ဆေးလိပ်သောက်ခြင်းဟာ ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေပါတယ်။ ဆေးလိပ်ဖြတ်တာက လွယ်တဲ့အလုပ်မဟုတ်ပါဘူး။ ဆေးလိပ်သောက်ခြင်းရဲ့ ဘေးထွက်ဆိုးကျိုးကို လူတိုင်းနီးပါး သိကြပါတယ်။ ဒါပေမယ့် ဆေးလိပ်သောက်တာကို မဖြတ်နိုင်တာကြောင့် ဆက်ပြီးသောက်ကြတဲ့လူများပါတယ်။
ဒီနေ့ kwee page က ဆေးလိပ်ဖြတ်မယ့်လူတွေအတွက် အသုံးဝင်တဲ့နည်းလမ်းလေးတွေကို ပြောပြပေးသွားမှာပါ။
ဆေးလိပ်သောက်ခွင့်မရှိတဲ့ နေရာတွေကို မကြာခဏသွားပါ

Source: Interesting Engineering
ဆေးလိပ်သောက်ချင်စိတ်ပြင်းပြလာတယ်ဆိုရင် ဆေးလိပ်သောက်လို့ မရတဲ့ နေရာတွေ ဖြစ်တဲ့ ရုပ်ရှင်ရုံ၊ စာကြည့်တိုက်၊ စတိုးဆိုင် စတဲ့ နေရာတွေကို ခဏသွားနေလိုက်ပါ။ ကိုယ်သွားတဲ့ နေရာက အာရုံလွှဲနိုင်စွမ်း ကောင်းတဲ့ နေရာ ဖြစ်လေလေ ဆေးလိပ်သောက်ချင်စိတ် ပျောက်လေလေပါပဲ။
အရက်မသောက်ပါနဲ့

Source: he-Statesman
ဆေးလိပ်ဖြတ်ထားတဲ့ သူတွေ ဆေးလိပ်ပြန်သောက်မိကြခြင်းရဲ့ နောက်ကွယ်က အဓိက အကြောင်းရင်းကတော့ အရက်သောက်ခြင်းပါ။ အရက်ဟာ မိမိကိုယ်ကို ထိန်းချုပ်နိုင်စွမ်းကို လျှော့နည်းသွားစေပြီး ဆေးလိပ်ဖြတ်မယ်ဆိုတဲ့စိတ်ကိုလည်း လျော့နည်းသွားစေနိုင်ပါတယ်။ လူအများစုဟာ အရက်သောက်တဲ့ အခါ ဆေးလိပ်သောက်ကြလေ့ရှိကြပါတယ်။ ဒါ့ကြောင့် ဆေးလိပ်ဖြတ်နေတယ်ဆိုရင် အရက်ကိုပါ ရှောင်ကြဉ်ဖို့ အကြံပေးချင်ပါတယ်။
အားကစားလုပ်ပေးပါ

Source: CNN.com
အားကစား လုပ်တဲ့အခါမှာ ဆေးလိပ်သောက်ချင်စိတ်ကို မေ့နေစေပါတယ်။ လေ့ကျင့်ခန်းလုပ်နေတဲ့အခါ သင်ရဲ့ စိတ်ဖိစီးမှုကိုပြေလျော့စေတဲ့ သဘာဝဓာတုပစ္စည်းတွေ ထွက်ရှိလာပါတယ်။ ဘာအားကစားမှ လုပ်ဖို့ အချိန်မရှိဘူးဆိုရင် လမ်းလျှောက်ခြင်းက အကောင်းဆုံးရွေးချယ်စရာပါပဲ။ ဒီတော့ သင့်အတွက် လေ့ကျင့်ခန်းလုပ်ချင်စိတ်အမြဲတမ်းဖြစ်နေစေဖို့ မတူညီတဲ့ လေ့ကျင့်ခန်းတွေကို ရွေးချယ်ပါ။
အပေါင်းအသင်းသတိထားပါ

Source: Tip To Healthy
တစ်ခါတစ်ရံမှာ သင်ပေါင်းသင်းနေတဲ့ လူတွေက သင်ဆေးလိပ်ဖြတ်နေတာကို ကြိုက်ကြမှာ မဟုတ်ပါဘူး။ သူတို့က တစ်ခါတစ်ရံ သင်ဆေးလိပ်ဖျက်နေတာကို ဖျက်လိုဖျက်ဆီး လုပ်တတ်နိုင်ပါသေးတယ်။ သင့်ပတ်ဝန်းကျင်မှာ ဒီလို လူမျိုးတွေ ရှိတာနေတာကို တွေ့ရင် သူတို့နဲ့ မပေါင်းပါနဲ့။ တကယ်လို့ မပေါင်းဘဲနေလို့ မရဘူးဆိုရင်လည်း သင်နဲ့ ပေါင်းသင်းနေတဲ့ လူတွေကို ဆေးလိပ်ဖြတ်ခြင်းက သင့်အတွက် ဘယ်လောက်အရေးကြီးတဲ့ လုပ်ရပ်ဆိုတာကိုသေချာရှင်းပြပါ။ သူတို့ရဲ့ အကူအညီကိုတောင်းခံပါ။
