါပဲ။ သင်သာ ကျန်းမာရေးနဲ့အညီ စားသောက်နေထိုင်မယ်ဆိုရင် ကျန်းမာဖို့အတွက် ဆေးတွေသောက်နေစရာမလိုပါဘူး။ အခု ပြောပြပေးမဲ့ အရာကတော့ ကျန်းမားရေးအတွက် စားသုံးသင့်တဲ့ အသီး (၅) မျိုးအကြောင်းပါ။

(၁) ပန်းသီး

Source: Daniel Coyle

ပန်းသီးနဲ့ ပက်သက်ပြီးတော့ ဆိုးရိုးစကားတစ်ခုရှိပါတယ်။ အဲ့တာကတော့ ‘ပန်းသီးကို တစ်ရက် တစ်လုံးစားမယ်ဆိုရင် ဆရာဝန်နဲ့ သွားတွေ့စရာမလိုဘူး’ဆိုတာပါပဲ။ ပန်းသီးဟာ ကျန်းမာရေးအတွက် အလွန်ကောင်းပါတယ်။ ပန်းသီးမှာ ရောဂါဘယတွေကို တိုက်ခိုက်ပေးတဲ့ Antioxidants နဲ့ Pectin လို့ ခေါ်တဲ့ အမျှင်ဓာတ်တွေပါပါတယ်။

ဒီ Pectin အမျှင်ဓာတ်က ခန္ဓာကိုယ်တွင်း ကိုလတ်စထရော ပါဝင်မှုနှိမ့်ကျစေပြီးတော့၊ နာဗ်ကြောတွေ ထိခိုက်ပျက်စီးခြင်းမှလည်း ကာကွယ်ပေးပါတယ်။ ဒါကြောင့် ပန်းသီးဟာ နေ့စဉ်စားသုံးပေးသင့်တဲ့ အသီးထဲမှာ ပါဝင်ပါတယ်။

(၂) အုန်းသီး

Source: Prevention

အုန်းသီးက ခန္ဓာကိုယ်အတွက် အလွန်အသုံးဝင်ပါတယ်။ ခန္ဓာကိုယ်အတွင်း ကိုလတ်စထရောပါဝင်မှု လျှော့ကျစေတဲ့အပြင်၊ နှလုံးနဲ့ဆိုင်တဲ့ ရောဂါတွေကိုလည်း တိုက်ခိုက်ပေးပါတယ်။ အုန်းသီးမှာပါတဲ့ အဆီက ခန္ဓာကိုယ်အတွင်းမှာ အလွယ်တကူလောင်ကျွမ်းလွယ်ပြီး ဇီဝဖြစ်စဉ်တွေကို မြှင့်တင်ပေးပြီးတော့ လိုအပ်တဲ့စွမ်းအင်တွေကို ထုတ်ပေးပါတယ်။

အုန်းသီးဟာ လေဖြတ်ခြင်းနဲ့ ဦးနှောက်ကစဉ်ကလျား ဖြစ်ခြင်းတို့မှလည်း ကာကွယ်ပေးပါတယ်။ အုန်းသီးဟာ အာဟာရချို့တဲ့ခြင်းကို ကုသရာမှာလည်း အသုံးဝင်ပါတယ်။

(၃) ငှက်ပျောသီး

Source: Harvard TH Chan School

ငှက်ပျောသီးကိုတော့ လူတိုင်းကြိုက်ကြမယ်ထင်ပါတယ်။ ကျနော်တို့ဟာ ငှက်ပျောသီးကို အချိုတည်းဖို့နဲ့ အဆာပြေပဲစားသုံးလေ့ရှိပါတယ်။ ကျနော်တို့စားနေတဲ့ ငှက်ပျောသီးမှာ ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ အာဟာရတွေ အများကြီးပါဝင်ပါတယ်။

ကလေးငယ်တွေဟာ ငှက်ပျောသီးကို ပုံမှန်စားသုံးမယ်ဆိုရင် မစားတဲ့ ကလေးငယ်တွေထက် ပန်းနာရင်ကြပ်ဖြစ်နိုင်ချေ ၃၄% ပိုနည်းပါတယ်။ ပြီးတော့ ကလေးငယ်တွေမှာ သွေးကင်ဆာ ဖြစ်နိုင်ခြေကိုလည်း လျှော့ချပေးပါတယ်။ ငှက်ပျောသီးမှာ ဗီတာမင် စီပါဝင်တာကြောင့် အူမကြီးကင်ဆာ ဖြစ်ခြင်းမှလည်း ကာကွယ်ပေးပါတယ်။

(၄) သရက်သီး

Source: BusinessMirror

ကျန်းမာရေးအတွက်ဆိုရင် သရက်သီးကို ချန်ထားခဲ့လို့ မရပါဘူး။ သရက်သီးမှာ အရိုးတွေ သန်မာစေတဲ့ ကယ်လ်ဆီရယ်နဲ့ဗီတာမင် ကေ တို့ ပါဝင်ပါတယ်။ သရက်သီးမှာ ရေနဲ့အမျှင်ဓာတ် ကြွယ်ဝစွာပါဝင်တာကြောင့် ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးပါတယ်။ ပြီးတော့ သရက်သီးမှာ ဆံပင်အတွက် ကောင်းတဲ့ ဗီတာမင် အေ လည်း ပါဝင်ပါသေးတယ်။

(၅) သခွားသီး

Source: Jammu Links News

သခွားသီးမှာပါဝင်တဲ့ ဗတာမင် ဘီဟာ စိုးရိမ်ကြောင်းကျမှုနဲ့ စိတ်ဖိစီးမူတို့ကို လျှော့ကျစေပါတယ်။ သခွားသီးဟာ ခန္ဓာကိုယ် ရောင်ရမ်းခြင်းမှလည်း ကာကွယ်ပေးပါတယ်။ ပြီးတော့ သွားကိုက်နေတယ်ဆိုရင် သခွားသီးစိတ်ကို ကိုက်တဲ့သွားကြားမှာ မိနစ်အနည်းငယ်လောက် ညှပ်ပြီးထားလိုက်ပါ။ သွားကိုက်တာ လျှော့သွားပါလိမ့်မယ်။

အထက်ဖော်ပြပါအသီးတွေက ဈေးချိုပြီး ဈေးထဲမှာ အလွယ်တကူ ဝယ်ယူရရှိနိုင်တဲ့အတွက်ကြောင့် နေ့စဉ်စားသောက်မဲ့ အစားစာတွေထဲမှာ မိမိကြိုက်နှစ်သက်တဲ့ အသီးတွေကို ရွေးချယ်ပြီး ကျန်းမာရေးအတွက် စားသုံးပေးသင့်ပါတယ်။