အသည်းကင်ဆာ နဲ့ပတ်သတ်ပြီး လူတော်တော်များများကြားဖူးကြတာက အရက်သောက်ရင် အသည်းခြောက်တယ်။ အသည်းကင်ဆာဖြစ်တတ်တယ်။ ဒါလည်းမှန်ပါတယ်။

တကယ်တော့ အသည်းကင် ဆာလို့‌‌ပြောလိုက်ရင် အမျိုးအစား အများကြီးရှိပါတယ်။ ဒီနေ့မှာတော့ အသည်းကင်ဆာနဲ့ပက်သတ်တဲ့ အကြောင်းလေးတွေကို မျှဝေပေးသွားမှာပါ။

အသည်းဆဲလ်ကဖြစ်တဲ့ အသည်းကင်ဆာ

Source: Healthline

ဒီအသည်းကင်ဆာက မြန်မာနိုင်ငံမှာအဖြစ်များတဲ့ ကင်ဆာတွေထဲက တစ်ခုပါ။ လူလတ်ပိုင်းတွေမှာအဖြစ်များပါတယ်။ အရင်က အမျိုးသားတွေမှာပဲ အတွေ့ရများပါတယ်။ ကင်ဆာဖြစ်တဲ့အကြောင်းအရင်းကို တစ်ခါတစ်လေ သိပေမယ့် တစ်ခါတစ်လေ ရှာမတွေ့ပါဘူး။ အောက်က အချက်တွေရှိရင်တော့ ကင်ဆာဖြစ်နိုင်ချေများပါတယ်။

နာတာရှည် အသည်းရောင်အသားဝါဘီပိုး၊ စီပိုး သေချာမကုရင် နှစ်အနည်းငယ်ကြာလာတဲ့အခါ အသည်းကင်ဆာဖြစ်တတ်ပါတယ်။

အသည်းရာင်အသားဝါပိုးတွေ၊ အရက်သောက်တာတွေ၊ အသည်းမှာ သံဓာတ်စုတာတွေ စတာတွေကြောင့် နာတာရှည်အသည်းခြောက်‌ရောဂါကနေ အသည်းကင်ဆာဖြစ်တတ်ပါတယ်။

Source: Telluride

အသည်းက သွေးတွင်းသကြားဓာတ်ကို ထိန်းပေးပါတယ်။ နာတာရှည်ဆီးချို ရောဂါရှင်တွေက သာမန်လူထက် အသည်းကင်ဆာဖြစ်နိုင်ခြေ ၁.၈ဆကနေ ၄ဆအထိရှိပါတယ်။ အသည်းမှာအဆီစုလာတာက ရေရှည်မှာ အသည်းခြောက်တာ၊ အသည်းအဆီဖုံးတာကို ဖြစ်စေပါတယ်။ ပဲတွေ၊ ငရုတ်သီးတွေကို သေချာမသိုလှောင်တဲ့အခါ မှိုစွဲတာတွေဖြစ်လာပြီး ဒါကိုစားမိတဲ့အခါ အသည်းကင်ဆာဖြစ်တတ်ပါတယ်။

အရက်ကိုနေ့တိုင်း ပမာဏများများနဲ့ နှစ်ချီအောင်သောက်မယ်ဆိုရင် အသည်းဆဲလ်တွေပျက်စီးပြီး အသည်းကင်ဆာဖြစ်လာနိုင်ပါတယ်။

ကင်ဆာတွေရဲ့ထုံးစံအတိုင်း ကနဦးအဆင့်ဆိုရင် ရောဂါလက္ခဏာမပြတတ်ပါဘူး။ ကင်ဆာကြိတ်ကြီးလာရင်တော့

Source: TTI Trends

  • ဝမ်းဗိုက်ညာဘက်က အောင့်တာ
  • ပျို့တာ၊အန်တာ
  • အသားဝါတာ၊ မျက်လုံးဝါတာ
  • ဗိုက်မှာအလုံးစမ်းမိတာ
  • ဝမ်းအရောင်ဖျော့တာ၊ မြေဖြူခဲလိုဖြူတာ
  • အစားအသောက်ပျက်တာ
  • အလိုလိုပိန်လာတာ
  • အားမရှိသလိုဖြစ်တာ
  • အစာမကြေတာ
  • ဖျားတာ
  • အညိုအမည်းစွဲလွယ်တာ၊ သွေးမတိတ်တာစတဲ့ လက္ခဏာတွေရှိနေရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံးပြသင့်ပါတယ်။

စောစောသိ စောစောကုတာက အကောင်းဆုံးပါပဲ။ လူနာအခြေအနေ၊ ရောဂါအခြေအနေအပေါ်မူတည်ပြီး

  • ခွဲစိတ်ကုသတာ
  • ရောင်ခြည်ပြတာ
  • ဆေးသွင်းတာ
  • အသည်းအစားထိုးတာ စတဲ့နည်းလမ်းတွေရှိပါတယ်။

အသည်းကင်ဆာမဖြစ်ရလေအောင် အရက်လျှော့သောက်တာ၊ ကိုယ်အလေးချိန်ထိန်းတာ၊ အသည်းရောင်အသားဝါ ဘီပိုးကာကွယ်ဆေးထိုးတာ ရှိနေရင်လည်း စောစောစီးစီး ကုသမူခံယူပေးပါ။ ပြီးတော့ မှိုသန့်ပြီးသား ပဲ၊ငရုတ်သီးတို့ကို ရွေးချယ်စားသုံးပေးပါ။