ဗိုက်နာဗိုက်အောင့်ခြင်းက အဖြစ်များတဲ့ ဝေဒနာတစ်ခုပါ။ ဗိုက်နာဗိုက်အောင့်ရခြင်းရဲ့ အကြောင်းအရင်းတွေ အများကြီး ၏ရှိပါတယ်။ တစ်ချို့ဗိုက်နာတဲ့ ဝေဒနာတွေက အရမ်းကြီးစိုးရိမ်စရာမရှိဘဲ လျင်လျင်မြန်မြန်ပျောက်သွားတက်ပါတယ်။ ဒီနေ့ဆောင်းပါးမှာတော့ ဗိုက်နာဗိုက်အောင့်ဖြစ်လာပြီဆိုရင် သဘာဝအတိုင်း ပျောက်အောင်ပြုလုပ်နည်းတွေအကြောင်းကို ပြောပြပေးသွားမှာပါ။

ချင်း

Source: Nutrition Force

ချင်းကို ဟိုးရှေးယခင်ကတည်းက ဆေးအဖြစ်အသုံးပြုလာခဲ့ကြတာပါ။ လေ့လာမှုတွေအရ ချင်းဟာ ဗိုက်နာဗိုက်အောင့် ဝေဒနာအတွက် အလွန်အသုံးဝင်တယ်လို့ ဆိုထားပါတယ်။ လက်ဆက်တဲ့ ချင်းကို ပါးပါးလေးလှီးပြီး ရေနွေးဖြင့် ဖျော်သောက်ပေးခြင်းဖြင့် ဗိုက်နာဝေဒနာ သက်သာစေပါတယ်။

ဒိန်ချဉ်

Source: Serious Eat

ဗိုက်အောင့်နေတဲ့အချိန်မှာ အစာခြေစနစ်ကို သက်တောင့်သက်သာဖြစ်စေပြီး ကိုယ်ခံအားစနစ်ကိုပါ ကောင်းစေမယ့် အကျိုးပြုဘက်တီးရီးယားလေးတွေ ဒိန်ချဉ်ထဲမှာပါပါတယ်။ ဒါပေမယ့် အဆီများတဲ့ဒိန်ချဉ်တွေ၊ အရသာတွေထပ်ပေါင်းဖြည့်စွက်ထားတဲ့ဒိန်ချဉ်တွေ မဟုတ်ရင်တော့ပိုကောင်းပါလိမ့်မယ်။

ငှက်ပျောသီး

Source: eMediHealth

ငှက်ပျောသီးမှာ ဗီတာမင် ဘီ ၆ နဲ့ ဖော်လိတ်ဓာတ်တွေပါဝင်တာကြောင့် နာကျင် ချောင်းဆိုး တဲ့ဝေဒနာတွေကို သက်သာပျောက်ကင်းစေပါတယ်။

သံပုရာရေနွေးကြမ်း

Source: Archana’s Kitchen

ရေနွေးထည့်ထားတဲ့ မက်ခွက်ထဲကို သံပုရာသီးတခြမ်းညှစ်ထည့်ပါ (သကြားနည်းနည်းလည်းထည့်ပါ)။ ဒါဆိုရင် ဗိုက်အောင့်ခြင်းကို သက်သာပျောက်ကင်းစေမယ့် အကောင်းဆုံးသောဖျော်ရည်တစ်ခွက်ကိုရရှိပါပြီ။ သတိထားရမယ့်အချက်က သံပုရာသီး ဒါမှမဟုတ် သကြားအလွန်အကျွံမထည့်မိဖို့ပါပဲ။

ပူစီနံ

Source: Medical News Today

ပူစီနံမှာ menthol ဓာတ်ပါဝင်ပြီး အဆိုပါ menthol ဟာ ခံတွင်းအနံ့ကောင်းစေရုံသာမက သဘာဝအကိုက်အခဲပျောက်ဆေးတမျိုးလည်း ဖြစ်လို့ ပူစီနံကို ပျို့အန်ခြင်းနဲ့ဗိုက်အောင့်ခြင်းတို့အတွက် အသုံးပြုလေ့ရှိကြပါတယ်။ ချင်းလိုပဲ ပူစီနံကိုလည်း အရွက်ခပ်ထားတဲ့ရေနွေးကြမ်းပူပူလေး လုပ်သောက်လို့ရသလို ထမင်းစားရင် အတို့အမြှုပ်အဖြစ်နဲ့ စားလို့ရပါသေးတယ်။