နေလောင်ဒဏ်ကြောင့် အသားအရေပျက်စီးသွားလို့ စိတ်ညစ်နေရတဲ့ ကွီးတို့အတွက် နည်းလမ်းကောင်းများ ဝေမျှပေးချင်ပါတယ်။ အိမ်တွင်းနည်းလမ်းတွေဖြစ်တဲ့အတွက်ကြောင့် ဘေးထွက်ဆိုးကျိုးများကို စိတ်ပူစရာမလိုပါဘူး။

ဘယ်လိုသဘာဝနည်းလမ်းကောင်းတွေက ကွီးတို့ရဲ့ ပျက်စီးနေတဲ့အသားအရေကို ပြန်လည်ကုသပေးမလဲဆိုတော့ …

အာလူးအနှစ်

Home Remedies for Men who Suffer from Sunburn

အာလူးများကို ခပ်ပါးပါးလှီးပါ။ ထို့နောက် ကြိတ်စက်ထဲထည့်ကာ အာလူးအနှစ်များ ထွက်လာသည်အထိ ကြိတ်ပေးလိုက်ပါ။ ပြီးရင်တော့ နေလောင်ထားသောအသားအရေပေါ်တွင် အုံထားပေးလိုက်ရုံပါပဲ။

၁၅ မိနစ်၊ မိနစ် ၂၀ ခန့် အုပ်ထားပေးပြီးတဲ့နောက်မှာတော့ အာလူးအနှစ်များကို ဖယ်လိုက်လို့ရပါပြီ။

မုန့်ဖုတ်ဆိုဒါ

Home Remedies for Men who Suffer from Sunburn

မုန့်ဖုတ်ဆိုဒါအနည်းငယ်ကို ဖန်ခွက်ထဲထည့်ကာ ရေအနည်းငယ်ဖြင့် ရောမွှေလိုက်ပါ။ ထို့နောက် ဝါဂွမ်းစအနည်းငယ်ကို မုန့်ဖုတ်ဆိုဒါဖျော်ရည်ထဲ ထည့်နှစ်လိုက်ပါ။ ထို့နောက် နေလောင်ဒဏ်ကြောင့် နီမြန်းရောင်ရမ်းနေသော အသားအရေပေါ် ခပ်ဖွဖွလေး ပုတ်ပေးလိုက်ပါ။

မုန့်ဖုတ်ဆိုဒါဖျော်ရည်သည် ရောင်ရမ်းခြင်းနှင့် ယားယံခြင်းတို့ကို သက်သာပျောက်ကင်းစေပါတယ်။

ရှားစောင်းလက်ပတ်

Home Remedies for Men who Suffer from Sunburn

ရှားစောင်းလက်ပတ်သည် သဘာဝဆေးဖွက်ဝင်ပစ္စည်းတစ်မျိုးဖြစ်ပါတယ်။ သူသည် နေလောင်ဒဏ်ကို သက်သာစေပြီး အသားအရေကို အစိုဓာတ်ဖြည့်တင်းပေးပါတယ်။

ပြုလုပ်နည်းကလည်း ရိုးရိုးရှင်းရှင်းလေးပါပဲ။ ရှားစောင်းလက်ပတ်ဂျယ်လ်များကို နေလောင်ဒဏ်ခံရသော အသားအရေပေါ် သုတ်လိမ်းပေးရမှာဖြစ်ပါတယ်။

ဒိန်ချဉ်

Home Remedies for Men who Suffer from Sunburn

အနံ့အရသာ မရောနှောထားသော ဒိန်ချဉ်ကို နေလောင်အသားအရေပေါ် ၁၅ မိနစ်ခန့် သုတ်လိမ်းပေးလိုက်ပါ။ သတ်မှတ်ချိန်ပြည့်ပါက ကြက်သီးနွေး ရေနွေးဖြင့် ဆေးကြောသန့်စင်ပေးလိုက်ပါ။ ပရိုဘိုင်အိုတစ်နှင့် အင်ဇိုင်းများ ကြွယ်ဝစွာပါဝင်တဲ့ ဒိန်ချဉ်သည် အသားအရေကို ပြန်လည်ကုသပေးနိုင်ပါတယ်။

ဆပ်ပြာ မသုံးပါနဲ့

Home Remedies for Men who Suffer from Sunburn

ဆပ်ပြာသည် နေလောင်ဒဏ်ကြောင့် နီမြန်းယားယံနေတဲ့အသားအရေကို ပိုမိုယားယံစေပါတယ်။ ဒါ့ကြောင့် ဖြစ်နိုင်မယ်ဆိုရင်တော့ ဆပ်ပြာမသုံးတာအကောင်းဆုံးပါပဲ။ ကွီးတို့အနေနဲ့ သုံးချင်သပဆိုရင်တော့ ဆပ်ပြာအပျော့စားတွေကိုသာ အသုံးပြုသင့်ပါတယ်။

ဒါ့အပြင် ရေချိုးတဲ့အခါ ရေအေးအေးလေးဖြင့် ရေချိုးခြင်းသည် နေလောင်ဒဏ်ကို အမြန်ဆုံးသက်သာပျောက်ကင်းစေပါတယ်။ ရေချိုးပြီးသွားတဲ့အခါ အနံ့မပါတဲ့ အစိုဓာတ်ထိန်းခရင်မ်လေး လိမ်းပေးဖို့လည်း မမေ့ပါနဲ့။

Source: Facty.com

Featured Image: Beardoholic