ညဘက် ဖုန်းပွတ်ရင်း ဗီဒီယိုတွေကြည့်ရင်း (သို့) အလုပ်လုပ်ရင်း နောက်ကျမှ အိပ်တက်သူတွေအနေနဲ့ နောက်နေ့ အိပ်ရာထရင် ဘယ်လိုခံစားရလဲဆိုတာ သိမယ်ထင်ပါတယ်။ ပင်ပန်းတာ၊ ခေါင်းကိုက်တာ လုပ်ချင်ကိုင်ချင်စိတ်မရှိတာ စသဖြင့် ခံစားရလေ့ရှိပါတယ်။ လေ့လာမှုတွေကတော့ တစ်ည အိပ်ချိန် (၇-၉) ကြားမရှိတဲ့လူတွေဟာ ဒီထက်ပိုတဲ့ ဆိုးကျိုးတွေ ခံစားရနိုင်တယ်လို့ ဆိုထားပါတယ်။ ဘာတွေလဲဆိုတာသိရအောင် ဆောင်းပါးဆုံးတဲ့အထိ ဖတ်ပေးကြည့်ပါ။
စိတ်တိုလွယ်လာတယ်

Source: Earth
လေ့လာမှုတွေအရ တစ်ပတ်လုံးလုံး တစ်ညကို (၄) နာရီလောက်ပဲ အိပ်တဲ့သူတွေက စိတ်ဖိစီးမှုပိုများလာမယ်။ စိတ်တိုစိတ်ရှုပ်လွယ်လာတယ်။ ဝမ်းနည်းလွယ်လာတယ်။ သောကများလာတယ်။ ဒါကြောင့် အလုပ် အရမ်းများတဲ့ လူတစ်ယောက်ကို ရည်းစားတော်ထားရတယ်ဆိုရင် အမြဲရန်ဖြစ်နေရနိုင်တာတော့ အသေအချာပါပဲ။
အသက်တိုမယ်

Source: Saatva
တစ်ညကို (၅) နာရီအောက်ပဲ အိပ်ချိန်ရှိတဲ့လူတွေဟာ အသက်တိုလာမယ်လို့ လေ့လာမှုတွေက ဖော်ပြထားပါတယ်။
အာရုံစူးစိုက်နိုင်စွမ်း လျော့ကျစေခြင်း

Source: Healthline
တချို့လူတွေက (၂) ည (၃) ညဆက်တိုက်မအိပ်ဘဲ အလုပ်လုပ်နိုင်ကြပါတယ်။ အဲဒီလို အားဖြည့်အချိုရည်တွေရဲ့ အကူအညီနဲ့ မအိပ်ဘဲအလုပ်လုပ်တာ (၂၄) နာရီမှ (၇၂) နာရီကြားထိ ကြာလာတဲ့အခါ ဘာတွေဖြစ်လာမလဲဆိုတော့ အာရုံစူးစိုက်နိုင်စွမ်းမရှိတော့ပါဘူး။ မှတ်ဉာဏ်အားနည်းလာမယ်။ အတိတ်မေ့ရောဂါ (အယ်လ်ဇိုင်းမား) ဖြစ်နိုင်ခြေများလာမယ်။ ကျောက်ကပ်ထိခိုက်မယ်။ ဒီထက်ကြာလာရင် ကျောက်ကပ်ရပ်သွားတဲ့အထိ ဖြစ်လာနိုင်ပါတယ်။
သွေးတိုးခြင်း

Source: Sleep Centers of Middle Tennessee
တစ်ညအိပ်ချိန် (၆) နာရီထက်လျော့နည်းမယ်ဆိုရင် သွေးတိုးရောဂါဖြစ်စေနိုင်ပြီး တစ်ညအိပ်ချိန် (၅) နာရီအောက် ရောက်သွားမယ်ဆိုရင်တော့ သွေးပေါင်ချိန်အရမ်းမြင့်တက်လာစေနိုင်ပြီး မူးဝေတာမျိုး ဖြစ်လာနိုင်ပါတယ်။ အိပ်စက်ခြင်းက စိတ်ဖိစီးမှုကိုဖြစ်စေတဲ့ ဟော်မုန်းတွေကို ထိန်းညှိပေးပြီး အာရုံကြောစနစ်ကိုလည်း ကောင်းမွန်စေတဲ့အတွက် အိပ်ရေးပျက်ခြင်းက ကျန်းမာရေးကိုထိခိုက်စေနိုင်ပါတယ်။
ကိုယ်အလေးချိန်တက်လာမယ်

Source: Clinical Sleep Solutions
တစ်ညကို (၆)နာရီဝန်းကျင်ပဲအိပ်တဲ့သူတွေမှာ စားချင်သောက်ချင်စိတ်ပိုများနေတတ်ပြီး ဇီဝကမ္မလုပ်ဆောင်မှုတွေလည်း ကမောက်ကမဖြစ်လာတဲ့အတွက် ကိုယ်အလေးချိန်လည်း ပိုများလာတတ်ပါတယ်။
