လူတိုင်းလူတိုင်းမှာ ကြိုက်နှစ်သက်တဲ့ဝါသနာလေးတွေတစ်ခုစီတော့ ရှိတက်ကြပါတယ်။ တချို့ဝါသနာလေးတွေက သင့်ဘဝအတွက်အပြုသဘောဆောင်တဲ့ကောင်းကျိုးတွေပေးပြီး ဘဝခရီးတစ်လျောက်မှာလည်း မိတ်ဆွေကောင်းတစ်ယောက်လို ပါလာတက်ပါတယ်။ ဒီနေ့တော့ အမျိုးသားတွေအနေနဲ့ လေ့လာထားရင်အမှားမရှိနိုင်တဲ့ ပေါ့ပေါ့ပါးပါး ဝါသနာကောင်းတွေကို ပြောပြပေးလိုက်ပါတယ်။

ဓာတ်ပုံရိုက်ခြင်း

Source : Medium

ဓာတ်ပုံပညာဟာ စိတ်ဝင်စားဖို့ကောင်းပြီး လေ့လာစရာအလွန်ကျယ်ပြန့်တဲ့ ပညာရပ်တခုပါ။ အခုလိုနည်းပညာခေတ်မှာ စမတ်ဖုန်းတွေနဲ့ DLSR ပညာရပ်တွေတိုးတက်လာတာနဲ့အမျှ လူတွေက ဓာတ်ပုံကိုစိတ်ဝင်စားလာကြပါတယ်။ အရင်ကလိုမဟုတ်ဘဲ လက်ထဲမှာစမတ်ဖုန်းတလုံးရှိတာနဲ့ ဒီပညာကိုလေ့လာလို့ရတာဖြစ်ပြီး သင်ယူရတာရော ကိုယ်တိုင်ရိုက်တဲ့အခါရော နှစ်မျိုးလုံးပျော်ဖို့ကောင်းပါတယ်။

ချက်ပြုတ်ခြင်း

Source : Gene Smart

အချက်အပြုတ်ဝါသနာက အမျိုးသမီးတွေနဲ့ပဲ သက်ဆိုင်တယ်လို့ထင်ရင်သင်မှားသွားပါလိမ့်မယ်။ အမျိုးသားတွေအနေနဲ့လည်း အချက်အပြုတ်နဲ့ပတ်သတ်ပြီး လေ့လာထားမယ်ဆိုရင် မမှားနိုင်ပါဘူး။ အမျိုးသားတွေအနေနဲ့ တိုးတက်ပြောင်းလဲလာတဲ့ယနေ့ခေတ်မှာ ချက်ပြုတ်ခြင်းက ဝါသနာတစ်ခုသာမက အသက်မွေးဝမ်းကြောင်းအနေနဲ့ပါရွေးချယ်လုပ်ကိုင်လာကြပြီဖြစ်ပါတယ်။

ဂစ်တာတီးခြင်း

Source : Unsplash

ဂစ်တာက လူတော်တော်များများသင်ချင်ကြတဲ့ လူကြိုက်များတူရိယာပစ္စည်းတခုပါ။ သူငယ်ချင်းတွေတွေ့ရင် ဖြစ်ဖြစ် မိသားစုတွေ့ဆုံပွဲတွေမှာဖြစ်ဖြစ် ပျော်ပျော်ရွှင်ရွှင်ဂီတာတီးတတ်ကြပါတယ် ဂစ်တာအမျိုးအစားတွေ အများကြီးထဲက သင်နှစ်သက်တဲ့ဂစ်တာကို ရွေးချယ်လို့ရပါတယ်။ ဒါ့အပြင် ဂစ်တာတီးတာကနေ တခြားတူရိ ယာပစ္စည်းတွေတီးတတ်ဖို့ ကြိုးစားချင်စိတ်ပါရလာနိုင်တယ်လေ။

စာရေးခြင်း

Source : Ladders

စာရေးတယ်ဆိုတာ ဟိုအရင်ရှေးကတည်းက လူတွေသင်ယူရတဲ့ အတတ်ပညာတခုပါ။ လူတစ်ယောက်နဲ့တစ်ယောက် အချင်းချင်း အတွေး အခေါ်တွေဖလှယ်တာ၊ မျှဝေတဲ့အခါ ဆက်သွယ်ဖို့အရေးကြီးနည်းလမ်းတစ်ခုလဲ ဖြစ်ပါတယ်။ ဒါ့အပြင် စာထဲကနေ ကိုယ်ပြောချင်တဲ့စကားတွေ ကိုယ့်ရင်ထဲကအကြောင်းအရာတွေကို ဖော်ပြလို့ ရတဲ့အကောင်းဆုံးနည်းလမ်းတစ်ခုပါ။ စာအုပ်တွေ၊ ကဗျာတွေ၊ ဘလော့ဂ်ဆောင်းပါးတွေရေးပြီး ကိုယ်ပြောချင်တဲ့ အကြောင်းအရာတွေကို တခြားသူတွေကိုမျှဝေလို့ရပါတယ်။ အခုခေတ်မှာဆို စာရေးကောင်းတဲ့သူတွေအတွက် ဝင်ငွေလမ်းကြောင်းတွေလဲ အများကြီးရှိနေပြီဖြစ်ပါတယ်။