ယောင်္ကျားလေးဆိုပေမယ့် ကိုယ့်အားကိုယ်ကိုးရတဲ့ အနေအထားမျိုးမှာ ဒေါင်ကျပြားကျ ဘယ်လိုမျိုးမဆို နေတတ်တဲ့သူ ဖြစ်ဖို့ လေ့ကျင့်ထားသင့်ပါတယ်။ဒီထဲမှာ အသေးအဖွဲဆိုပေမယ့် သိထားတတ်ထားသင့်တဲ့ အိမ်တွင်းမှူ တစ်ချို့ လည်းပါပါတယ်။
(၁) ထမင်း ဟင်းချက်တတ်ပါစေ
Source: Unspalsh
စားဖိုမှူးကြီး တစ်ယောက်လို အိမ်ကအမေလို အမျိုးစုံအစပ်အဟပ် တည့်အောင် ချက်တတ်ဖို့ ပြောနေတာမဟုတ်ပါဘူး။ အရေးရယ် အကြောင်းရယ် ဖြစ်လာတဲ့အချိန်မှာ အနည်းဆုံးတော့ မငတ်အောင်ထမင်းအိုးလေးတည် ကြက်ဥလေး ကြော်တတ်ဖို့လောက်တော့ တတ်ထားမှ ဖြစ်မှာပါ။ ဟင်းတွေရှယ်ချက်တတ်ရင်တော့ ကောင်မလေးတွေအသည်းစွဲ ဖြစ်မှာပေါ့။ ဒါမယ့်လည်း ရပါတယ်။ ကြက်ဥကြော်၊ ခေါက်ဆွဲတော့ ပြုတ်တတ်ပါစေပေါ့။
(၂) အဝတ်လျှော် မီးပူတိုက်ပါ
Source: Pixabay
အဝတ်များ ဘာလို့ လျှော်နေမှာလဲ။ ဒိုဘီ ဌါးမှာပေါ့ ဆိုပေမယ့် တခါတလေ အရေးပေါ်လာတဲ့လို့ အချိန်မရတော့ဘူး ဆိုရင်ကိုယ်တိုင်လျှော်တတ်နေမှ ဖြစ်မှာပါ။ အဝတ်လျှော်တတ်ရုံနဲ့တင်မကဘဲ မီးပူလည်း တိုက်တတ်ပါစေ။ အဝတ်ကတော့ သန့်ပြန့်နေတာပဲ။ မီးပူ မတိုက်ထားတော့ ကြေမွနေတာနဲ့ ဝတ်ပြီး သွားမယ်ဆိုရင်လည်း မဟုတ်သေးပါဘူး။ ခေါက်ရိုးကို ပြန့်နေအောင် တိုက်ထားတဲ့ဝတ်စုံလေးနဲ့မှ စမတ်ကျလှပနေမှာပဲဖြစ်ပါတယ်။
(၃) အပ်ချုပ်တတ်ပါစေ
အပ်ချုပ်တယ်ဆိုတာ မိန်းမတွေအလုပ်ပါ ဆိုပြီး မပစ်ထားပါနဲ့။ အပ်ချုပ်တတ်ဖို့ ဆိုတာ ကိုယ့်အကျီ င်္ ကြယ်သီး ပြုတ်သွားတာမျိုး ချုပ်ရိုးပြေတာမျိုးအတွက် သိပ်ကို အသုံးဝင်တာမို့လို့ပါ။ ကြယ်သီးတပ်တာလောက်၊ အပေါက်လေးတွေကို ဖာတာလောက်ဆိုတဲ့ အခြေခံလေးတော့တတ်ထားဖို့တော့ အရေးကြီးပါတယ်။
(၄) မီးပြင်တတ်ပါစေ
Source: Pixabay
သိပ်အများကြီး မဟုတ်တောင် လျှပ်စစ်အကြောင်း ရေမော်တာအကြောင်းလောက်တော့ ဟိုစပ်စပ် ဒီစပ်စပ်သိထားဖို့ လိုပါတယ်။ ဒါမှသာ အရေးအကြောင်းဆို အားကိုးလို့ ရတဲ့ ယောင်္ကျားတစ်ယောက် ဖြစ်လာမှာပါ။
(၅) ကားပြင်တတ်ခြင်း
Source: Pexels
မက္ကနစ်တစ်ယောက်လို ကျွမ်းစရာမလိုပေမယ့် ဆီပျောက်မီးပျောက်ဗဟုသုတရှိမယ် ကလိတတ်မယ်ဆိုရင် ဟန်ကျပါတယ်။ ကားတစ်စီးကို မောင်းတတ်ရုံတင်မဟုတ်ဘဲ ကားကျန်းမာရေးပါ တော်ရုံသင့်ရုံလောက် သိမယ်ဆိုရင် ကားစီးရင်းလည်း စိတ်ပူစရာရှိမှာ မဟုတ်တော့ပါဘူး။
ဒီအချက်တွေက အသုံးမလိုခင် ပြောရင်တော့ ဘာမှမဟုတ်တဲ့အချက်တွေ ဆိုပေမယ့် တကယ်တန်း အသုံးလိုလာတဲ့အချိန်မှာတော့ တတ်ကိုတတ်ထားဖို့ လိုအပ်တဲ့ အရေးကြီးတဲ့အခြေခံ အချက်တွေပဲ ဖြစ်တာမို့ ကွီးတို့ အနေနဲ့ သိထာတတ်ထားဖို့ ပြင်ဆင်နိုင်အောင်လို့ ကြိုတင် ပြောပြလိုက်ရပါတယ်။