“အစားအသောက်က လူကိုပြင်တယ်” ဆိုတဲ့ စကား ရှိပါတယ်။ အစားအသောက်ပုံစံမှားရင် ရုပ်ပိုင်းရော စိတ်ပိုင်း ကျန်းမာရေးပါ ထိခိုက်စေနိုင်ပါတယ်။ ဥပမာ- မ ဟော်မုန်းလို့ ခေါ်တဲ့ အီစထရိုဂျင်မြင့်တဲ့ အစားအသောက်တွေကို ယောင်္ကျားလေးတွေ အစားများရင် မျိုးမအောင်တာ ၊ စိတ်ဓါတ်ကျတာ နဲ့ လိင်မှုကိစ္စစွမ်းရည် ကျဆင်းတာတွေ ဖြစ်နိုင်ပါတယ်။
ဒီတော့ အီစထရိုဂျင်ပါတဲ့ အစားအသောက်တွေ များများ မစားမိအောင် ရှောင်ဖို့ လိုလာပါပြီ။ အခုပြောမယ့် အစားအသောက်တွေက အီစထရိုဂျင်မြင့်ပါတယ်။ တစ်ခါစားရင် တစ်အောင်စထက် ပိုမစားသင့်တဲ့ အစားအသောက်တွေပါ။ ဘယ်လို အစားအသောက်တွေလဲ ဆိုရင် နံပါတ်တစ်က အသား ( Meat) ဖြစ်ပါတယ်။ အသားတွေ များများ စားတာဟာ အသားမှာ ပါတဲ့ အီးစထရိုဂျင်ဟော်မုန်းတွေ အားပါးတရ စားသုံးပြီးသား ဖြစ်မှာပါ။

Photo: Unsplash
နောက်တစ်ခုက နို့ဖြစ်ပါတယ်။နွားနို့ကို အီစထရိုဂျင်အရည်လို့တောင် ကင်ပွန်းတပ်ထားပါတယ်။ နွားနို့မှာ အီစထရိုဂျင်နဲ့ ဖီတိုအီစတိုဂျင်ဆိုတဲ့ ဟော်မုန်းတွေ အများအပြား ပါဝင်လို့ ဖြစ်ပါတယ်။ ကာဗွန်ဟိုက်ဒရိတ်တွေကလည်း အီစထရိုဂျင်မြင့်လို့ အများကြီး မစားသင့်တဲ့ အထဲမှာ ပါပါတယ်။ ကာဗွန်ဟိုက်ဒရိတ်တွေ ဖြစ်တဲ့ ပေါင်မုန့် ၊ ပီဇာ နဲ့ ပါစတာတွေကို အများကြီး မစားပါနဲ့။
အရက် ဘီယာတွေကလည်း အီစထရိုဂျင် level တက်စေပါတယ်။ ဘီယာ အရက် အသောက်များသူတွေဟာ ဖီတိုအီစထရိုဂျင် ကြောင့် ရင်သားအုံတွေ တွဲကျတာမျိုး အဖြစ်များတတ်ပါတယ်။ ဒါကြောင့် ဘီယာသောက်တာဟာ Man Boobs လို့ ခေါ်တဲ့ အမျိုးသားတွေ ရင်အုံတွဲကျတာ ဖြစ်စေပါတယ်။ နောက်တစ်ခုက ဆေးခြောက် Weed သုံးတာ ရှောင်ပါ။ ဆေးခြောက်သောက်ရင်လည်း Man Boobs တွေ ဖြစ်စေနိုင်လို့ပါ။

Photo: Unsplash
ဖီတိုအီစထရိုဂျင်များတဲ့ အစားအသောက်တွေထဲမှာ ပဲတောင့်ရှည် ၊ ပဲသီးနဲ့ အစေ့အဆံတွေ ပါပါတယ်။ ကျန်းမာရေးအရ ကောင်းကျိုးများတယ်ဆိုပေမယ့် တစ်ချိန်လုံး ဒါချည်းပဲ စားတာများရင် မကောင်းပါဘူး။ အလားတူ ပဲပိစပ်တွေကို အခြေခံထားတဲ့ အစားအသောက်တွေလည်း အလွန်အကျွံ မစားဖို့ လိုပါတယ်။
