လူမှုကွန်ယက်ကြောင့် ကမ္ဘာတစ်လွှားကလူတွေ ဆက်သွယ်မှုလွယ်ကူမြန်ဆန်လာတယ်ဆိုတာ ငြင်းလို့မရပါဘူး။ ခလုတ်လေးတစ်ချက်နှိပ်လိုက်တာနဲ့ ကမ္ဘာတစ်ဖက်ခြမ်းကလူတွေနဲ့ စကားပြောလို့ရနိုင်တယ်။ လူမှုကွန်ယက် အသုံးပြုမှု တိုးတက်လာခြင်းဟာ ကောင်းကျိုးတွေရှိနေသလို တစ်ဖက်မှာလည်း စိတ်ကျန်းမာရေးအပေါ် ဆိုးကျိုးတွေသက်ရောက်မှုရှိနေပါတယ်။

မိမိကိုယ်ကို လေးစားတန်ဖိုးထားမှု

Source: The Inndependent

လူမှုကွန်ယက်ဟာ လူတွေရဲ့မိမိကိုယ်ကိုတန်ဖိုးထားလေးစားမှုကို ထိခိုက်စေတဲ့အရာတွေထဲမှာပါဝင်နေပါတယ်။ လူအများစုမှာ တခြားလူတွေနဲ့ မဝေမျှချင်တဲ့ လျှို့ဝှတ်ချက်တွေ အားနည်းချက်တွေ ကိုယ်စီရှိကြတယ်။ Instagram (သို့) Facebook ပေါ်မှာရောက်သွားရင် အများစုကတော့ အဆင်ပြေနေတဲ့လူတွေကို တွေ့ရတာများပါတယ်။ ဒီလိုပြည့်စုံနေတဲ့လူတွေနဲ့ မိမိကိုယ်ကို နှိုင်းယှဉ်ခြင်းက သင့်ရဲ့ မိမိကိုယ်ကို လေးစားတန်ဖိုးထားမှုကို ထိခိုက်စေပါတယ်။

လူသားအချင်းချင်းဆက်သွယ်မှု

Source: INsider

ယနေ့ခေတ်လူအများစုက ဖုန်းတစ်လုံးနဲ့ အချိန်ကုန်ကြတာများပါတယ်။ အွန်လှိုင်းပေါ်မှာ စကားပြောပြီး အချိန်ကုန်ကြပေမယ့် ရှေ့မှာထိုင်နေတဲ့ တကယ့်လူကိုတော့ မေ့ထားလေ့ရှိကြတယ်။ သူတို့က အနားမှာရှိနေတဲ့ အလှတရားတွေကို ခံစားဖို့ အပြင်လူတွေနဲ့ အဆက်အသွယ်လုပ်ဖို့ မေ့သွားတက်ကြတယ်။

အိပ်စက်ခြင်း

Source: HelpGuide.org

လူတိုင်းအတွက် အိပ်စက်ခြင်းက အရမ်းအရေးကြီးပါတယ်။ မိုလ်ဘိုင်းဖုန်းအလွန်အကျွံအသုံးပြုခြင်းက အိပ်စက်ခြင်းကို ထိခိုက်စေပါတယ်။ ယနေ့ခေတ်လူတော်တော်များများက အိပ်ယာမဝင်ခင်အထိ ဖုန်းကို လက်ကမချဘဲ အသုံးပြုကြတယ်။ ဖုန်းကနေ ထွက်လာတဲ့ အပြာရောင်အလင်းတန်းက အိပ်စက်ခြင်းကို အနှောင့်အယှက်ဖြစ်စေပါတယ်။

စိတ်ပိုင်းဆိုင်ရာကျန်းမာရေးထိခိုက်လာခြင်း

Source: Knowledge@Wharton

လူမှုကွန်ရက်ကို ဆက်တိုက်အသုံးပြုတာက လူတစ်ယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို သက်ရောက်မှုရှိတယ်လို့ လေ့လာတွေ့ရှိချက်တော်တော်များများမှာ တွေ့ရပါတယ်။ လူမှုကွန်ရက်ကို သတိနဲ့အသုံးမပြုဘူးဆိုရင် စိုးရိမ်ပူပန်တာ၊ စိတ်ဓာတ်ကျတာတွေလို စိတ်ပိုင်းဆိုင်ရာပြဿနာများစွာ ဖြစ်လာနိုင်ပါတယ်။

လူမှုကွန်ရက်အသုံးပြုခြင်းက လူသားတွေအတွက် ဆိုးကျိုးတွေ မဖြစ်ရလေအောင် လူမှုကွန်ရက်ကို အချိန်နဲ့ကန့်သတ်သုံးဖို့ အရေးကြီးပြီး အသုံးပြုနေရင်လည်း အသိ၊ သတိနဲ့ နားနားပြီး သုံးပါ။ ဖုန်းကိုပဲ စိတ်ဝင်စားမနေဘဲ အနီးနားမှာ ဖြစ်ပျက်နေတဲ့အရာတွေကို သတိပြုနိုင်ကြပါစေ။