ဒင်းဟန်ဒါဆန်ဟာ ပြီးခဲ့တဲ့ အပက်က ရှက်ဖ်ဖီး ယူနိုက်တက် အသင်းကနေ ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ ဟန်ဒါဆန်ဟာ ရှက်ဖီးအသင်းမှာ (၂) ရာသီအငှားဖြင့် သွားရောက်ကစားနေခဲ့တာဖြစ်ပြီး အသင်းကြီးတွေတော်တော်များများ မျက်စိကျလာအောင် လက်စွမ်းပြနိုင်ခဲ့ပါတယ်။ ဒါ့ကြောင့် မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အဆိုပါ လူငယ်ဂိုးသမားကို အသင်းမှာ (၂၀၂၅) အထိဆက်ရှိစေမယ့် စာချုပ်တစ်ရပ်ချုပ်ဆိုခဲ့တာပါ။

Source: Sky Sports
“ မန်နေဂျာနဲ့အသင်းရဲ့ ကျွန်တော့အပေါ်ယုံကြည်မှုရှိတယ်ဆိုတာကို ဒီစာချုပ်က သက်သေပြသွားပါတယ်။ ဂိုးသမားတစ်ယောက်အနေနဲ့ တိုးတတ်မှုတွေရှိလာအောင် ကြိုးစားသွားမှာပါ။ အသင်းအတွက် လည်းအများကြီးအကျိုးပြုချင်ပါတယ်။” လိုအဆိုပါ အသက် (၂၃) နှစ်အရွယ်ဂိုးသမားက မန်ယူအသင်းရဲ့ တရားဝင်ဝက်ဆိုဒ်မှာ ပြောကြားသွားခဲ့ပါတယ်။
ဒီဂီယာဟာ မန်ယူအသင်းရဲ့ ပထမဦးစားပေးဂိုးသမားသမားအဖြစ် ပြီးခဲ့တဲ့ (၈) နှစ်ဆက်တိုက် ရပ်တည်နိုင်ခဲ့တဲ့သူပါ။ ဒါပေမယ့် လွန်ခဲ့တဲ့ (၂) ရာသီမှာတော့ ဒီဂီယာရဲ့ လက်စွမ်းဟာ မေးခွန်းထုတ်စရာတွေရှိလာခဲ့ပါတယ်။

Source: Goal.com
အဆိုပါ စပိန်လက်ရွေးစင်ဂိုးသမားဟာ (၂၀၁၉-၂၀၂၀) ဘောလုံးရာသီမှာတုန်းက အမှာများစွာပြုလုပ်ခဲ့ပြီး အထင်ရှားဆုံးအမှားကတော့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ချဲလ်ဆီးအသင်းကို ရှုံးနိမ့်ခဲ့တဲ့ အချိန်မှာ ကျူးလွန်ခဲ့တာပါ။ အခုတော့ မန်ယူနည်းပြ ဆိုးလ်ရှားဟာ အဆိုပါဂိုးသမားကို အစားထိုးဖို့ စဉ်းစားနေပြီလို့ သတင်းတွေက ဖော်ပြနေကြပါတယ်။
မန်ယူအသင်းရဲ့ ဂိုးသမားဟောင်းဖြစ်သူ ဘိုစ်နစ်ချ် ကတော့ “လာမယ့်ရာသီမှာ ဒီဂီယာအနေနဲ့ ပုံမှန်လက်စွမ်းမပြနိုင်ဘူးဆိုရင် ဟန်ဒါဆန်ဟာ နံပတ် (၁) ဂိုးသမားနေရာကို ယူသွားမှာပါ။ ပြီးခဲ့တဲ့ (၁၂) လကို ပြန်ကြည့်မယ်ဆိုရင် ဒီဂီယာဟာ အရင်က ဒီဂီယာ မဟုတ်တော့တာကို တွေ့နိုင်ပါတယ်။ တကယ်လို့ ဒီဂီယာသာ ဒီအတိုင်းဆက်သွားနေမယ်ဆိုရင် သေချာပါတယ် ဟန်ဒါဆန်က သူ့နေရာကို အစားထိုးနေရာယူသွားမှာပါ။” လို့ Sky Sports နဲ့ တွေ့ဆုံစဉ်မှာ ပြောကြားသွားခဲ့ပါတယ်။

Source: Sports Molw
မန်ယူအသင်းဟာ လာမယ့် စက်တင်ဘာ (၁၉) ရက်နေ့တွင် ပထမဆုံး ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ခရစ်စတယ်ပဲလေ့စ် အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာပါ။ ပွဲထွက်လူစာရင်းကို နည်းပြဆိုးလ်ရှားအနေနဲ့ ဘယ်လို ရွေးချယ်မလဲဆိုတာကို ပရိသတ်တွေက စိတ်ဝင်တစားစောင့်ကြည့်နေကြပါတယ်။
မန်ယူအသင်းဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ရာသီတွင် အမှတ်ပေးဇယားရဲ့ အဆင့် (၃) နေရာမှာရပ်တည်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဖလားတစ်လုံးမှ ရယူနိုင်ခဲ့ခြင်းမရှိခဲ့ဘဲဖလားမဲ့ ရာသီနဲ့ကြုံတွေ့ခဲ့ရပါတယ်။
