HIV ဆိုတာကတော့ လိင်မှတဆင့် ကူးစက် တတ်တဲ့ ရောဂါ တစ်ခုဖြစ်ပြီး တစ်ကြိမ် တစ်ခါလောက် စစ် ကြည့်ပြီး Negative ပြရုံနဲ့လည်း စိတ်ချထားလို့မရပါဘူး။ သူ့ရဲ့ နာမည် အပြည့်အစုံကတော့ Human Immunodeficiency Virus ဆိုတဲ့ ဗိုင်းရပ်စ်ပိုးတစ်မျိုးဖြစ်ပြီး ကူးစက် ခံရပြီးနောက် ရက်သတ္တပတ် ၆ ပတ်မှသာလျှင် သူ့ကို စစ်ဆေး တွေ့ရှိနိုင်တာပဲ ဖြစ်ပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက်ရဲ့ ကိုယ်ခံစွမ်းအားပေါ် မူတည်ပြီးလည်း စောစီးစွာ စစ်ဆေးတွေ့ရှိနိုင်သလို နောက်ကျတာမျိုးလည်း ဖြစ်နိုင်ပါသေးတယ်။

HIV စစ်ဆေးမှုတွေက ဘယ်လောက်ထိတောင် တိကျသလဲ

couple in bed

ထိုဗိုင်းရပ်စ်ပိုးကို ကူးစက် ထိတွေ့ခံရပြီးနောက် ၁၀ ရက် အကြာမှာလည်း စစ်ဆေးတွေ့ရှိနိုင်သလို အချို့လူတွေရဲ့ ဗိုင်းရပ်စ်ပိုးအပေါ် တုန့်ပြန်တဲ့ ကိုယ်ခံစွမ်းအား စနစ်ပေါ်မူတည်ပြီး လအနည်းငယ်ကြာမှလည်း စစ်ဆေး တွေ့ရှိနိုင်ပါတယ်။

ထိုဗိုင်းရပ်စ်ကို ၁၉၈၀ ပြည့်နှစ် အစောပိုင်း ကာလများတုန်းက စတင်ရှာဖွေ တွေ့ရှိခဲ့တာဖြစ်ပြီး Test များကိုလည်း ထိုအချိန်မှတဆင့် ဆင့်ကဲ အဆင့်မြှင့်တင်ခဲ့မှုများကြောင့် တိကျသေချာမှုတော့ ရှိပါတယ်။

HIV ပိုးကို နည်းလမ်း ဘယ်နှမျိုးနဲ့ စစ်ဆေးနိုင်သလဲ

HIV ရောဂါ စစ်

HIV ပိုးကို နည်းလမ်း နှစ်မျိုးနဲ့ စမ်းသပ်စစ်ဆေးနိုင်ပါတယ်။ ပထမတစ်မျိုးကတော့ Nucleic Acid Tests လို့ခေါ်တဲ့ NAT ၊ ဒုတိယတစ်မျိုးကတော့ Antigen Test နဲ့ နောက်ဆုံးတစ်မျိုးကတော့ Antibody Tests ပဲ ဖြစ်ပါတယ်။

ပထမ အမျိုးအစားကတော့ ခန္ဓာကိုယ်ထဲမှ ထုတ်ယူလိုက်တဲ့ သွေးနမူနာကို ဓာတ်ခွဲခန်းများထဲတွင် စမ်းသပ် စစ်ဆေးတာမျိုးပြီး ဒီနည်းနဲ့ဆိုလျှင် ဗိုင်းရပ်စ် စတင် ကူးစက်ခံရတဲ့ ရက် ၁၀ ရက်မှ ၃၃ ရက်နေ့ကြာသည်အထိ စစ်ဆေးတွေ့ရှိနိုင်ပါတယ်။

နောက်ထပ်တစ်မျိုးကတော့ သွေးကြောထဲမှ သွေးများကို ဓာတ်ခွဲခန်းထဲတွင် စစ်ဆေးပြီး အကြမ်းအားဖြင့် ပိုးကူးစက်ခံရတဲ့ ရက် ၁၈ ရက်မှ ၄၅ ရက်အတွင်းကြာပြီဆိုရင်တော့ စစ်ဆေးတွေ့ရှိနိုင်ပါတယ်။ တကယ်လို့ သွေးနမူနာကို လက်ချောင်းထဲကနေ ထုတ်ယူတယ်ဆိုရင်တော့ ကူးစက်ခံရပြီး ရက်ပေါင်း ၉၀ ကြာမှသာလျှင် စစ်ဆေးတွေးရှိနိုင်မှာပဲ ဖြစ်ပါတယ်။

နောက်ဆုံးတစ်မျိုးဖြစ်တဲ့ Antibody Test ကတော့ သွေးကြောထဲမှ သွေးနမူနာကို ရယူတာပဲ ဖြစ်ပါတယ်။ ဒီနည်းနဲ့ဆိုရင်တော့ သွေးကြာထဲက သွေးအပြင် လက်ချောင်းထဲက သွေး (သို့) တံတွေး (သို့) ဆီး တို့ကိုပါ အသုံးပြုပြီး စစ်ဆေးနိုင်ပါတယ်။​

False Positives နဲ့ False Negatives ဆိုတာကရော

HIV ရောဂါ စစ်

တစ်ခါတစ်လေမှာ မှားယွင်းပြီးတော့ HIV ပိုး ရှိတယ်လို့လည်း ပြသနိုင်သလို ရှိရက်သားနဲ့လည်း မရှိဘူးဆိုပြီး မှားယွင်းတာမျိုးလည်း ရှိပါသေးတယ်။

ရှိရဲ့သားနဲ့ မရှိတဲ့ False Negatives ကျတော့ ပိုးကူးစက်ခံရပြီး ရက်မကြာသေးခင်မှာ စစ်ဆေးလိုက်လို့ မရှိဘူးဆိုပြီး ပြသတာမျိုးပါ။ ဒီလိုအခါမျိုးမှာဆိုရင် Follow-Up Test ဆိုပြီးနောက် အချိန်တစ်ခု စောင့်ပြီး ထပ်မံစစ်ဆေးဖို့ လိုအပ်ပါတယ်။ ပြန်လည်စစ်ဆေးတဲ့ အခါမှာတော့ ပိုးရှိနေကြောင်း ပြသဖို့ များပါတယ်။

တကယ်လို့ Positive ပြသလို့ မယုံရဲသေးဘူးဆိုရင်လည်း နောက်ထပ်တစ်ကြိမ် ထပ်မံ စစ်ဆေးသင့်ပါတယ်။ ဒါ့ကြောင့် HIV ကူးစက် ရောဂါ ပိုးသည် ပထမတစ်ကြိမ် စစ် ဆေးရုံနဲ့ မလုံလောက်ဘူးဆိုတာပဲ ဖြစ်ပါတယ်။

ဘယ်လိုအချိန်မျိုးမှာ ဒုတိယအကြိမ် ထပ်မံ စစ်ဆေးသင့်သလဲ

HIV ရောဂါ စစ်

ပထမတစ်ကြိမ် စစ်ဆေးပြီး ၃ လကြာတဲ့နောက်မှာ နောက်တစ်ကြိမ် ထပ်မံ စစ်ဆေးသင့်ပါတယ်။ တကယ်လို့ ကွီးတို့က နှစ်ကြိမ် စလုံး စစ်ပြီးပြီး နှစ်ကြိမ်စလုံ မရှိဘူးလို့ ပြတယ်။ ဒါပေမဲ့ အကာအကွယ် မသုံးဘဲ ချစ်တင်းနှောမိလို့ ကိုယ့်ကိုယ်ကိုယ် သံသယရှိတယ်ဆိုရင်လည်း ထပ်မံ စစ်ဆေးဖို့ လိုအပ်ပါသေးတယ်။ ဒါ့ကြောင့် အစောကတည်းက အကာအကွယ်အသုံးပြုပြီး မိမိကိုယ်ကိုယ် ကာကွယ်သင့်ပါတယ်။

ကွီးတို့ရော ဘယ်လိုထင်မြင်ယူဆပါသလဲ။​

Source: Healthline

Featured Image: 1800myoptions.org.au