ကူးစက်ရောဂါတွေဖြစ်ပွားလျက်ရှိတဲ့ လက်တလောအခြေအနေမှာ လူတိုင်းလိုလိုကျန်းမာရေးနဲ့ ပတ်သတ်ပြီး စိုးရိမ်ပူပန်မှုတွေရှိနေကြမယ်ထင်ပါတယ်။ မိမိရဲ့ ကျန်းမာရေးကို မိမိကိုယ်တိုင် ဂရုစိုက်မှသာ စိတ်ချရမှာဖြစ်တာကြောင့် ကျန်းမာတဲ့လူနေမှု ဘဝတစ်ခုရဖို့ လိုက်နာသင့်တဲ့အချက်လေးတွေကို ပြောပြပေးချင်ပါတယ်။

(၁) ကိုယ်ခံအားကောင်းအောင်နေထိုင်ပါ

Source : Change Your Energy

ကိုယ်ခံအားကောင်းနေရင် ကူးစက်ရောဂါပိုးတွေ အလွယ်တကူခန္ဓာကိုယ်ထဲဝင်ရောက်ဖို့ မလွယ်ကူနိုင်ပါဘူး။ဒါကြောင့် ကိုယ်ခံအားကောင်းစေမယ့် အစားအစာတွေစားသုံးခြင်း အိပ်စက်ချိန်ပုံမှန်ရှိခြင်း အားကစားလုပ်ဆောင်ခြင်းစတဲ့ နေထိုင်မှုပုံစံတွေကို အလေးထားဆောင်ရွှက်သင့်ပါတယ်။ ရာသီဥတုလည်းပူပြင်းလာပြီဖြစ်တာကြောင့် ရေလည်းတစ်နေ့ကို အနည်းဆုံး ၆ ခွက်သောက်သုံးပေးဖို့အကြံပြုချင်ပါတယ်။

(၂) အပြင်စာတွေရှောင်ပါ

Source : Freepik

အစားအသောက်နဲ့ ပတ်သတ်ပြီး အခုချိန်မှာလက်လက်ဆတ်ဆတ်နဲ့ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့အစားအစာတွေကို စနစ်တကျ စားသုံးသင့်ပါတယ်။ အပြင်စာတွေထက်စာရင် အိမ်မှာကိုယ်တိုင်ချက်ပြုတ်စားသောက်တာက အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်။ အသား ငါး ဟင်းသီးဟင်းရွှက်နဲ့ လက်ဆတ်တဲ့ သစ်သီးဝလံတွေကို အိမ်မှာပဲ သန့်စင်စွာဆေးကြောပြီး ပူပူနွေးနွေး ကိုယ်တိုင်ချက်ပြုတ်စားသာက်ဖို့ မှာချင်ပါတယ်။

(၃) အိမ်ရှင်းပါ

Source : ClutterBug Podcast

မိမိရဲ့ နေအိမ်တွေမှာလည်း လေဝင်လေထွက်ကောင်းမွန်ပြီး ရောဂါပိုးတွေ အလွယ်တကူ မခိုကပ်နေနိုင်အောင် ရှင်းလင်းမှုတွေပြုလုပ်သင့်ပါတယ်။ နေ့လည်နေ့ခင်းတွေမှာ ပြတင်းပေါက်တွေကိုဖွင့်ထားပြီး နေရောင်ခြည်နဲ့ လေဝင်လေထွက်ကောင်းမွန်အောင်လုပ်ဆောင်ပါ။ မလိုလားအပ်တဲ့ အဝတ်အဟောင်းတွေ အသုံးအဆောင်ပစ္စည်းအဟောင်းတွေကို ရှင်းလင်းပါ။

(၄) လက်ဆေးပါ

Source : Elemental by Medium

အားလုံးလည်း သိတဲ့အတိုင်း ရောဂါပိုးတွေအလွယ်တကူ ကူးစက်ဖို့အခွင့်အရေးအများဆုံးက လက်တွေပဲဖြစ်ပါတယ်။လက်ရှိမှာလည်း လက်ဆေးဖို့ကိုတော်တော်လေးတိုက်တွန်းထားကြပါတယ်။ အပြင်ကပြင်လာတိုင်းလက်ဆေးပါ။ ပိုက်ဆံ ဘက်စ်ကား လှေကား တံခါးလက်ကိုင် ဓာတ်လှေကားခလုတ် စတဲ့အရာတွေကိုင်ပြီးတိုင်း လက်ကိုစနစ်တကျဆေးကြောသန့်စင်ပေးပါ။

(၅) စိတ်ဖိစီးမှုကင်းအောင်နေပါ

Source : Shutterstock

ကျန်းမာရေးလို့ပြောလိုက်တာနဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကလည်း မေ့ထားလို့မရပြန်ပါဘူး။ စိတ်ရောကိုယ်ပါ ကျန်းမာမှ နေ့ရက်တိုင်းကိုအကောင်းဆုံးဖြတ်သန်းနိုင်မှာဖြစ်ပါတယ်။ဒါကြောင့် စိတ်ဖိစီးမှုတွေကိုအတက်နိုင်ဆုံးလျော့ထားပါ။ယောဂကစားခြင်း တရားထိုင်ခြင်းစတဲ့စိတ်ကိုတည်ငြိမ်အေးချမ်းစေမယ့် လေ့ကျင့်ခန်းတွေကိုလည်း လုပ်ဆောင်ပေးသင့်ပါတယ်။