အလုပ်လျှောက်တဲ့ Resume မှာ ထည့်လေ့ရှိတဲ့ ဝါသနာတွေက သင့်အလုပ်အကိုင်ရရှိရေးကို ပိုပြီးအခွင့်အလမ်းများစေတယ်ဆိုတာ သိပါသလား။ Resume အတော်များများဟာ ဝါသနာဆိုတဲ့နေရာကို ချန်ထားတတ်ခဲ့ပါတယ်။ တကယ်တော့ အလုပ်လျှောက်လွှာမှာ အခုပြောမယ့် ဝါသနာလေးတွေ ထည့်လိုက်တာက ကိုယ့်အတွက် အများကြီးအကျိုးများစေမှာပါ။
(၁) အားကစား

Photo: Freepik
အဖွဲ့လိုက်အားကစားတွေ ဝါသနာပါတဲ့သူတွေဟာ ခေါင်းဆောင်မှုစွမ်းရည်နဲ့ အဖွဲ့အစည်းအတွင်း ဆက်ဆံရေးမှာ အဆင်ပြေတတ်ပါတယ်။ အားကစားစိတ်ရှိတဲ့သူတစ်ယောက်အဖြစ် သင့်ကို အင်တာဗျူးမယ့်သူက လက်ခံယူဆခြင်းအားဖြင့် အိုကေဖို့ အခွင့်အလမ်းများသွားပါပြီ။
(၂) ဓါတ်ပုံ/ဗွီဒီယိုရိုက်ကူးခြင်း

Photo: Freepik
Resume မှာ ထည့်မယ့် ဝါသနာတွေထဲမှာ ဓါတ်ပုံနဲ့ ဗွီဒီယို ရိုက်ကူးတာကို နှစ်သက်ခြင်းဆိုတာလေး ပါသင့်ပါတယ်။ ဒီဝါသနာဟာ အသက်မွေးအတတ်ပညာအနေနဲ့လည်း အသုံးချလို့ရတဲ့ ဝါသနာမျိုးပါ။
(၃) ဘလော့ဂ်ရေးခြင်း

Photo: Freepik
စာရေးသားခြင်းဝါသနာပါကြောင်း ပြခြင်းအားဖြင့် ကိုယ်ဟာဖန်တီးမှုအားရှိသူ ၊ တိကျသေချာသူဖြစ်ကြောင်းလည်း ဖော်ပြရာရောက်ပါတယ်။ ကိုယ့်ဘလော့ဂ်က Follower တွေ အများကြီးရှိပြီး အောင်မြင်မှုရနေရင် ဒီဘလော့ဂ်လိပ်စာကိုပါ Resume မှာ ထည့်ပေးသင့်ပါတယ်။
တစ်နည်းအားဖြင့် ကိုယ့်မှာ လက်ရှိလျှောက်ထားတဲ့ အလုပ်အကိုင်နယ်ပယ်မှာအပြင် ဝါသနာပါတဲ့ဘလော့ဂ်နယ်ပယ်မှာပါ နာမည်ရထားတဲ့သူမှန်း ကိုယ့်ကို အင်တာဗျူးတဲ့သူ သိခြင်းဟာ ကိုယ့်အတွက် အခွင့်အလမ်းသစ်တွေ ပိုရလာစေနိုင်ပါတယ်။
(၄) ဘာသာစကားသစ် သင်ကြားခြင်း

Photo: Freepik
နိုင်ငံခြား ဘာသာစကား သင်ရတာကို ဝါသနာပါတဲ့သူတွေဟာ အလုပ်ခွင်မှာလည်း ရာထူးနဲ့ လစာပိုတိုးဖို့ အခွင့်အလမ်းကောင်းပါတယ်။ ဘာသာစကားတွေ သင်ခြင်းဟာ အသိအမြင်ပိုထက်သန်စေနိုင်တဲ့ အကျိုးလည်း ပေးပါတယ်။ တကယ်တော့ နိုင်ငံခြားဘာသာစကားတွေ သင်ယူခြင်းရဲ့ အကျိုးကျေးဇူးဆိုတာ အလုပ်ရဖို့ဆိုတာထက်ပိုမို ကြီးမားတဲ့ အကျိုးပေးစမြဲပါပဲ။
