ကျောင်းသားဘဝဆိုတာ မိဘဆီက လက်ဖြန့်ခံရတဲ့ အနေအထားက ခပ်များများပါ။ ဒါပေမယ့်လည်း ဒီဝါသနာလေးတွေ ရှိတဲ့ ကျောင်းသားတွေဆို ကျောင်းတက်ရင်း ကိုယ့်ပိုက်ဆံနဲ့ကိုယ် သုံးနိုင်စွဲနိုင်သူတွေ ဖြစ်လာပါလိမ့်မယ်။

(၁) ဘလော့ဂ် ရေးခြင်း

Photo: Unsplash

စာရေးတာ ဝါသနာပါသူတွေအတွက် လက်လည်း သွေးရ ၊ ဝင်ငွေလည်း ရမယ့်အလုပ်ပါ။ ဝက်ဘ်ဆိုက်တွေမှာ ဘလော့ဂ်တွေ ဝင်ရေးတာ ၊ Content ရေးတာတို့ဟာ အလုပ်အကိုင် လိုအပ်ချက် မြင့်လာတဲ့ Job Lists ထဲမှာ ပါပါတယ်။ စီးပွားရေး လုပ်ငန်းရှင်တွေ နဲ့ ဝက်ဘ်ဆိုက် မန်နေဂျာတွေဟာ သူတို့ဝက်ဘ်ဆိုက်တွေမှာ အရည်အသွေးမြင့်တဲ့ ထုတ်ကုန်အကြောင်း Contents တွေ ရေးပေးနိုင်တဲ့ ဘလော့ဂါတွေ ရှာနေပါတယ်။

(၂) ဂရပ်ဖစ် ဒီဇိုင်းဆွဲခြင်း

Photo: Unsplash

ကျောင်းသားဘဝမှာ အချိန်အပိုင်းအခြားတစ်ခုနဲ့ အလွတ်တန်းလုပ်နိုင်တဲ့ အလုပ်တစ်ခုက ဂရပ်ဖစ်ဒီဇိုင်းဆွဲတာပါပဲ။ Graphic Design ဆွဲတဲ့ အလုပ်ဟာ ဝင်ငွေလည်း ကောင်းသလို အလုပ်လည်း ပေါပါတယ်။ ကျောင်းပြီးချိန်မှာ ပရော်ဖက်ရှင်နယ်အနေနဲ့ ရပ်တည်သင့်တဲ့ ပညာရပ်လည်း ဖြစ်ပါတယ်။

(၃) Video Editing

Photo: Pexels

ဂရပ်ဖစ် ဒီဇိုင်းဆွဲတာလိုပဲ အလုပ်အကိုင် ခေါ်ဆိုမှုများတာက Video Editor ပါ။ ဒီအလုပ်ဟာ ကျောင်းတက်ရင်း လုပ်လို့ရတာကြောင့် ကျောင်းသားတွေနဲ့လည်း အဆင်ပြေပါတယ်။ အပြင်အလွတ်တန်းအနေနဲ့ အပ်ချင်တဲ့ ကုမ္ပဏီတွေလည်း အများကြီးပါပဲ။ ဒီတော့ Video Editing Skill လည်း ရှိတယ်။ အချိန်လည်း ပေးနိုင်တယ်ဆိုရင် ကျောင်းတက်ရင်း ပိုက်ဆံဝင်မယ့်အလုပ် ရနေပြီလို့ ယုံလိုက်ပါ။

(၄) Web Site ရေးဆွဲခြင်း

Photo: Unsplash

ကွန်ပျူတာကျောင်းတက်နေတာပဲ ဖြစ်ဖြစ် IT Skill ရှိလို့ပဲ ဖြစ်ဖြစ် လုပ်နိုင်တဲ့ နောက်အလုပ်တစ်ခုက App ရေးတာ ၊ ဝက်ဘ်ဆိုက် ဒီဇိုင်းဆွဲတာနဲ့ တစ်ခြား အိုင်တီနဲ့ဆိုင်တဲ့ အလုပ်တွေ ရှိပါတယ်။ ဒီနေ့ခေတ်မှာ Outsourcing အပ်တဲ့ အိုင်တီကုမ္ပဏီတွေလည်း မနည်း မနောရှိနေတာကြောင့် အလုပ်ချိတ်ဖို့ မခက်ပါဘူး။

(၅) ကျူရှင်ပြတာ

Photo: Pexels

ကျောင်းမှာ စာတော်တဲ့သူတွေက ငွေရှာလို့ ပိုလွယ်ပါတယ်။ အချင်းချင်း လစဉ်ကြေးနဲ့ Tution ပြလို့ရသလို ကိုယ့်ထက် အတန်းငယ်တဲ့ ကလေးတွေကို ကျောင်းစာ ပြန်သင်ပေးတာ ၊ ပညာရပ်ဆိုင်ရာ (ဥပမာ- Programming ၊ AutoCAD စသည်) တို့ကို သင်ပြီး ငွေရှာလို့ရပါတယ်။