အလုပ်ခွင်စဝင်တဲ့သူတွေပဲဖြစ်စေ ကုပ္မဏီအပြောင်းအရွေ့လုပ်သူတွေပဲဲဖြစ်စေ အလုပ်ဝင်တဲ့ပထမဆုံးနေ့ဟာ ရင်အခုန်ရဆုံးနေ့တစ်နေ့ဖြစ်ပါတယ်။ ဘယ်သူပဲဖြစ်ဖြစ်ကိုယ်နဲ့ရင်းနှီးကျွမ်းဝင်မှုသေးတဲ့ နေရာသစ်တစ်ခုအတွက် ကြောက်စိတ်နဲ့စိုးရိမ်စိတ်တွေတော့ရှိကြတာ သဘာဝပါ။ဒါပေမယ့်စိတ်မပူပါနဲ့။ အခုပြောပြမယ့်အချက်တွေကိုလုပ်ဆောင်ကြည့်မယ်ဆိုရင် အလုပ်ခွင်ဝင်တဲ့ပထမဆုံးနေ့ဟာ သင့်အတွက်အပျော်ရွှင်ရဆုံး နေ့တစ်နေ့ဖြစ်လာနိုင်ပါတယ်။
(၁) စိုးရိမ်စိတ်တွေဖျောက်ထားပါ
Source : Shutterstock
ပထမဆုံးအလုပ်ဝင်တဲ့နေဟာ စိတ်လှုပ်ရှားဖို့ကောင်းတယ်ဆိုတာမှန်ပေမယ့် အတက်နိုင်ဆုံးစိုးရိမ်စိတ်တွေ ကိုလျော့ချထားဖို့အရေးကြီးပါတယ်။စိုးရိမ်စိတ်တွေကြောက်စိတ်တွေလွန်ကဲနေခြင်းက သင့်ကိုဘားမှအထောက်အကူမဖြစ်စေသလို အလုပ်ခွင်မှာကမောက် ကမဖြစ်စေမှာဖြစ်ပါတယ်။ဒါကြောင့်ဘာပဲဖြစ်ဖြစ်ငါလုပ်တယ်ဆိုတဲ့စိတ်ကိုသွင်းပြီး ယုံကြည်မှုရှိရှိသာဖြတ်သန်းပါ။
(၂) ပြုံးပါ
Source : Shutterstock
ကိုယ်နဲ့တစ်ခါမှမသိတဲ့သူစိမ်းတစ်ယောက်ကို ပြုံးပြတယ်ဆိုတာ ဖော်ရွေပြီးနှစ်လိုဖွယ်ကောင်းခြင်းကိုပြသတဲ့အမူအရာတစ်ခုဖြစ်ပါတယ်။ဒါ့ကြောင့်အလုပ်ခွင်ပထမဆုံးနေ့မှာ လုပ်ဖော်ကိုင်ဖက်အသစ်တွေနဲ့တွေ့တဲ့အခါ ကိုယ်ဘက်ကနေအရင်ဆုံး ပြုံးပြီး လက်ဆွဲနှုတ်ဆက်တာမျိုး ကိုယ့်ကိုယ်ကိုမိတ်ဆက်တာမျိုးပြုလုပ်သင့်ပါတယ်။ဒီလိုပြုမူခြင်းအာဖြင့် သင့်ကိုသူတို့ရဲ့စိတ်ထဲမှာ အမှတ်ရနေစေမှာဖြစ်ပါတယ်။
(၃) တက်တက်ကြွကြွနေပါ
Source : Shutterstock
အလုပ်ခွင်စဝင်တဲ့နေ့မှာ တက်တက်ကြွကြွနေခြင်းက အလုပ်အပေါ် စိတ်အားထက်သန်ကြောင်းကို ဖော်ပြနေတာနဲ့ အတူတူပါပဲ။အလုပ်ခွင်မှာရှက်ကိုးရှက်ကန်းနဲ့ အနေထိုင်ခက်နေတာထက်စာရင် တက်ကြွနေခြင်းက သင့်ကိုပိုပြီးအလုပ်ခွင်နဲ့ အံဝင်ဂွင်ကျဖြစ်စေမှာဖြစ်ပါတယ်။အထက်လူကြီး စီနီယာတွေအနေနဲ့ အလုပ်ကိုစိတ်အားထက်သန်ပြီး တက်ကြွနေသူတစ်ယောက်နဲ့ ပဲ အလုပ်အတူတူတွဲလုပ်ဖို့ ဆန္ဒရှိကြမှာပါ။
(၄) လက်ကိုင်ဖုန်းကိုမေ့ထားပါ
Source : Shutterstock
အလုပ်ခွင်စဝင်တဲ့နေ့မျိုးမှာ ဖြစ်နိုင်ရင် ဖုန်းကို Silent လုပ်ထားသင့်ပါတယ်။အကယ်၍ကိုယ်အားနေတဲ့အချိန်တွေရှိလာခဲ့ရင်လည်း ဖုန်းသုံးနေတာမျိုး ကိုယ်ရေးကိုယ်တာကိစ္စဖုန်းပြောတာမျိုးတွေလုံးဝရှောင်ကျဥ်သင့်ပါတယ်။အတက်နိုင်ဆုံးအလုပ်ထဲမှာပဲ အာရုံစိုက်ထားပြီ အလုပ်ချိန်ပြင်ပ ရုံးဆင်းချိန်ရောက်မှသာ ဖုန်းကိုအဝသုံးဖို့ အကြံပြုချင်ပါတယ်။
(၅) လေ့လာသင်ယူလိုစိတ်ရှိပါ
Source : Shutterstock
အလုပ်ခွင်အသစ်မှာ မသိသေးတဲ့အရာတွေ သင်ယူလေ့လာစရာတွေများနေမှာသေချာပါတယ်။ဒါကြောင့် တက်နိုင်ရင် မှတ်စုစာအုပ်လေးတစ်အုပ်ဆောင်ထားပါ။လုပ်ငန်းသဘောတရားနဲ့ ပတ်သတ်ပြီးဖြစ်စေ အထက်လူကြီးရဲ့ အမှာစကားတွေနဲ့ပတ်သတ်ပြီးဖြစ်စေ မှတ်ထားသင့်တဲ့အရာမှန်သမျှလိုက်လံမှတ်သားထားသင့်ပါတယ်။ဒါဆိုရင် သင်ဟာအလုပ်ကိုတိတိကျကျလုပ်တက်သူ လေ့လာသင်ယူလိုစိတ်များသူတစ်ယောက်အဖြစ် ချီးကျူးဖွယ်ဝန်ထမ်းကောင်းတစ်ယောက်ဖြစ်စေမှာဖြစ်ပါတယ်။