သင်ဟာ ဆိုင်ကနေဝယ်လာတဲ့ အဝတ်အစားအသစ်တွေကို မလျှော်ပဲ တန်းပြီး ဝတ်လေ့ရှိတဲ့သူလား။ ဒီလိုဆိုရင်တော့ သင့်အတွက် သတင်းဆိုးပြောရပါလိမ့်မယ်။ ဆိုင်ကနေဝယ်လာပြီး လျှော်ဖွတ်ခြင်းမရှိဘဲ ဝတ်ဆင်ပါက အရေးပြားနဲ့ ပတ်သက်တဲ့ ရောဂါတွေ ရရှိနိုင်ပါတယ်။ အဝတ်အစားအသစ်တွေကနေတဆင့် ရောဂါပိုးမွှား၊ ဘတ်တီးရီးယားတွေကို ကူးစက်နိုင်ပြီး အရေးပြားရောဂါပြဿနာတွေ ရင်ဆိုင်ရနိုင်ပါတယ်။ ဒီနေ့တော့ အဝတ်အစားအသစ်တွေကို ဘာကြောင့် လျှော်ဖွတ်ပြီးမှ ဝတ်သင့်သလဲဆိုတဲ့ အကြောင်းပြောပြပေးသွားမှာပါ။
အဝတ်အစားအသစ်တွေက ရောဂါပိုးမွှားတွေရဲ့ အိမ်ပါ

Source: Tips and Tricks
အဝတ်အစားတွေကို စက်ရုံကထုတ်လုပ်ပြီး ဆိုင်တွေဆီမရောက်ခင် ထုတ်ပိုးပြီး တစ်နေရာကနေတစ်နေရာ ပို့ဆောင်ရပါတယ်။ အဝတ်အစားကို ဘယ်နေရာမှာ ချုပ်လုပ်ခဲ့တာလဲ၊ ဘယ်နေရာမှာ သိမ်းဆည်းခဲ့တာလဲ၊ ဘယ်လိုတင်ပို့ခဲ့တာလဲဆိုတာကို သေချာသိနိုင်ဖို့ ခဲယဉ်းပါတယ်။ ဒီအဝတ်အစားတွေဟာ နေရာစုံကနေ ဖြတ်သန်းလာခဲ့ရတာကြောင့် ရောဂါပိုးမွှားတွေ ကပ်ပြီးပါလာနိုင်ပါတယ်။ ဒီရောဂါပိုးမွှားတွေက မျက်စိနဲ့ကြည့်ပြီးမမြင်နိုင်တာကြောင့် ရှိမှန်းမသိနိုင်ပါဘူး။ ဒါ့ကြောင့် အဝတ်အစားအသစ်တွေကို လျှော်ဖွတ်ပြီးမှ ဝတ်ဆင်ခြင်းက အကောင်းဆုံးပါပဲ။
တခြားလူတွေလည်း စမ်းဝတ်ကြည့်ဖူးမယ်

Source: Tirto.ID
စတိုးဆိုင်ကြီးတွေမှာ လာဝယ်တဲ့သူတွေ ကြည့်လို့ရအောင်အဝတ်အစားတွေကို ခင်းကျင်းပြသထားကြတယ်။ လူတွေကလည်း အရင်ဆုံး စမ်းဝတ်ကြည့်ဖူးပြီးသူတို့နဲ့ ကွတ်တိဖြစ်မှ ဝယ်ယူကြပါတယ်။ ဒါ့ကြောင့် အဝတ်အစားတွေဝယ်မယ်ဆိုရင် သင်စမ်းပြီးမဝတ်ခင် တခြားလူတွေလည်း စမ်းပြီးဝတ်ကြည့်ဖူးပါလိမ့်မယ်။ သူတို့ဆီကနေပြီးတော့ အရေပြားရောဂါဖြစ်စေနိုင်တဲ့ ပိုးမွှားတွေက အဝတ်အစားတွေပေါ်မှာ ကပ်ပြီးကျန်ခဲ့နိုင်ပါတယ်။ ဒါက အရေပြားယားယံတာနဲ့ အသားရေနီးမြန်းတာတွေဖြစ်လာစေနိုင်ပါတယ်။
အရောင်တွေအတွက် ဓာတုပစ္စည်းတွေ သုံးထားတယ်

Source: Home and Garden
အထည်တွေချုပ်လုပ်ဖို့အတွက်နဲ့ အရောင်တွေဆိုးဖို့အတွက် ဓာတုပစ္စည်းအမျိုးမျိုးကို အသုံးပြုကြရပါတယ်။ ဓာတုပစ္စည်းအားလုံးက အရေပြားနဲ့ ထိတွေမိပြီဆိုတာနဲ့ အနီကွက်ဖြစ်တာ၊ ယားယံတာတွေ ဖြစ်စေပါတယ်။ ဒါ့အပြင် ချွေးတွေက အဝတ်အစားအရောင်တွေကို ပျယ်စေပြီး အရေပြားနဲ့ ထိတွေစေကာ ဓာတ်မတည့်ခြင်းကို ဖြစ်စေနိုင်ပါတယ်။
