ဝန်ထမ်းအများစုအတွက် လကုန်ရက်ဟာ တကယ့်ကိုအသက်ရှုကျပ် ရတဲ့အချိန်တွေပါပဲ။ သင့်အနေနဲ့ လကုန်ရက်ရောက်တိုင်းပိုက်ဆံမပျက်ဖို့ အခုပြောပြမယ့်အချက်လေးတွေကို လိုက်နာဆောင်ရွှက်ကြည့်ပါ။
(၁) အသောက်အစားကဏ္ဍတွေလျော့ပါ
Source : thrillist.com
ယောကျာ်းလေးဆိုတဲ့အတိုင်း အသောက်အစားကတော့ မကင်းကြပါဘူး။ရာသီဥတုကိုယ့်ဘက်ပါလို့ အသည်းကွဲလို့ ပျော် လို့ သောက်ချင်လို့ စသည်ဖြင့်အကြောင်းပြချက်အမျိုးမျိုးနဲ့ သောက်ကြစားကြပျော်ကြပါးကြပါတယ်။လုံးဝမသောက်နဲ့ လို့ တော့ မပြောလိုပါဘူး။ဒါပေမယ့် တစ်လမှာအများဆုံး ၂ကြိမ် ထက်ပိုပြီး အသောက်သင့်ပါဘူးနော်။ဘီယာဆိုင်တစ်ခါထိုင်ရင်အနည်းဆုံးသောင်းဂဏန်းလောက်သွားတာမလို့ အသောက် အစားကဏ္ဍတွေက သင့်ကိုခေါက်ဆွဲပြုတ်ဆီ ဦးတည်ပေးနေ တယ်ဆိုတာသတိရလိုက်ပါ။
(၂) အပေါစားပစ္စည်းတွေမဝယ်ပါနဲ့
Source : Fashion Blog
ကိုယ်အတွက်ရေရှည်အသုံးပြုရမယ့် ပစ္စည်းတွေ ဥပမာ အကျီ ၤ အဝတ်အစား ဖိနပ် နာရီစသည်ဖြင့် နေ့စဉ်နဲ့ အမျှ အသုံးပြုု သွားရမယ့် ပစ္စည်းတွေကို ပေါချောင်ကောင်းမလိုက်ပါနဲ့။အရမ်းကြီးဈေးမြောက်တဲ့ Branded ပစ္စည်းတွေမလိုပါဘူး။ကိုယ် နဲ့လည်းအဆင်ပြေတယ် ဈေးနှုန်းလည်းသင့်တင့်တယ် ကွာလတီလည်းကောင်းတယ်ဆိုရင်တော့ မနှမြောပါနဲ့ဝယ်လိုက်ပါ။ ဈေးပေါတဲ့ပေါချောင်ကောင်းပစ္စည်းတွေက ခဏလေးနဲ့ ပျက် စီးသွားတက်တာကြောင့် မကြာမဏပြန်ပြန်ဝယ်နေရတာက ပိုပြီး ငွေကုန်စေပါတယ်။
(၃) အိမ်ကထမင်းချိုင့်ထည့်သွားပါ
Source : Depositphotos
ယောကျာ်းလေးအများစုက ထမင်းချိုင့်ကိုင်ရတာ တော်တော်လေး စိတ်ထဲလေးနေတက်ပါတယ်။အလွယ်တကူပဲ နေ့လည် စာကိုအပြင်မှာဝယ်စားတက်ကြတာပါ။နေ့လည်စာကိုအပြင် မှာဝယ်စားခြင်းက သင့်ရဲ့ လစာငွေကိုချက်ချင်းမသိသာစေ ပေမယ့် တစ်ရက်တစ်ရက်နဲ့ တစ်လလုံးပြန်တွက်ကြည့်မယ်ဆိုရင်တော်တော်လေးအထိနာစေတာဖြစ်ပါတယ်။ဒါကြောင့်ဖြစ်နိုင်ရင် အိမ်ကထမင်းချိုင့်ထည့်သွားပါ။အပြင်စာတွေစားတာထက် အိမ်ကချက်ပြုတ်ပေးလိုက်တဲ့ ထမင်းချိုင့်ကိုစားခြင်းက ငွေကြေးအရလည်းသက်သာသလို ကျန်းမာရေးနဲ့လည်းပိုညီညွှတ်စေပါတယ်။
(၄) လစာထုတ်ရက်မှာငွေစုပါ
Source : Creative Market
ဝန်ထမ်းအများစုက လကုန်ရက်လစာထုတ်တဲ့အခါလိုအပ်တာဝယ်မယ်စားမယ်သောက်မယ် တခြားသောအဆောင်ဖိုး ရေဖိုးမီဖိုး အထွေထွေအသုံးစရိတ်စတဲ့ ကုန်စရာငွေတွေကိုပဲ အာရုံစိုက်နေမိတာကြောင့် ငွေစုဖို့မေ့နေတက်ကြပါတယ်။တကယ် တော့လစာရတဲ့နေ့ကတည်းက ဒီလအတွက် ဘယ်လောက်ကို တော့စုမယ်ဆိုပြီး သီးသီးသန့်သန့် ဖယ်ထားသင့်ပါတယ်။ကိုယ်ရဲ့ဝင်ငွေအလိုက် စုနိုင်တဲ့အမောင့်ကို အရင်ဆုံးဖယ်ထားပါ သုံးလို့ပိုတဲ့ငွေကိုမစုပါနဲ့ စုလို့ ပိုတဲ့ငွေကိုသာ သုံးပါ။




