အနုပညာရှင်သရုပ်ဆောင်ဖြစ်ရတာ ကမ္ဘာပေါ်က အကောင်းဆုံးအလုပ်တခုလို့ထင်ကြမှာပါ။ ကမ္ဘာတဝှမ်းလုံးကို ခရီးသွားလို့ရတယ်။ တခြားနာမည်ကျော်အနုပညာရှင်တွေနဲ့လည်း တွေ့ဆုံနိုင်တယ်။ ဒါပေမယ့် ဒါတွေကသင် မြင်ရသလောက်ပဲရှိသေးတာပါ တခြားနောက်ကွယ်ကမမြင်ရတဲ့စိန်ခေါ်မှုများစွာနဲ့ အန္တရာယ်များလွန်းတဲ့စွန့်စားခန်းတွေ စိတ်ပိုင်းရုပ်ပိုင်းပြောင်းလဲမှုတွေပါလုပ်ရတဲ့ သရုပ်ဆောင်အလုပ်က ဒါကြောင့်လဲ အလွန်ဝင်ငွေကောင်းတဲ့အလုပ်အကိုင်ဖြစ်နေတာပါ။ အခုပြောပြပေးမှာက ဒီလိုဝင်ငွေကောင်းတဲ့သရုပ်ဆောင်တွေထဲက ကြေးအများဆုံးပေးရတဲ့အနုပညာရှင် ၄ဦးကိုပြောပြပေးမှာပါ။

(၁) Tyler Perry

အမေရိကန်သရုပ်ဆောင်၊ စာရေးဆရာ၊ ထုတ်လုပ်သူ၊ ဒါရိုက်တာ တိုင်လာပယ်ရီဟာ သရုပ်ဆောင်ကြေးအမြင့်ဆုံး ရရှိတဲ့ အနုပညာရှင်တဦးဖြစ်ပါတယ်။ အရင်က အိုးမဲ့အိမ်မဲ့နေခဲ့ရဖူးတဲ့ ဒီပုဂ္ဂိုလ်ဟာအခုချိန်မှာတော့ ၂၀၂၀ ဩဂုတ်လမှာတော့ ဒေါ်လာ၉၇သန်းချမ်းသာတဲ့ ဘီလျံနာအဖြစ်စာရင်းဝင်သွားခဲ့ပါပြီ။

(၂) Dwayne Johnson (The Rock)

The Rock သရုပ်ဆောင်ကြီးကိုတော့ အားလုံးသိကြပြီးဖြစ်မှာပါ။ Jumanji ရုပ်ရှင်ထဲက သူ့ရဲ့ရယ်စရာသရုပ် ဆောင်ချက်တွေအပြီးမှာတော့ Dwayne ဟာ ကြေးအမြင့်ဆုံးသရုပ်ဆောင်တဦးဖြစ်သွားခဲ့ပါတယ်။ သရုပ်ဆောင်ဝင်ငွေတွေအပြင် အင်စတာဂရမ်လိုဆိုရှယ်မီဒီယာတွေကနေ ရုပ်ရှင်တွေထဲမှာ သူအသုံးပြုပြတဲ့အားကစားပစ္စည်းကြော်ငြာတွေကနေလဲ ဝင်ငွေရတာဖြစ်ပါတယ်။ လက်ရှိပိုင်ဆိုင်မှု ၈၇.၅သန်းရှိပါတယ်။

(၃) Ryan Reynolds

ကနေဒီယန်း-အမေရိကန်သရုပ်ဆောင်တဦးဖြစ်တဲ့ Ryan Reynolds ဟာလဲ ကြေးမြင့်သရုပ်ဆောင်တွေထဲမှာ ပါပါတယ်။ Ryan Reynolds ဟာ သရုပ်ဆောင်စွမ်းရည်နဲ့ပတ်သတ်ရင် အလွန်ထူးချွန်သူတဦးဖြစ်တဲ့အပြင် Aviation American Gin အရက်လုပ်ငန်းကိုပြန်လည်ရောင်းချပြီး ဝင်ငွေများစွာရရှိနေပါတယ်။ လက်ရှိပိုင်ဆိုင်မှုဝင်ငွေ ဒေါ်လာ ၇၁.၅သန်းပိုင်ဆိုင်ထားပါတယ်။

(၄) Mark Wahlberg

နောက်ထပ်ကြေးမြင့်သရုပ်ဆောင်တယောက်ကတော့ ဒီကပရိသတ်တွေတော်တော်များများသိကြတဲ့ Mark Wahlberg ပဲ ဖြစ်ပါတယ်။ အသက် ၄၉နှစ်ရှိပြီဖြစ်တဲ့ ဒီသရုပ်ဆောင်ကြီးဟာ သရုပ်ဆောင်အလုပ်အပြင် သူ့ရဲ့ကိုယ်ပိုင်ဘာဂါလုပ်ငန်းနဲ့ အားကစာရုံလုပ်ငန်းတွေလဲလုပ်ကိုင်ပါတယ်။ ပိုင်ဆိုင်မှုဝင်ငွေဒေါ်လာ ၅၈သန်းခန့်ရှိပြီး အင်စတာဂရမ်မှာလဲ သူ့ရဲ့အားကစားရုံကိုမကြာခနဖော်ပြလေ့ရှိပါတယ်။