Hennessy ချစ်သူတွေအတွက် အရသာထူးခြားဆန်းသစ်တဲ့ Hennessy Margarita ကော့လ်တေး ဖျော်စပ်နည်းလေး မျှဝေပေးချင်ပါတယ်။ Classy ဖြစ်တဲ့ Cognac နဲ့ သက်တမ်းရင့် Tequila ၊ သံပုရာရည် ၊ လိမ္မော်ဖျော်ရည်တွေနဲ့ ပေါင်းစပ်ဖန်တီးထားပြီး အရသာမှာ လေးလေးနက်နက်နဲ့ ထူးခြားဆန်းပြားတဲ့ ကော့လ်တေးတစ်ခွက် ဖြစ်ပါတယ်။

Photo : A Couple Cooks

ပြောရရင် Classic Sidecar ကော့လ်တေးနဲ့ Margarita ကော့လ်တေး ၂ မျိုးကို ပေါင်းစပ်ထားတဲ့ အရသာမျိုးပါ။ Hennessy Margarita ကော့လ်တေး ကို Cognac ပါဝင်တဲ့ Classic Margarita ကော့လ်တေး အဖြစ် လူသိများပြီး ၁၉၃၀ ပြည့်လွန်နှစ်ကာလတွေမှာ မက္ကဆီကိုနိုင်ငံမှာ စတင်တီထွင်ခဲ့တာ ဖြစ်ပါတယ်။ Ingredients တွေအနေနဲ့ကတော့ Tequila ၊ Hennessy Cognac ၊ Cointreau သို့မဟုတ် Triple Sec နဲ့ Lime Juice တို့ ပါဝင်ပါတယ်။

Photo : A Couple Cooks

ကဲဒါလွယ်ကူရိုးရှင်းတဲ့ ကော့လ်တေးဖျော်စပ်နည်းအဆင့်ဆင့်ကို ကြည့်လိုက်ရအောင်ပါ။ အရင်ဆုံး သံပုရာသီးခြမ်းလေးနဲ့ ဖန်ခွက်ရဲ့ နှုတ်ခမ်းဝကို ပွတ်ပြီး ဆားပန်ကန်ထဲမှာ နစ်ကာ ဖန်ခွက်ကို ဆားမှုန့်လေးတွေ ကပ်ပေးလိုက်ပါ။ နောက်တဆင့် အနေနဲ့ကတော့ ကော့လ်တေး Shaker ထဲမှာ Tequila ၁ အောင်စခွဲ ၊ Hennessy Cognac ၁ အောင်စ ၊ Cointreau သို့မဟုတ် Triple Sec ၁ အောင်စနဲ့ လတ်ဆတ်တဲ့ သံပုရာရည် အောင်စဝက်တို့ကို ရေခဲအနည်းငယ် ရောထည့်ပြီး အေးလာတဲ့အထိ ရှိတ်ပေးပါ။ ပြီးရင်တော့ ဆားမှုန့်လေးတွေ ကပ်ထားတဲ့ ဖန်ခွက်ထဲကို ကော့လ်တေးဖျော်ရည်လောင်းထည့်ပြီး သံပုရာခြမ်းလေး အလှဆင်ကာ အရသာရှိတဲ့ Hennessy Margaritaကော့လ်တေးတစ်ခွက် အသင့်သုံးဆောင်နိုင်ပါပြီ။

Featured Photo : Greengos Cantina