High-Top Sneakers ဆိုတာ အလွယ်ပြောရရင်တော့ ခြေချင်းဝတ်ဖုံးတဲ့ လည်ရှည် Sneakers တွေ ဖြစ်ပါတယ်။ ၁၈၉၀ ခုနှစ် ကာလတွေကတည်းက High-Top Sneakers တွေ စတင်ပေါက်ပေါက်ခဲ့တာ ဖြစ်ပြီး အဓိက အားကစားသမားတွေအတွက် ရည်ရွယ်ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ ဖက်ရှင်ရေစီးကြောင်းရဲ့ ပြောင်းလဲလာမှုတွေအရ High-Top Sneakers တွေဟာ အားကစားသမားစီး ဖိနပ်အဖြစ်ကနေ နေရာမရွေးဝတ်ဆင်နိုင်တဲ့ Iconic ဖြစ်တဲ့ Sneakers အဖြစ် လူကြိုက်များလာခဲ့ပြီး လူငယ်အမျိုးသားထုကြားမှာ စတိုင်ကျကျ ရွေးချယ်ဝတ်ဆင်လာကြတဲ့ Sneakers တစ်ရံ ဖြစ်လာပါတယ်။ ဒီတစ်ခေါက်မှာတော့ High-Top Sneakers တွေနဲ့ တွဲဖက်ဝတ်ဆင်နိုင်မယ့် အလိုက်ဖက်ဆုံး ဖက်ရှင်  အတွဲအစပ် တွေကို ပြောပြပေးချင်ပါတယ်။

(၁) High-Top Sneakers နဲ့ Jeans

Photo : DMARGE

ပေါ့ပေါ့ပါးပါးနဲ့ စတိုင်ကျတဲ့ ဖက်ရှင်အတွက် High-Top Sneakers နဲ့ Jeans ဘောင်းဘီကို တွဲဖက်ဝတ်ဆင် နိုင်ပါတယ်။ ဟိတ်ဟန်ကြီးကြီး ဖက်ရှင်မျိုးမဟုတ်ပဲ လွတ်လပ်ပေါ့ပါးပြီး လူငယ်ဆန်ဆန် သက်တောင့်သက်သာရှိတဲ့ ထသွားထလာ ဖက်ရှင်တစ်ခုအနေနဲ့ ဝတ်မယ်ဆိုရင်တော်တော်လေး အဆင်ပြေပါတယ်။ အနက်ရောင် ဒါမှမဟုတ် အဖြူရောင် Chuck Taylor All Star Sneakers နဲ့ Timeless Denim တစ်ထည်သာ တွဲဝတ်လိုက်ပါ။ အပေါ်က ရိုးရိုးရှင်းရှင်း Crew-Neck Tee-Shirt တစ်ထည်နဲ့ဆိုရင် ပြီးပြည့်စုံတဲ့ ဖက်ရှင် အတွဲအစပ်တစ်ခု ဖြစ်မှာ သေချာပါတယ်။ ရာသီဥတု အခြေအနေပေါ်မူတည်ပြီး နှစ်သက်ရာ ကုတ်အင်္ကျီတစ်ထည် အပေါ်ကနေ ထပ်ဝတ်နိုင်ပါတယ်။

(၂) High-Top Sneakers နဲ့ Chinos

Photo : DMARGE

Chinos ဘောင်းဘီတွေကို Smart Casual ဖက်ရှင်ဆင်ယင်မှုရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် လူသိများပါတယ်။ စမတ်ကျရမယ် ၊ ပေါ့ပေါ့ပါးပါးလည်းရှိရမယ်ဆိုရင်တော့ High-Top Sneakers နဲ့ Chinos ဘောင်းဘီကို တွဲဝတ်နိုင်ပါတယ်။ ကာကီရောင် Chinos ဘောင်းဘီတွေကို Polo Shirt ဒါမှမဟုတ် အစင်းဒီဇိုင်း Oxford Shirt တွေနဲ့ စတိုင်ကျကျ တွဲဖက်ဝတ်ဆင်လို့ ရပါတယ်။ Navy ကာလာ Chinos ဘောင်းဘီတွေကြိုက်သူတွေလည်း ရွေးချယ်နိုင်ပါတယ်။ Shirt နဲ့ ဝတ်မယ်ဆိုရင် အင်္ကျီရဲ့ အောက်ခြေကို ဘောင်းဘီထဲထည့်ဝတ်ပြီး Chinos ဘောင်းဘီရဲ့ အောက်ဖျားကို ခေါက်ဝတ်တာက ပိုပြီး လူငယ်ဆန်ဆန်နဲ့ စတိုင်ကျ ကြည့်ကောင်းစေမှာ ဖြစ်ပါတယ်။

(၃) High-Top Sneakers နဲ့ Shorts

Photo : DMARGE

High-Top Sneakers လို လည်ရှည်ဖိနပ်တွေနဲ့ ဘောင်းဘီတိုဖက်ရှင်က ဝတ်တက်ရင် တော်တော်လေး ကြည့်ကောင်းတဲ့ ဖက်ရှင် အတွဲအစပ် တစ်ခု ဖြစ်ပါတယ်။ High-Top Sneakers တွေက အဓိကအားဖြင့် Baggy ဖြစ်တဲ့ ဘောင်းဘီတို ဒီဇိုင်းနဲ့ လူငယ်ဆန်တဲ့ Tees တွေနဲ့ တွဲဖက်ဝတ်လို့ အလိုက်ဖက်ဆုံး ဖြစ်ပါတယ်။ ပြောရရင် ၉၀ ခုနှစ်ကာလတွေက စကိတ်စီး အားကစားသမားတွေရဲ့ လန်းဆန်းတက်ကြွတဲ့ ဖက်ရှင်စတိုင်မျိုး ဖြစ်ပါတယ်။ နွေရာသီစတိုင် Shirts အင်္ကျီကို လက်ခေါက်ပြီး ဝတ်နိုင်သလို လုံးစွတ် Hoodie တွေနဲ့လည်း တွဲဖက်ဝတ်ဆင်လို့ ရပါတယ်။

Featured Photo : DMARGE