မေန႔ညက ကစားခ့ဲတ့ဲ ဟက္ဒါဖီးလ္အသင္းနဲ႔ ပရီးမီးယားလိဂ္ အိမ္ကြင္းပြဲစဥ္မွာ လီဗာပူးအသင္းက ၅-၀ ဂိုးျဖင့္ အႏုိင္ရရွိကာ မန္စီးတီးအသင္းထက္ တစ္ပြဲပိုကစားၿပီးခ်ိန္မွာ အမွတ္ေပးဇယားကို ယာယီဦးေဆာင္လုိက္ၿပီျဖစ္ပါတယ္။ တန္းဆင္းၿပီးသား ဟက္ဒါဖီးလ္အသင္းကို အိမ္ကြင္းမွာ လက္ခံကစားခ့ဲရတ့ဲ ပြဲမွာ လီဗာပူးအသင္းက ေျခအသာနဲ႔ ကစားႏုိင္ခ့ဲၿပီး အခုလို ဂိုးျပတ္အႏုိင္ရရွိခ့ဲျခင္းျဖစ္ကာ ကီတာကလည္း ပြဲအစ (၁၅) စကၠန္႔မွာတင္ အသင္းအတြက္ ဦးေဆာင္ဂိုးတစ္ဂိုးကို သြင္းယူေပးႏုိင္ခ့ဲပါတယ္။

Photo Credit : Ghanasoccernet.com

ၿပိဳင္ဘက္ ဟက္ဒါဖီးလ္အသင္းရဲ႕ ဂုိးသမားျဖစ္သူ ေလာ့ဆဲလ္ရဲ႕ အမွားကတစ္ဆင့္ ရရွိလာခ့ဲတ့ဲ အခြင့္အေရးကို ကြင္းလယ္ကစားသမား နာဘီကီတာက ကန္သြင္းယူကာ လီဗာပူးအသင္းအတြက္ ဦးေဆာင္ဂိုးရရွိခ့ဲၿပီး ဒီဂုိးကလည္း ပရီးမီးယားလိဂ္သမုိင္းတစ္ေလွ်ာက္ လီဗာပူးအသင္းရဲ႕ အျမန္ဆံုး သြင္းဂိုးအျဖစ္ မွတ္တမ္းဝင္သြားခ့ဲပါတယ္။ ေလာ့ဆဲလ္ရဲ႕ အမွားကုိ လီဗာပူးအသင္းရဲ႕ ေတာင္ပံကစားသမား ဆာလာက ေဘာလံုးရရွိသြားခ့ဲၿပီး ကီတာဆီ ခ်အေပး ကီတာက ၿပိဳင္ဘက္ေနာက္ခံလူတစ္ေယာက္ တားဆီးေနတ့ဲၾကားထဲက ကန္သြင္းယူႏုိင္ခ့ဲျခင္းလည္း ျဖစ္ပါတယ္။

Photo Credit : Yahoo! Sports

ဒီအဖြင့္ဂိုးနဲ႔ ပတ္သက္ၿပီး Sky Sports ရဲ႕ ေဘာလံုးေဝဖန္သံုးသပ္သူ ဂယ္ရီနဗီးလ္က “ဟက္ဒါဖီးလ္အသင္းက သူတို႔ ျပႆနာ သူတုိ႔ရွာခ့ဲတာပါ။ ေနာက္တန္းကေန တုိက္စစ္ကို စတင္တာက ေကာင္းမြန္တ့ဲ အယူအဆျဖစ္ေပမယ့္ လီဗာပူးလို အသင္းကို အေဝးကြင္းမွာ လာကစားေနခ်ိန္မွာ ဒီလို လုပ္တာက ေကာင္းရဲ႕လားဆုိတာ ကြ်န္ေတာ္ ေသခ်ာမသိပါဘူး။” ဟု ဖြင့္ဟေျပာၾကားသြားခ့ဲပါတယ္။

Photo Credit : Goal.com

ၿပီးခ့ဲတ့ဲရက္သတၱပတ္မွာလည္း ေဆာက္သမ္တန္အသင္းရဲ႕ တုိက္စစ္မွဴး ရွိန္းေလာင္းဟာ ဝုလ္ဗ္အသင္းနဲ႔ ကစားခ့ဲတ့ဲ ပြဲစဥ္မွာ ပြဲအစ (၇) စကၠန္႔တည္းက အသင္းအတြက္ ဦးေဆာင္ဂိုးသြင္းယူႏုိင္ခ့ဲၿပီး ပရီးမီးယားလိဂ္ရဲ႕ အျမန္ဆံုးသြင္းဂိုး အျဖစ္ မွတ္တမ္း ဝင္ခ့ဲပါေသးတယ္။ ကီတာက လီဗာပူးအသင္းအတြက္ ဦးေဆာင္ဂိုးသြင္းယူၿပီးေနာက္မွာေတာ့ မာေနးနဲ႔ဆာလာတုိ႔က အသင္းအတြက္ ေနာက္ထပ္ ႏွစ္ဂိုးစီသြင္းယူၿပီး ပြဲအၿပီးမွာေတာ့ လီဗာပူးအသင္းက အိမ္ကြင္း အန္ဖီးလ္ ပရိသတ္ေတြရဲ႕ ေရွ႕မွာ ငါးဂုိးျပတ္နဲ႔ ေအာင္ပြဲခံကာ အမွတ္ေပးဇယားကို ယာယီဦးေဆာင္ႏုိင္ခဲ့တာလည္း ျဖစ္ပါတယ္။

(Unicode)

မနေ့ညက ကစားခဲ့တဲ့ ဟက်ဒါဖီးလ်အသင်းနဲ့ ပရီးမီးယားလိဂ် အိမ်ကွင်းပွဲစဉ်မှာ လီဗာပူးအသင်းက ၅-၀ ဂိုးဖြင့် အနိုင်ရရှိကာ မန်စီးတီးအသင်းထက် တစ်ပွဲပိုကစားပြီးချိန်မှာ အမှတ်ပေးဇယားကို ယာယီဦးဆောင်လိုက်ပြီဖြစ်ပါတယ်။ တန်းဆင်းပြီးသား ဟက်ဒါဖီးလ်အသင်းကို အိမ်ကွင်းမှာ လက်ခံကစားခဲ့ရတဲ့ ပွဲမှာ လီဗာပူးအသင်းက ခြေအသာနဲ့ ကစားနိုင်ခဲ့ပြီး အခုလို ဂိုးပြတ်အနိုင်ရရှိခဲ့ခြင်းဖြစ်ကာ ကီတာကလည်း ပွဲအစ (၁၅) စက္ကန့်မှာတင် အသင်းအတွက် ဦးဆောင်ဂိုးတစ်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။

Photo Credit : Ghanasoccernet.com

ပြိုင်ဘက် ဟက်ဒါဖီးလ်အသင်းရဲ့ ဂိုးသမားဖြစ်သူ လော့ဆဲလ်ရဲ့ အမှားကတစ်ဆင့် ရရှိလာခဲ့တဲ့ အခွင့်အရေးကို ကွင်းလယ်ကစားသမား နာဘီကီတာက ကန်သွင်းယူကာ လီဗာပူးအသင်းအတွက် ဦးဆောင်ဂိုးရရှိခဲ့ပြီး ဒီဂိုးကလည်း ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် လီဗာပူးအသင်းရဲ့ အမြန်ဆုံး သွင်းဂိုးအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။ လော့ဆဲလ်ရဲ့ အမှားကို လီဗာပူးအသင်းရဲ့ တောင်ပံကစားသမား ဆာလာက ဘောလုံးရရှိသွားခဲ့ပြီး ကီတာဆီ ချအပေး ကီတာက ပြိုင်ဘက်နောက်ခံလူတစ်ယောက် တားဆီးနေတဲ့ကြားထဲက ကန်သွင်းယူနိုင်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။

Photo Credit : Yahoo! Sports

ဒီအဖွင့်ဂိုးနဲ့ ပတ်သက်ပြီး Sky Sports ရဲ့ ဘောလုံးဝေဖန်သုံးသပ်သူ ဂယ်ရီနဗီးလ်က “ဟက်ဒါဖီးလ်အသင်းက သူတို့ ပြဿနာ သူတို့ရှာခဲ့တာပါ။ နောက်တန်းကနေ တိုက်စစ်ကို စတင်တာက ကောင်းမွန်တဲ့ အယူအဆဖြစ်ပေမယ့် လီဗာပူးလို အသင်းကို အဝေးကွင်းမှာ လာကစားနေချိန်မှာ ဒီလို လုပ်တာက ကောင်းရဲ့လားဆိုတာ ကျွန်တော် သေချာမသိပါဘူး။” ဟု ဖွင့်ဟပြောကြားသွားခဲ့ပါတယ်။

Photo Credit : Goal.com

ပြီးခဲ့တဲ့ရက်သတ္တပတ်မှာလည်း ဆောက်သမ်တန်အသင်းရဲ့ တိုက်စစ်မှူး ရှိန်းလောင်းဟာ ဝုလ်ဗ်အသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ ပွဲအစ (၇) စက္ကန့်တည်းက အသင်းအတွက် ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်ရဲ့ အမြန်ဆုံးသွင်းဂိုး အဖြစ် မှတ်တမ်း ဝင်ခဲ့ပါသေးတယ်။ ကီတာက လီဗာပူးအသင်းအတွက် ဦးဆောင်ဂိုးသွင်းယူပြီးနောက်မှာတော့ မာနေးနဲ့ဆာလာတို့က အသင်းအတွက် နောက်ထပ် နှစ်ဂိုးစီသွင်းယူပြီး ပွဲအပြီးမှာတော့ လီဗာပူးအသင်းက အိမ်ကွင်း အန်ဖီးလ် ပရိသတ်တွေရဲ့ ရှေ့မှာ ငါးဂိုးပြတ်နဲ့ အောင်ပွဲခံကာ အမှတ်ပေးဇယားကို ယာယီဦးဆောင်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။