အသက်လေးဆယ်ထဲဝင်လာပြီဆိုတာနဲ့ သင့်နှလုံးက အရင်လိုကျန်းမာနေမှာ မဟုတ်တော့ပါဘူး။ တစ်စထက်တစ်စ အားနည်းလာပြီပဲဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်က လေ့လာချက်အရ အသက် ၄၀ နဲ့ ၅၉ ကြားရှိတဲ့ အမျိုးသား ၆.၃ ရာခိုင်နှုန်းက နှလုံးရောဂါကို နှစ်စဉ် ခံစားနေရတယ်လို့ လေ့လာတွေ့ရှိရပါတယ်။

ဒီလိုမျိုး အသက်အရွယ်ရလာပြီဆိုတာနဲ့ နှလုံးရောဂါမခံစားရဘဲ ကျန်းကျန်းမာမာပျော်ပျော်ရွှင်ရွှင်နေနိုင်ဖို့အတွက်ဆိုရင်တော့ အခုဖော်ပြပေးမယ့်အချက်တွေကို လိုက်နာကြည့်လိုက်ပါ။

အားလပ်ချိန် မရှိခြင်း

Source: Shutterstock

တစ်နေ့လာလည်း အလုပ်၊ နောက်တစ်ရက်လာလည်း အလုပ်နဲ့ ကိုယ့်ကိုယ်ကို အလုပ်ချည်းပဲ ခိုင်းနေပြီး အနားမပေးဘူးဆိုရင်တော့ နှလုံးရောဂါခံစားရနိုင်ချေ များနေပါပြီ။ လူသားတွေက အသွေးနဲ့အသားနဲ့ တည်ဆောက်ထားတဲ့အတွက်ကြောင့် မိမိရဲ့ခန္ဓာကိုယ်ကိုရော စိတ်ကိုပါ အနားပေးဖို့ လိုအပ်ပါတယ်။ အလုပ်လုပ်ချိန်မှာ ပီပီပြင်ပြင်အလုပ်လုပ်ပါ။ အနားယူချိန်ကိုလည်း လုံလုံလောက်လောက် ရယူပါ။

မဂ္ဂနီဆီယမ်ဓာတ် လုံလောက်စွာ မစားသုံးခြင်း

Source: Shutterstock

သင့်ရဲ့ နှလုံးကျန်းမာရေးအတွက် စိတ်ပူတယ်ဆိုရင် မဂ္ဂနီဆီယမ်ဓာတ်ကြွယ်ဝတဲ့အစားအစာတွေကိုလည်း စားသုံးသင့်ပါတယ်။ မဂ္ဂနီဆီယမ်ဓာတ်ကြွယ်ဝတဲ့ ကောက်ပဲသီးနှံအမျိုးမျိုး၊ အစေ့အဆံများနဲ့ သဘာဝအဆီဓာတ်ကြွယ်ဝတဲ့ ငါးအမျိုးမျိုးတို့ စားသုံးပေးပါ။

ဆီးချိုရောဂါ ခံစားနေရသူများ

Source: Shutterstock

ဆီးချိုရောဂါသည်တိုင်းကတော့ နှလုံးရောဂါ ခံစားရမယ်လို့ မဆိုလိုပါဘူး။ ဒါပေမဲ့ ဆီးချိုရောဂါသည်တွေကတော့ အစားအသောက်ရော အနေအထိုင်ပါ ဆင်ခြင်ရမှာဖြစ်ပါတယ်။ နို့မဟုတ်ရင်တော့ နှလုံးရောဂါ ခံစားရနိုင်ချေ မြင့်မားသွားပြီပဲဖြစ်ပါတယ်။

ဆူညံ့တဲ့ပတ်ဝန်းကျင်မှာ နေထိုင်ခြင်း

Source: Shutterstock

သင့်ဘဝသက်တမ်းတစ်လျှောက်လုံး ကားသံတွေနဲ့ အခြားဆူညံသံတွေကြားထဲမှာ နေထိုင်နေရမယ်ဆိုရင်တော့ ထိုအဖိုးအခကို အသက် ၄၀-၅၀ အရွယ်မှာ ပြန်ပေးဆပ်ရမှာပဲဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်က ရေးသားထုတ်ဝေခဲ့တဲ့ ဥရောပ နှလုံးကျန်းမာရေးဂျာနယ်တစ်ခုရဲ့ ဖော်ပြချက်အရ ကားသံနဲ့ အခြားဆူညံသံတွေနဲ့ ပြည့်နှက်နေတဲ့ ပတ်ဝန်းကျင်မှာ နေထိုင်ရတဲ့သူက နှလုံးသွေးကြောနဲ့ ပတ်သက်တဲ့ရောဂါ၊ နှလုံးရောဂါတို့ကို ခံစားရနိုင်ချေ များတယ် ဆိုတာပါပဲ။

ခေါင်းတစ်ခြမ်းကိုက် ဝေဒနာခံစားရခြင်း

Source: Shutterstock

ခေါင်းကိုက်တာပဲ တခြားထူးထူးခြားခြားဝေဒနာမှ မဟုတ်တာ ဆိုပြီး မပေါ့လိုက်ပါနဲ့။ အထူးသဖြင့် ခေါင်းတစ်ခြမ်းကိုက်တဲ့သူတွေဆို ပိုသတိထားသင့်ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်ရောဂါကို မကြာခဏ ခံစားရလေ့ရှိသူက ဦးနှောက်နဲ့ အာရုံကြောကို အထူးဂရုစိုက်သင့်ပြီး ရင်ခေါင်းစူးအောင့်ခြင်းနဲ့ နှလုံးရောဂါစတဲ့ ဝေဒနာတို့ကိုလည်း ခံဏားရနိုင်ပါတယ်။

ညအိပ်ရာဝင်ခါနီးမှ အစာစားခြင်း

Source: Shutterstock

ယနေ့ခေတ်မှာ လူတော်တော်များများက ညအိပ်ရာဝင်ချိန်နဲ့ ကပ်ပြီး အစားစားလေ့ရှိကြပါတယ်။ များပြားလှတဲ့ အလုပ်ချိန်နဲ့ တာဝန်ဝတ္တရားများ၊ စားဝတ်နေရေးအတွက် ပြေလည်အောင် ကြိုးစားနေရခြင်း စတဲ့ အချက်တွေကြောင့်ပဲ ညစာ စားချိန်က နောက်ကျသွားတတ်ပါတယ်။ ဒီလိုမျိုး အိပ်ရာဝင်ချိန်မှ ထမင်းစားရတဲ့သူတွေက နှလုံးရောဂါကြောင့် သေဆုံးနိုင်ချေက ငါးဆမြင့်တက်စေတယ်လို့ ဘရာဇီးသုတေသနပညာရှင်တွေရဲ့ လေ့လာတွေ့ရှိချက်အရ သိရှိရပါတယ်။