လူအများစုက အဆီဆိုတာနဲ့ ကျန်းမာရေးကို ဆိုးကျိုးဖြစ်စေတယ်လို့ပဲ မှတ်ယူထားကြတယ်။ ဒါပေမယ့် သကြားနဲ့ ပြုပြင်ထားတဲ့ အစားအစာတွေကိုတော့ စားကြတယ်။ ဒီအစားအစာတွေက အဆီထက်တောင်လူကို ပိုပြီး ဆိုးကြိုးဖြစ်စေပါတယ်။

ကျွမ်းကျင်သူတွေရဲ့ လေ့လာမှုတွေအရ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီတွေရှိပါတယ်။ ဒီနေ့ ကျန်းမာရေးအတွက် စားပေးသင့်တဲ့ အဆီပါဝင်တဲ့ အစားအစာတွေအကြောင်းပြောပြပေးသွားမှာပါ။

ထောပတ်သီး

Source: Penn State University

ထောပတ်သီးက အခြားအသီးတွေနဲ့ မတူကွဲပြားတဲ့ အသီးတစ်မျိုးဖြစ်ပါတယ်။ ထောပတ်သီးမှာ အဆီပါဝင်မှုနှုန်းက (၇၇) ရာခိုင်နှုန်းရှိပါတယ်။ ထောပတ်သီးမှာ ပိုတက်ဆီယမ်၊ အမျှင်ဓာတ်နဲ့ နှလုံးသွေးကြောကျန်းမာရေးအတွက် အထောက်အကူဖြစ်စေတဲ့ အာဟာရဓာတ်တွေလည်း ပါဝင်ပါတယ်။

ချိစ်

Source: Geelong Medical & Health Group

ချိစ်ဟာ အာဟာရဓာတ်ကြွယ်ဝတဲ့ အစားအစာတစ်မျိုး ဖြစ်ပါတယ်။ ချိစ်တစ်စိတ်မှာပါဝင်တဲ့ အာဟာရဓာတ်က နွားနို့တစ်ခွက်မှာ ပါဝင်တဲ့ အာဟာရဓာတ်နဲ့ ညီမျှပါတယ်။ ပြီးတော့ ကျန်းမာရေးအတွက် လိုအပ်တဲ့ ဗီတာမင်ဓာတ်တွေ၊ သတ္တုဓာတ်တွေ၊ အရည်အသွေးပြည့်ဝတဲ့ ပရိုတင်းတွေနဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီတွေပါဝင်ပါတယ်။

အနက်ရောင် ချောကလက်

Source: Healthline

အနက်ရောင်ချောကလက်က အရသာရှိသလို ကျန်းမာရေးနဲ့လည်း ညီညွတ်တဲ့ အစားအစာတစ်ခုပေါ့။ အဆီပါဝင်မှုနှုန်းမြှင့်မားပေမယ့် အာဟာရဓာတ်တွေနဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ အများအပြားပါဝင်ပါတယ်။ ဒီဓာတ်တွေက နှလုံးသွေးကြော ကျန်းမာရေးအတွက် အလွန်အထောက်အကူပြုပါတယ်။ အမျှင်ဓာတ်က (၁၁) ရာခိုင်နှုန်း ပါဝင်နေပြီး သံဓာတ်၊ မဂ္ဂနီဆီယမ်၊ ကော့ပါး နဲ့ မဂ္ဂနိ့တို့ ကြွယ်ဝစွာပါဝင်နေတာကြောင့် ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေကို အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။ ဦးနှောက်စွမ်းဆောင်ရည်ကို ကောင်းမွန်စေနိုင်ပြီး နေလောင်ဒဏ်ကြောင့် အရေပြားထိခိုက်ပျက်စီးမှုကနေ ကာကွယ်ပေးပါတယ်။