ကျန်းမာရေးအတွက် လေ့ကျင့်ခန်းလုပ်တာဖြစ်စေ ဘော်ဒီတည်ဆောက်ဖို့ Gym ကစားတာပဲဖြစ်စေ ကိုယ်လိုချင်တဲ့ ပန်းတိုင်ရောက်ဖို့အတွက် စားသောက်မှုပုံစံ၊ နေထိုင်မှုပုံစံတွေ ပြောင်းလဲဖို့လည်း လိုအပ်ပါသေးတယ်။ ဒါကြောင့်ဒီနေ့မှာတော့ အားကစားလုပ်သူတွေ သိသင့်သော စားသောက်နေထိုင်မှုပုံစံတွေအကြောင်း ပြောပြပေးသွားမှာပါ။

ပရိုတင်းဓာတ်လုံလောက်စွာစားပါ

man consume enough protein foods

Photo : Eat This, Not That

အားကစားသမားတွေအနေနဲ့ ပရိုးတင်းဓာတ် များများစားပေးဖို့ လိုအပ်ပါတယ်။ ပရိုတင်းဓာတ်ဟာ ကိုယ်ခန္ဓာကို ကြီးထွားဖွံ့ဖြိုးစေပြီး အရိုးအဆစ်တွေကို သန်မာစေတယ်။ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်တယ်။ အဓိက အသား၊ ငါး၊ နွားနို့နဲ့ ပဲအမျိုးမျိုးကနေ ပရိုတင်းဓာတ်ကို ရရှိပါတယ်။

 ရေများများသောက်ပါ

man Drinking enough  Water

Photo : Eat This, Not That

လေ့ကျင့်ခန်းလုပ်တဲ့အချိန်မှာ ခန္ဓာကိုယ်က ချွေးထွက်ပြီး ရေဓာတ်တွေ ဆုံးရှုံးတက်ပါတယ်။ ဒါကြောင့် ရေကိုလုံလောက်စွာသောက်ပေးဖို့ လိုအပ်ပါတယ်။ ပြီးတော့ ရေဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို ပုံမှန်စားပေးမယ်ဆိုရင် ရေဓာတ်ခမ်းခြောက်တဲ့အခြေအနေထိ မရောက်အောင် ကာကွယ်ပေးနိုင်မယ့်အပြင် လူကိုလည်း ပေါ့ပါးလန်းဆန်းစေလို့ လေ့ကျင့်ခန်းကို တက်တက်ကြွကြွနဲ့ အားသွန်ခွန်စိုက် ကစားနိုင်ဖို့ ကူညီပေးနိုင်ပါတယ်။

အိပ်ရေးဝဝ အိပ်ပါ

 Man  Sleeping on bed

Photo : Eat This, Not That

ဒါဟာ အရေးကြီးဆုံးအချက်ပါပဲ။ အိပ်ချိန်ဟာ လူတစ်ယောက်ရဲ့ ကျန်းမာရေးအတွက် အရေးကြီးပါတယ်။ Gym ကို ဂရုစိုက်ပြီး ကစားနေတဲ့အချိန်မှာ အိပ်ချိန်မပြည့်ဝလို့ အိပ်ရေးမဝရင် ကောင်းကောင်းဆော့ကစားနိုင်မှာ မဟုတ်သလို ခဏလေးကစားလိုက်တာနဲ့ ပင်ပန်းလာတက်ပါတယ်။ ဒါကြောင့် အိပ်ချိန်ကို အနည်းဆုံး (၇-၈) နာရီ အိပ်စက်ပေးဖို့ အရေးကြီးပါတယ်။

ရှောင်ရမယ့်အစားအစာများ

Fast Food

Photo : Eat This, Not That

အားကစားလုပ်သူတွေအနေနဲ့ အဆီအစိမ့်၊ အငန်၊ အချို လျှော့စားပေးဖို့ လိုအပ်ပါတယ်။ အဆီများတဲ့ အစားအစာတွေ၊ အငန်ဓာတ်များတာ၊ အချိုလွန်ကဲတဲ့ မုန့်တွေဟာ လူကိုဝစေပါတယ်။ ကြာလာရင် ဆီးချို၊ သွေးတိုး၊ နှလုံး၊ ကင်ဆာ အစရှိတဲ့ ရောဂါတွေကိုပါ ဖြစ်လာစေနိုင်ပါတယ်။ ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းညှိဖို့ လေ့ကျင့်နေတဲ့ အချိန်မှာ ဒီလိုအစားအစာတွေကို အများကြီးစားလိုက်ရင် ကိုယ်အပင်ပန်းခံ ဆော့ခဲ့သမျှ အလကားဖြစ်သွားနိုင်တာကို သတိချပ်ဖို့လိုအပ်ပါတယ်။

Featured Photo : EBT