Youtube ပေါ်မှာ View အများဆုံးရထားတဲ့ Rap နဲ့ Hip Hop သီချင်း Music Videos တွေကို ကွီးတို့ သိပြီးပြီလား။ မသိသေးဘူး ဆိုရင်တော့ ဒီဆောင်းပါးလေးမှာ ဖတ်ကြည့်လိုက်ပါ။ Rap နဲ့ Hip Hop ဂီတချစ်သူတွေကြား နာမည်ကြီး လူကြိုက်များတဲ့အပြင် Youtube ပေါ်မှာလည်း ကြည့်ရှု့သူ သန်းနဲ့ ချီရရှိထားတဲ့ အအောင်မြင်ဆုံး MV ၅ ပုဒ် အကြောင်း တင်ဆက်ပေးမှာ ဖြစ်ပါတယ်။ ဘယ်သီချင်းတွေ ဖြစ်မလဲ ဆိုတာ ဆက်ကြည့်လိုက်ရအောင်ပါ။
(၁) See You Again – Wiz Khalifa Ft. Charlie Puth
See You Again သီချင်းကတော့ ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၃၀ ရက်မှာ ယာဉ်မတော်တဆမှုကြောင့် ကွယ်လွန်သွားခဲ့တဲ့ သရုပ်ဆောင် Paul Walker ကို ဂုဏ်ပြုတဲ့အနေနဲ့ ၂၀၁၅ ခုနှစ် ကထွက်ရှိခဲ့တဲ့ Furious 7 ရုပ်ရှင်ဇာတ်ကား ဇာတ်ဝင်တေးအဖြစ် Wiz Khalifa နဲ့ Charlie Puth တို့အတူတူ တွဲဖက်သီဆိုခဲ့တာ ဖြစ်ပါတယ်။ ဒီသီချင်းဟာ Youtube ပေါ်မှာ ကြည့်ရှု့သူ ၅.၄ ဘီလီယံကျော်နဲ့ View အများဆုံး Hip Hop သီချင်းကောင်း တစ်ပုဒ်အဖြစ် ရပ်တည်နေပါတယ်။
(၂) Love The Way You Lie – Eminem Ft. Rihanna
Love The Way You Lie သီချင်းကတော့ ပရိသတ်တွေ အားလုံးနဲ့ ရင်းနှီးပြီးသား သီချင်းတစ်ပုဒ် ဖြစ်ပါတယ်။ ဒီသီချင်းဟာ၂၀၁၀ ခုနှစ်က ထွက်ရှိခဲ့တဲ့ သီချင်းကောင်း တစ်ပုဒ်ဖြစ်ပြီး နာမည်ကြီး ရက်ပ်ပါ Eminem နဲ့အတူ Ft. အနေနဲ့ Rihanna ကပါဝင် သီဆိုထားတာ ဖြစ်ပါတယ်။ Youtube ပေါ်မှာ ကြည့်ရှု့သူ ၂.၃ ဘီလီယံကျော် ရရှိထားပြီး View အများဆုံး Hip Hop သီချင်းကောင်းတွေထဲက တစ်ပုဒ်ပဲ ဖြစ်ပါတယ်။
(၃) Sunflower – Post Malone, Swae Lee
Sunflower သီချင်းကတော့ ၂၀၁၈ ခုနှစ်က ထွက်ခဲ့တဲ့ Spider-Man: Into the Spider-Verse Animation ရုပ်ရှင်ရဲ့ အတူ ထွက်ရှိလာတဲ့ သီချင်းကောင်းတစ်ပုဒ် ဖြစ်ပြီး Post Malone ရဲ့ တတိယမြောက် စတူဒီယိုအယ်လ်ဘမ် Hollywood’s Bleeding (2019) မှာလည်း ပါဝင်ခဲ့ပါတယ်။ ဒီသီချင်းဟာ Youtube ပေါ်မှာ ကြည့်ရှု့သူ ၁.၇ ဘီလီယံကျော်သွားခဲ့ပြီး လူကြိုက်များ ရေပန်းစားတဲ့ Hip Hop သီချင်းကောင်း တစ်ပုဒ် ဖြစ်ပါတယ်။
(၄) Thrift Shop – Macklenmore & Ryan Lewis Ft. Wanz
Thrift Shop သီချင်းကတော့ ၂၀၁၂ ခုနှစ်မှာ ထွက်ရှိခဲ့တာဖြစ်ပြီး ရက်ပ်ပါ Macklenmore & Ryan Lewis နဲ့ Ft. အနေနဲ့ Wanz တို့က အတူတူ တွဲဖက်သီဆိုထားတဲ့ သီချင်းကောင်းတစ်ပုဒ် ဖြစ်ပါတယ်။ ဒီသီချင်းဟာ Youtube ပေါ်မှာ ကြည့်ရှု့သူ ၁.၆ ဘီလီယံကျော် အထိ ရရှိသွားခဲ့ပါတယ်။
(၅) Not Afraid – Eminem
နောက်ဆုံးတစ်ပုဒ်ကတော့ Eminem ရဲ့ Not Afraid သီချင်း ဖြစ်ပါတယ်။ ဒီသီချင်းက ၂၀၁၀ ခုနှစ်က ထွက်ရှိခဲ့တာဖြစ်ပြီး စိတ်ခွန်အားပေးနိုင်တဲ့ သီချင်းကောင်းတစ်ပုဒ်အဖြစ် ပရိသတ်တွေ ကြားမှာ နာမည်ကြီးပါတယ်။ Youtube ပေါ်မှာ ကြည့်ရှု့သူ ၁.၆ ဘီလီယံကျော် ရရှိခဲ့ပြီး လူကြိုက်အများဆုံးနဲ့ အကောင်းဆုံး ရက်ပ်သီချင်းကောင်းတစ်ပုဒ် ဖြစ်ပါတယ်။
အခုပြောပြခဲ့တဲ့ Youtube ပေါ်က လူကြည့်အများ Hip Hop သီချင်း MV ၅ ပုဒ်အပြင် နံပါတ် ၆ နေရာမှာတော့ Post Malone ရဲ့ Congratulations ကြည့်ရှု့သူ ၁.၄ ဘီလီယံ ၊ နံပါတ် ၇ နေရာမှာ Cardi B ၊ Bad Bunny & J Balvin တို့ရဲ့ Like It သီချင်းက ကြည့်ရှု့သူ ၁.၄ ဘီလီယံ ၊ နံပါတ် ၈ နေရာမှာတော့ Drake ရဲ့ God’s Plan သီချင်းက ကြည့်ရှု့သူ ၁.၃ ဘီလီယံ ၊ နံပါတ် ၉ နေရာမှာ Eminem ရဲ့ Without Me သီချင်းက ကြည့်ရှု့သူ ၁.၃ ဘီလီယံ နဲ့ နောက်ဆုံး နံပါတ် ၁၀ နေရာမှာ လည်း Eminem ရဲ့ Rap God သီချင်းက ကြည့်ရှု့သူ ၁.၂ ဘီလီယံကျော် ရရှိထားပြီး လူကြည့်အများဆုံး Hip Hop သီချင်းတွေအဖြစ် ရပ်တည်လျက်ရှိပါတယ်။
Featured Photo : Billboard